Thursday, March 25, 2010

NLD က စစ်အစိုးရအပေါ် အမှုဖွင့်ချက် တရားရုံးဝန်ထမ်းများ လက်မခံ

2010-03-23 RFA

တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရကို ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရှေ့နေတွေက ဗဟိုတရားရုံးချုပ်ကို မတ်လ ၂၃ ရက် ဒီကနေ့မနက် သွားရောက် အမှုဖွင့်ခဲ့ရာမှာ တရားရုံးဝန်ထမ်းတွေက အမှုကို လက်မခံခဲ့ကြကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ခုလို ပြောကြားပါတယ်။


'ကျွန်တော်တို့ တင်တဲ့ လျှောက်လွှာကို လက်မခံဘူး။ လက်မခံတာက ဘယ်သူလဲလို့ ဆိုတော့ staff တွေဗျ။ အဲတော့ တကယ်တမ်းအားဖြင့် တရားရုံးမှာ staff တွေမှာ ဘာအာဏာမှ မရှိဘူး။ တရားသူကြီးမှာသာ ရှိတယ်။'

ဒါပေမဲ့ ဒီကိစ္စကို တရားဥပဒေ နည်းလမ်းအရ ဆက်လက် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တယ်လို့ ဒီကနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့က အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ CEC ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးက စစ်အစိုးရကို တရားစွဲဆိုဖို့ ကန့်ကွက်မဲမရှိနဲ့ ဆုံးဖြတ်ခဲ့ကြပြီး ကြေညာချက်အမှတ် ၂/ ဝ၃/ ၁ဝ အဖြစ်နဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

No comments:

Post a Comment