Wednesday, March 24, 2010

ယနေ့ မန္တလေးတိုင်း အဖွဲ့ချုပ်ရုံးဖွင့်၊ မနက်ဖြန် ဥပဒေရှင်းပွဲ ပြုလုပ်မည်

ခင်နှင်းထက် ၁၁ မတ် ၂ဝ၁ဝ – DVB

ချိတ်ပိတ်ထားတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးကိုလည်း ဒီနေ့ မနက် ပိုင်းကပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက် ဖွင့်ပေးသွားတယ်လို့ လွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်က ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီပဲ ကျနော်တို့ မန္တလေးတိုင်းရုံးကို ခရိုင်ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က လာပြီး ဖွင့်ပေးတယ်။ ကျနော်တို့ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းတန် နဲ့ တွဲဘက်အတွင်းရေးမှူး ဖြစ်တဲ့ ဦးမောင်မောင်သန်း၊ ကျနော်၊ ဦးမျိုးနိုင်၊ ဦးတင် အောင်တို့က သော့ကို လက်ခံရယူပါတယ်၊ လောလောဆယ်တော့ တိုင်းရုံးဖွင့်ခွင့် ရတယ် ဆိုပေမယ့် ကျနော်တို့ တိုင်းရုံးရဲ့ အခြေအနေကတော့ တိုင်းရုံး ပိုင်ရှင်က တော့ ကျနော်တို့ကို ဆက်ငှားတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ လွန်ခဲ့တဲ့ လေးငါး ရှစ်လ လောက်ကထဲက တိုင်းရုံးကို ပြန်အပ်ပေးထားတာ ဖြစ်ပါတယ်။ ဝယ်မယ် ဆိုရင်တော့ ဝယ်မှ ဖွင့်ခွင့် ပေးတော့မယ်။ အဲတော့ ကျနော်တို့ တိုင်းရုံးနေရာ ရှာ ရမယ်၊ လောလောဆယ် ဖွင့်ပေးထားတဲ့အတွင်းထဲက ကျနော်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်း တွေကို ရွှေ့ဖို့ပြုဖို့ သန့်ရှင်းရေးတွေကို ဆောင်ရွက် နေပါတယ်။”


အလားတူ မန္တလေးမြို့ပေါ်ရှိ ၄ မြို့နယ် အပါအဝင် တံတားဦး၊ မတ္တရာ၊ မိထ္ထီ လာ၊ ရမည်းသင်း စတဲ့ အဖွဲ့ချုပ်ရုံးတွေလည်း ဖွင့်ခွင့် ရရှိကြပါတယ်။ ရုံးတွေဖွင့်ခွင့် ရတဲ့ကိစ္စနဲ့ ရွေးကောက်ပွဲ ဥပဒေအကြောင်း ရှင်းပြဖို့အတွက် မနက်ဖြန် မြို့နယ် အ ဖွဲ့ချုပ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်ထားတယ်လို့ ဦးတင်အောင်အောင် က ပြော ပြပါတယ်။

“ကျနော်တို့ ချိတ် အဖွင့်အပိတ် ကိစ္စနဲ့ ကျနော်တို့ ကော်မရှင် ဥပဒေတွေ ရွေးကောက်ပွဲ ဥပဒေ၊ ကျနော်တို့ ပါတီဖွဲ့စည်းခွင့် ဥပဒေမှာ ဒီ ထွက်နေတဲ့ အချိန် ကာလမှာ တချို့က မေးချင် မြန်းချင်တဲ့ ပုဂ္ဂိုလ်များကို တိုင်းစည်းရုံးရေး အဖွဲ့ကနေပြီး သက်ဆိုင်ရာ ဥပဒေပြု အထောက်အကူပြု အဖွဲ့ဖြစ်တဲ့ ဦးမြင့်သွင်တို့ ဦးမျိုးဆွေတို့ သူတို့နဲ့ ကျနော်တို့ လိုအပ်တဲ့ဟာတွေကို ရှင်းလင်းမေးမြန်းပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဥပဒေအကြောင်း ရှင်းပြပွဲကို ယာယီတိုင်းအဖွဲ့ချုပ်ရုံးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သန်းရဲ့ နေအိမ်မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လည်း ဦးတင်အောင်အောင်က ပြောပါတယ်။

တနင်္သာရီတိုင်း အတွင်းက အဖွဲ့ချုပ်ရုံးတွေ အခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်မြို့နယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘစိန်က ခုလို ပြောပါတယ်။ “ဒီနေ့ မြို့နယ်ကော်မရှင်ကနေ ပြန်ခေါ်ပြီးတော့ သူတို့ မြို့နယ်ရုံး ဖွင့်လိုက် တဲ့အကြောင်း၊ နောက်ပြီး တချိန်တုန်းက သူတို့ ချိတ်ပိတ်ပြီးတော့ ဆိုင်းဘုတ်တွေ သိမ်းထားတာ ရှိတယ်။ ဆိုင်းဘုတ် လည်း တရားဝင် ပြန်ပေးပါတယ်၊ ကျနော်တို့ မြို့နယ်မှာ မြို့နယ်ကော်မရှင်ကနေပြီး လာပြီးတော့ ဆိုင်းဘုတ်လာတင်ပေးတယ်၊ အဲဒီလိုသတင်းရတယ်၊ ရေး၊ လောင်းလုံး၊ မြိတ် မြို့နယ်မှာလည်း ပြန်ဖွင့်ခွင့် ရတယ်၊ နောက်ပြီး ကော့သောင်းမှာလည်း ပြန်ဖွင့်ခွင့်ရတယ်လို့ သတင်းရတယ်။”

တနင်္သာရီတိုင်းအတွင်းက အဖွဲ့ချုပ်ရုံးတွေ အခြေအနေကို ထားဝယ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘစိန် ပြောပြခဲ့တာပါ။

အခုလောလောဆယ် ရုံးဖွင့်ခွင့်ရပြီဖြစ်တဲ့ အတွက် စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆိုပြီး အဖွဲ့ချုပ်ဗဟိုရဲ့ ည¸န်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဦးဘစိန်က ပြောကြား သွားပါတယ်။

No comments:

Post a Comment