Thursday, March 25, 2010

ရွေးကောက်ပွဲသစ်ကို ဝင်ရေးမဝင်ရေး ဤသို့တုံ့ပြန်ကြ၏


နော်နိုရင်း ၂၃ မတ်လ ၂ဝ၁ဝ – DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖ စစ်အစိုးရရဲ့ ရွေး ကောက်ပွဲ သစ်ကိုဝင်ရေးမဝင်ရေး အပြီးအပြတ် ဆုံးဖြတ်ခါနီးနေချိန်မှာ ပြည်နယ်နဲ့ တိုင်း မြို့နယ်တွေထဲက ရုံးခွဲတွေရဲ့ တုံ့ပြန်ချက်တချို့ကို စုစည်းတင်ပြထားပါတယ်။

မန္တလေးတိုင်း မိတ္ထီလာòမိ့နယ်အဖွဲ့ချုပ်ရဲ့ သဘောထားကို တင်ပြလိုပါတယ်။ မိထ္တိလာမိ့နယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲကို ကန့်ကွက် ကြောင်း ဒီကနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတယ်လို့ မိ့နယ်ဥက္ကဋ္ဌ ဒေါက် တာ ဦးသိန်းလွင်က ပြောပါတယ်။

 “မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်းဖွင့်တာနဲ့ ဆိုင်း ဘုတ်တင်တာကိုတော့ အခု လက်ရှိအခြေအနေမှာ မလုပ်သေးဘူးခင်ဗျ၊ အဲဒါကို ဗဟိုဦးစီးအဖွဲ့အနေနဲ့ တွေ့ဆုံပွဲ ၂၉ ရက်နေ့မှာလုပ်မယ်။ အဲဒါပြီးမှပဲ ဆိုင်းဘုတ်တင် တာနဲ့ ရုံးခန်းဖွင့်ဖို့ ကိစ္စကို အဲဒီကိစ္စတွေ ပြီးမှပဲ ဆောင်ရွက်မယ်ဆိုပြီ ဆုံးဖြတ်လိုက် ကြပါတယ်။

နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆန္ဒမပါဘဲနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ပြီးတော့ ပါတီ မှတ်ပုံတင်ခဲ့ရင် မိတ္ထိလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်မခံကြောင်း ဆိုပြီးတော့ ဆုံးဖြတ်ပါ တယ်။ နောက်ပြီးတော့ ရွှေဂုံတိုင်ကြေညာစာတမ်းအတိုင်း ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်ပေးဖို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို တိုက်တွန်းကြောင်း အဲဒီ ဆုံးဖြတ် ချက်သုံးခုကို ချပါတယ်။”

မန္တလေးတိုင်း ကျောက်ပန်းတောက်òမိ့ အဖွဲ့ချုပ်ဝင်တွေကလည်း ပါတီရွေး ကောက်ပွဲ မဝင်ဖို့ကိုသာ ဦးတည်မှာဖြစ်ပြီး ပါတီရွေးကောက်ပွဲဝင်ခဲ့ရင် အဖွဲ့ဝင်က နေ အပြီးထွက်မယ်လို့ မိ့နယ်စည်းအဖွဲ့ဝင် ဦးမြင့်လွင်က ပြောပါတယ်။

 “ကျနော်တို့ ကျောက်ပန်းတောင်မြို့နယ်ရဲ့ သဘောထားကတော့လေ မြို့ နယ်စည်းရဲ့ ဆုံးဖြတ်ချက်လေ၊ ဒီဆုံးဖြတ်ချက်က ကျနော်တို့ မှတ်ပုံမတင်ဘူး၊ လုံးဝ မဝင်ချင်ဘူး၊ တကယ်လို့ တင်တယ်ဆိုရင်လည်းပဲ ကျနော်တို့က ထွက်မှာ ကျနော် ဒီ အန်အယ်လ်ဒီပါတီမှာ ဆက်လက်ပြီးမနေဘူး၊ အဲဒီတော့ ကျနော်တို့ သိချင်တဲ့အ တိုင်း ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ သူတို့ဘာပြောမလဲ၊ သူတို့အသံကို နားထောင်နေတယ်၊ သူတို့က တကယ်လို့ ရှုံး တယ်၊ မှတ်ပုံတင်မယ့်ဘက်က နိုင်တယ်ဆိုရင် ကျနော်တို့က အဲဒီနေ့ကစပြီး အထွက်ပဲ။”

အလားတူ တောင်သာòမိ့နယ် အဖွဲ့ချုပ်ဝင်တွေကလည်း မတရားတဲ့ ရွေး ကောက်ပွဲကို ဝင်စရာမလိုကြောင်းနဲ့ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်ဖို့ ပြောဆိုသွားပါတယ်။

 ဒါ့အပြင် ပဲခူးမိ့နယ်အဖွဲ့ချုပ်အပါအဝင် ပဲခူးòမိ့နယ်အရှေ့ခြမ်းမှာ အဖွဲ့ချုပ် ဝင်တွေကလည်း ပါတီမှတ်ပုံတင်ခြင်းကို ကန့်ကွက်ကြောင်း လက်မှတ်စုဆောင်းပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပို့တော့မယ်လို့ ပဲခူးမိ့နယ်အဖွဲ့ချုပ်ဝင် ဒေါ်ခင်ညïန့်မူ က ခုလို ပြောပါတယ်။

“() ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်မာစွာ ရပ်တည်သွားမှာဖြစ်လို့၊ ရွှေဂုံ တိုင်ကြေညာချက်ကို တွေဝေယိမ်းယိုင် ပျက်ပြားစေသော မည်သည့် ဆုံးဖြတ်ချက် ကိုမဆို ပြင်းထန်စွာ ရှုံ့ချတယ်။
() နအဖရဲ့ ရွေးကောက်ပွဲဥပဒေများဟာ တဖက် သတ်ဆန်ပြီးတော့ ဒီမိုကရေစီနည်းမကျတဲ့ လုပ်ရပ်များဖြစ်တဲ့အတွက်ကြောင့်မို့လို့ အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ရှိရင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ တယ်။ () အန်အယ်လ်ဒီ ဆိုင်းဘုတ်၊ အန်အယ်လ်ဒီ အလံကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည် ဆိုပါက ပြင်းထန်စွာ ကန့်ကွက်ပါတယ်။

အဲဒီ အချက်သုံးချက်ကို ကျမတို့ အားလုံး သဘောတူညီမှုနဲ့ လက်မှတ်ဝိုင်းထိုးနေကြပါ တယ်၊ မကြာခင် ကျမတို့ စာတင်မှာ ဖြစ်ပါတယ်။”

No comments:

Post a Comment