Wednesday, March 24, 2010

လူထုကို မကြောက်ကြရန်၊ ရဲတင်းကြရန် ဦးဝင်းတင် တိုက်တွန်း

အေးနိုင် ၁၂ မတ် ၂ဝ၁ဝ –DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးဝင်းတင်က စစ်အာဏာရှင်တွေဟာ လှည့်စားဖျားယောင်းပြီး ဖိနှိပ်ချုပ်ခြယ်မှု တွေကို တိုးမြ‡င့်လုပ်တော့မယ်လို့ လူထုကြီး တရပ်လုံးကို သတိပေးလိုက်ပြီး ဒီအ ကျပ်အတည်းက လွတ်မြောက်အောင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ တုံ့ ပြန်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

 ဒီတိုက်တွန်းချက်တွေကို သူ့ရဲ့ နှစ် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ် ထုတ် ပြန်တဲ့ သဝဏ်လွှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာ ဒီနေ့ ကာလဟာ ဒီမိုကရေစီအင်အားစုတွေ အတွက် အကျပ်တည်းဆုံး ကာလကို ဆိုက် ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ကိုင်စွဲ တိုက်ခိုက်ရ မယ့် လက်နက်တွေကတော့
၁။ မကြောက်တရားလက်နက်၊
၂။ သွေးစည်းညီညွတ်ရေးလက်နက်နဲ့ ၃။ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်းချမှတ်၊ ရှေးရှု ရင်ဆိုင်ချီ တက်ရေး လက်နက်တွေပဲ ဖြစ်တယ်လို့ ဦးဝင်းတင်က သူ့သဝဏ်လွှာမှာ ရေးသား ထားပါတယ်။ ဒီလက်နက်သုံးမျိုးအကြောင်းနဲ့ ပတ်သက်လို့ ဦးဝင်းတင်က အခုလို ရှင်းပြ ပါတယ်။

 “လက်နက်သုံးမျိုးပဲ ရှိတယ်၊ အကြောက်တရားလက်နက်ဆိုတာ ကျနော် ကတော့ ရဲရဲတင်းတင်းကို လုပ်စေချင်တယ်၊ ရဲရဲတင်းတင်းကို တွန်းလှန်စေချင်တယ်၊ ဆန့်ကျင်စေချင်တယ်၊ တိုက်ဖျက်စေချင်တယ်၊ တုံ့ပြန်စေချင်တယ်လို့ ကျနော်က ပြောချင်တယ်၊ အဲတော့ ရဲတင်းပါ၊ ရဲတင်းတဲ့ အဆင့်မှာမှ ကျနော်တို့ မရောက်ဘူး ဆိုရင် မကြောက်တရားကို ကိုင်ပါ၊ မကြောက်ပါနဲ့၊ အဲဒါမှ ထပ်ပြီး နည်းနည်း ကြောက်သေးတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားလို ကြောက် ကြောက်နဲ့ပဲ လုပ်ကြပါ၊ ကျနော်တို့က ဒီသွေးစည်းညီညွတ်ရေးကို လုပ်ကြမယ်။ အဲဒီသွေးစည်းညီညွတ်ရေးကို လုပ်တဲ့အခါမှာ အခြေခံတရား ဖြစ်တဲ့ အသံ ညီခြင်း၊ အလုပ်ညီခြင်း၊ အဖွဲ့ညီခြင်းဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ပိုင်းပြီးတော့ အားထုတ် သွားကြမယ်၊ အဲလို အားထုတ်နိုင်ခြင်း အားဖြင့်သာ ကျနော်တို့လက်ထဲမှာ လက် နက်ကောင်း ရှိလိမ့်မယ်လို့ ပြောချင်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ကျနော်တို့ တခုတည်းသော ပန်းတိုင်အဖြစ် ရောက်ရမယ်။

ကျနော်တို့မှာ ရည်မှန်းချက် ပန်းတိုင်နည်းနည်း တခါတလေကျတော့ များ နေတတ်တယ်၊ ဝေဝါး နေတတ်တယ်ပေါ့၊ အဲဒါကြောင့် ကျနော်တို့က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးကိုတော့ တခုတည်းသော ပန်းတိုင်အဖြစ် မှတ်ထားရမယ်၊ တခု တည်းသော ပန်းတိုင်အဖြစ်သာချမှတ် ထားရမယ်၊ အဲဒီ ပန်းတိုင်ကို ကျနော်တို့က ရှေ›ရှုသွားရမယ်။ အဲဒီပန်းတိုင် တခုတည်းကိုပဲ ဦးတည်ရမယ်၊ အဲဒီပန်းတိုင် တခု တည်းကိုပဲ အရောက် ချီတက်ရမယ်၊ ကျနော် အဲဒါကို တိုက်တွန်းချင်တာပဲ။”

ခုရက်ပိုင်းအတွင်း စစ်အစိုးရထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ အခြေအနေဟာ အမွန်းကျပ်ဆုံး အခြေအနေကို ရောက်နေပြီလို့ ဦးဝင်းတင်က သူ့ရဲ့ အသက် ၈ဝ ပြည့် စကားသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment