Wednesday, March 24, 2010

အဖွဲ့ချုပ်ရုံးများတွင် ပါတီလုပ်ငန်းများ ဆက်လုပ်ရန် ဒေါ်အောင်းဆန်းစုကြည် မှာကြား

ခင်နှငိးထက် ၁၂ မတ် ၂ဝ၁ဝ – DVB
အဖွဲ့ချုပ်ဝင်တွေအနေနဲ့ အဖွဲ့ချုပ်ရုံးတွေပြန်ဖွင့်ပြီး ပါတီလုပ်ငန်း တွေ ဆက်လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ပြန်ကြား ရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကြာသပတေးနေ့က အမှုကိစ္စတိုင်ပင် ဆွေးနွေးဖို့ သွားတွေ့စဉ် မှာကြား လိုက်တာ ဖြစ်ပြီး လောလောဆယ် လုပ်ဆောင်ရမယ့် အဓိကအချက် ၂ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အကြံပြု မှာကြားလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြော ပြပါတယ်။



“ရုံးတွေ ဖွင့်ပြီးရင် ရုံးတွေမှာ နိုင်ငံရေးအလုပ်၊ ပါတီနဲ့ ပတ်သက်တဲ့ အလုပ် တွေ ဆက်လုပ်ပါ၊ လောလောဆယ်အားဖြင့် ဘာလုပ်ရမလဲ မသိသေးဘူးဆိုရင် အချက် ၂ ချက် ပေးလိုက်ပါတယ်။ အဲဒါကို လုပ်ပါတဲ့၊ နံပါတ် ၁ အချက်ကတော့ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်ပြီးတော့ ဟောပြော ဆွေးနွေးမှုတွေ လုပ်ပါ၊ နံပါတ် ၂ ကတော့ ၂ဝဝ၈ အခြေခံဥပဒေကို ဘာကြောင့် လက်မခံနိုင်ဘူး ဆိုတဲ့ဟာ ကို ဆွေးနွေးပါ။ ဒါလုပ်ငန်းအနေနဲ့ အကြံပြုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်ပါတယ်။”

နအဖရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ အကြောင်းက ဒီမိုကရေစီ ဖော်ဆောင်နိုင်ခြင်း မရှိတာကြောင့်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ကြဖို့ ပါရှိတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်လိုက်တဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓြွဟူးနေ့ကပဲ နအဖက အဖွဲ့ချုပ်ရုံးတွေကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါ တယ်။

အခုလို ရုံးတွေ ပြန်ဖွင့်ပေးလိုက်တဲ့အပေါ် အဖွဲ့ချုပ်ပြန်ကြားရေး အဖွဲ့ဝင် ဦး ဉာဏ်ဝင်းက သူ့အမြင်ကို ခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်က အဖွဲ့ချုပ်ရုံးတွေ ပြန်ဖွင့်ခွင့်ပြုတယ်လို့ ကျနော် အဲဒီလို လက်မ ခံဘူး။ ကျနော်တို့ လက်ခံတာက ချိတ်ပိတ်တာကို ချိတ်ပြန်ဖြုတ်ပေးတာပဲ၊ ဖွင့်ခွင့် ဆိုတာက ပါတီတရပ်ရဲ့ လုပ်ပိုင်ခွင့်ပဲ၊ သူရဲ့ ရပိုင်ခွင့်ပဲ၊ ဒါက အန်ကယ်လ် အယူအဆ ကို ပြောတာ၊ အဲဒီတော့ အခုဟာက အစကတည်းကိုက ချိတ်ပိတ်ဖို့ အကြောင်း မရှိဘူး။ ဥပဒေအရလည်း မရှိဘူး။ အကြောင်းအချင်း ကလည်း မရှိဘူး။ အခု ပြန်ပြီး တော့ ဒါတွေကို ဖွင့်ပေးတယ်။ အဲဒီလိုပဲ အန်ကယ်တို့က မြင်တယ်။”

အခုအချိန်အထိ ရထားတဲ့ စာရင်းတွေအရ မြို့နယ်အဖွဲ့ချုပ်ရုံး ၂ဝဝ ကျော် လောက် ပိတ်ထားတဲ့ ချိတ်တွေ ပြန်ဖွင့်ပေးပြီး ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

No comments:

Post a Comment