Thursday, March 25, 2010

ရွေးကောက်ပွဲသစ်ကို ဝင်ရေးမဝင်ရေး အဖွဲ့ချုပ် မြိ့နယ်များ၏ တုံ့ပြန်ချက်

နော်နိုရင်း ၂၂ မတ် ၂ဝ၁ဝ - DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖစစ်အစိုးရရဲ့ ရွေးကောက် ပွဲသစ်ကို ဝင်ရေးမဝင်ရေး အပြီးအပြတ် ဆုံးဖြတ်ခါနီးနေချိန်မှာ ပြည်နယ်နဲ့တိုင်း မြို့နယ်တွေက အဖွဲ့ချုပ် ±ုံးခွဲ တွေရဲ့ တုံ့ပြန်ချက်တချို့ကို စုစည်းတင်ပြပါ့မယ်။ လပွတ္တာမြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးကျူကတော့ ပါတီ တရားဝင်လှုပ်ရှားနိုင်ဖို့ ဆိုင်းဘုတ်မပျောက်စေချင်ဘူးလို့ ပြောပါတယ်။


“အဖွဲ့ချုပ်တည်ရှိရေး၊ တည်မှပဲ နိုင်ငံရေးက ဆက်လို့ကောင်းမယ်၊ ဥပဒေဘောင်ထဲက လုပ်လို့ ကောင်းမှာ၊ နိုင်ငံရေးဥပဒေပေါ့၊ ဒီအစိုးရလက်ထက်အောက်မှာ နိုင်ငံရေးလုပ်ရတာ ဆိုင်းဘုတ်ရှိမှပဲ နိုင်ငံရေးလုပ်လို့ကောင်းမယ်၊ ဆိုင်းဘုတ်မရှိလို့ရှိရင် လူငါးယောက်ထက်ပိုစုရင် ဘာဖြစ်တယ်ညာဖြစ် တယ်ဆိုတဲ့ ဥပဒေတွေက ရှိနေတယ်၊ အဲဒီတော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ဆိုင်းဘုတ်ရှိမှ လူစုလို့ရ တယ်၊ လူစုမှပဲ အားတောင့်တာ၊ ဆိုင်းဘုတ်မရှိဘဲနဲ့ လုပ်လို့မရဘူး၊ ဥပမာ- ဒီငြိမ်းတို့ ဘာတို့ ဆိုင်း ဘုတ်မရှိတော့ နိုင်ငံရေးလုပ်လို့မရဘူး၊ ဥပဒေနဲ့ သူကသတ်မှတ်လိုက်တဲ့အခါကျတော့ ကျနော်က ဆိုင်းဘုတ်ကိုတော့ မပျက်စေချင်းဘူး၊ ဒါကြောင့်မို့ ကျနော်က ဆိုင်းဘုတ်တည်ရှိရေးကို ကျနော်က တော့ ထောက်ခံတယ်၊ တခုတော့ရှိတာပေါ့ ရွေးကောက်ပွဲလုပ်တာ ဒေါ်စုပြောသလို တဦးတခုတည်းကို ဦးတည်ပြီးတော့ လုပ်ထားတဲ့ ဖွဲ့စည်းပုံဆိုတာ မကောင်းဘူးဆိုတာ အဲဒီဖွဲ့စည်းပုံက မကောင်းတဲ့ဥစ္စာ ကို ပြောရမှာ။”

အဖွဲ့ချုပ် ပုသိမမြိ့နယ်မှာတော့ မြိ့နယ်စည်းရုံးရေးအဖွဲ့ဝင်တွေ၊ အဖွဲ့ချုပ်ဝင်တချို့နဲ့ ပြည်သူ တချို့ စုစုပေါင်း ၆၁ ဦးလက်မှတ်ထိုးပြီး ပါတီမှတ်ပုံမတင်ဖို့ လက်မှတ်ထိုးတယ်လို့ မြိ့နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးအေးဝင်းက ပြောပါတယ်။

“ပုသိမ်မြို့နယ်စည်းတယောက်အနေနဲ့ဆိုရင် မှတ်ပုံတင်ဖို့ကို မလုပ်စေချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ မှတ်ပုံတင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပစ်လိုက်ရမယ်ဗျ၊ ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စဗျ၊ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဆိုတာက ခွဲမရဘူးဗျ၊ တသား တည်း၊ အဲဒါကိုမှ ခွဲထုတ်လိုက်တယ်ဆိုရင် လုံးဝ အရဆကသအိးပ္ပါယ်မရှိဘူးဗျာ။”

အဖွဲ့ချုပ် သာပေါင်းမြိ့နယ် ဥက္ကဋ္ဌ ဦးသိန်းထွန်းကလည်း မြိ့နယ်သဘောထားကို ပြောပြပါ တယ်။

“ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ ကျနော်တို့က တောင်းဆိုချက်တွေ ရှိတယ်ခင်ဗျ၊ အဲဒီ တောင်းဆိုချက်တွေကိုလည်း တခုမှ မလိုက်လျောဘူးဗျာ၊ နောက်ဆုံး ကျနော်တို့ တောင်းဆိုချက်တွေ လိုက်လျောတယ်ဆိုရင်တောင်မှပဲ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပြန်ကြည့်ပြီးတော့မှ ဒီပေါ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်မဝင်သင့်ဆိုတဲ့ ရည်မျှော်တယ်ဆိုတဲ့ အကြောင်းတွေကို တခါ တည်း ပါပြီးသားဗျ။ တခုမှလည်းမလိုက်လျှောဘဲနဲ့ ဒီအဆင့်တောင်မှပဲ မဖြစ်သေးပဲနဲ့ဟာကို မှတ်ပုံ တင်သင့် မတင်သင့်ဆိုတာ လုံးဝဖြစ်လာစရာ အကြောင်းမရှိဘူးဗျာ။ အဲဒီတော့ ၂၉ ရက်နေ့မှာ သူတို့ မှတ်ပုံတင်သင့်မတင်သင့်လုပ်မယ်ဆိုရင် အဲဒီ ရွှေဂုံတိုင်ကြေညာချက်ကို ကျနော်တို့ စွန့်လွှတ်လိုက်ပါပြီ ဆိုတာကို ပြောရမယ်၊ ဘာဖြစ်လို့လဲဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကို ဗဟိုအလုပ်မှုဆောင် ကော်မတီ ကနေ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်ချပေးထားတာ၊ အဲဒီဟာကြီးကိုမှ ပြန်ပြီးတော့ သူတို့ က ဒါကို တင်သင့်မတင်သင့်ဆိုတာ ပတ်လက်လှန်ပြီးတော့ တံတွေးထွေးတာနဲ့ အတူတူပဲ။”

ပဲခူးတိုင်း တောင်ငူòမိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်ကလည်း ဒေါ် အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် စတဲ့ နိုင်ငံရေးသမားတွေမပါဘဲနဲ့ မြန်မာ့နိုင်ငံရေးဟာ ပြည့်စုံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဗမာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင်တို့ ဦးခွန်ထွန်းဦးတို့၊ သူတို့မပါဘဲနဲ့ ဗမာ့နိုင်ငံရေးက မပြည့်စုံနိုင်ဘူးလို့ ကျနော့်တယောက်တည်းအနေနဲ့ကတော့ အဲဒီလိုခံယူပါတယ်၊ ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဆိုတာ ခွဲခြားမရတဲ့အရာပါ၊ အန်အယ်လ်ဒီရဲ့အောင် မြင်မှုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ အထောက်အကူ အများကြီးပါတယ်လေ၊ ဒါ ကြောင့်မို့ ကျနော်တို့က ဒေါ်စုမပါတဲ့အန်အယ်လ်ဒီဟာ ကျနော်တို့ ဗမာ့နိုင်ငံရေးမှာ ပြည့်စုံတဲ့ နိုင်ငံ ရေးအဖွဲ့အစည်း ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မယူဆဘူး။”

ပဲခူးတိုင်း သာယာဝတီမြို့နယ်နဲ့ လက်ပံတန်းòမိ့နယ် အဖွဲ့ချုပ်ဝင်တွေကလည်း ရွေးကော်ပွဲ မဝင်ဖို့နဲ့ မှတ်ပုံမတင်ဖို့ အခုလ ၂၁ ရက် အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ကြတယ်လို့ လက်ပံ တန်းòမိ့နယ် အတွင်းရေးမှူး ဦးကျော်မင်းက ပြောပါတယ်။ ဒီဗွီဘီကမဆက်သွယ်နိုင်တဲ့၊ ဆက်သွယ်လို့မရတဲ့ တချို့မြို့နယ်တွေက ပါတီမှတ်ပုံတင်ပြီး ရွေး ကောက်ပွဲဝင်မယ်ဆိုတဲ့ သဘောထားမျိုး ရှိကောင်းရှိနိုင်ပါတယ်။ တချို့မြို့နယ်တွေကတော့ အခုချိန် မှာ ဒီကိစ္စအပေါ် သဘောထားမပေးလိုသေးဘဲ ရန်ကုန်ဌာနချုပ်မှာ ခုလ ၂၉ ရက်နေ့ကျမှ ပြောချင် တယ်လို့ ပြောဆိုကြပါတယ်။

No comments:

Post a Comment