Wednesday, March 24, 2010

ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံ အမျိုးသမီးများနှင့် ဗဟိုအမျိုးသမီးအဖွဲ့ တွေ့ဆုံ

ခင်နှင်းထက် ၁၆ မတ် ၂ဝ၁ဝ – DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့နဲ့ ရန် ကုန်တိုင်း မြို့နယ်ပေါင်းစုံ အမျိုးသမီး တွေ့ဆုံပွဲတခုကို ဒီနေ့ အဖွဲ့ချုပ်±ုံးချုပ်မှာ ပြု လုပ်ခဲ့ပါတယ်။

စုစုပေါင်း အမျိုးသမီး ၆ဝ လောက် တက်ရောက်ပြီး ပုံမှန်လုပ်ငန်းကိစ္စနဲ့ ရှေ›ဆက်လုပ်ရမယ့် လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့ တာဝန်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
အဓိကအနေနဲ့ ပါတီမှတ်တင်ရေး၊ မတင်ရေးကိစ္စ အပေါ် သဘောထား အ မြင တွေ ဆွေးနွေးခဲ့ ကြတာလို့ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။


“ဒီနေ့ အစည်းအဝေးမှာတော့ အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေး ပါ တီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတာ ရှိပါတယ်၊ ဒါ တော့ သိပ်ပြောပြလို့ မရသေးဘူး၊ သူတို့က စီစီအစည်းအဝေးမှာ ဒါမှမဟုတ် စီအီးစီ အစည်းအဝေးမှာ သူတို့ရဲ့ အသံလေးတွေ ပါစေချင်လို့ သူတို့ရဲ့ သဘောထားလေး တွေ တင်ပြထားတာပေါ့၊ သူတို့ရဲ့ မြို့နယ်သဘောထားလေးတွေ ကျနော်တို့ကို တင်ပြထားတာ ကျနော်တို့ မှတ်သားထားပါတယ်၊ ဒါပေမယ့် ခုချိန်မှာ တင်ပြလို့ မသင့်သေးဘူးထင်လို့ မပြောသေးပါဘူးနော်။”

ဒီနေ့ တွေ့ဆုံပွဲအတွင်း မြို့နယ်ပေါင်းစုံက တင်ပြလာတဲ့ သဘောထား အ မြင်တွေကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က တဆင့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးထံ တင်ပြမယ်လို့ ဆိုပါတယ်။

အခုအချိန်ဟာ ပါတီအတွက် အရေးကြီးနေတာကြောင့် မြို့နယ်အမျိုးသမီး လုပ်ငန်းအဖွဲ့ ဖော်ဆောင်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်း ထားတယ်လို့လည်း ဒေါ်မေ ဝင်းမြင့်က ပြောကြားသွားပါတယ်။

No comments:

Post a Comment