Statement




















 

သို့
သဘာပတိ
ဗဟိုဦးစီးအဖွဲ့ဝင်များအစည်းအဝေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရက်စွဲ။  ။၂၀၁၀ခုနှစ်၊ မတ်လ(၂၂)ရက်

အကြောင်းအရာ။           ။ ၂၀၁၀ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ)၏  အကြံပြုချက်

၁။         ၂၀၁၀ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရန်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဦးစီးအဖွဲ့ အထူး အစည်းအဝေးကြီးမှ ၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အဆုံးအဖြတ် ပြုကြရမည့် ကိစသည် အဖွဲ့ချုပ်အတွက် သမိုင်းတွင်မည့် ကိစရပ်တခု ဖြစ်သကဲ့သို့ ဒီမိုကရေစီအရေး လူပ်ရှားမူ့ကြီးအတွက်လည်း အလွန်အရေးကြီးသည့် အလှည့် အပြောင်းတရပ် ဖြစ်ပေါ် လာစေမည် ဖြစ်ပါသည်။ အဆုံးအဖြတ် အကျိုး၊အပြစ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လူပ်ရှားမူ့ကြီးအပေါ် သက်ရောက်မူ့ ကြီးမားမည် ဖြစ်သည်ဟု ယူဆပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) အလုပ်အမှုဆောင်အဖွဲ့ အထူးအစည်းအဝေးကို ၂၀၁၀ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အောက်ဖေါ်ပြပါ သဘောထားနှင့် အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးသို့ အိတ်ဖွင့်ပေးစာအဖြစ် ပေးပို့အပ်ပါသည်။

၂။         စစ်အစိုးရ ၂၀၀၈ခုနှစ် အခြေခံဥပဒေနှင့် မတရားဥပဒေ(၅)ခုသည် ပြည်သူလူထုတရပ်လုံး၏ ဆန္ဒသဘောထား ကို လုံးဝ ဆန့်ကျင် မျက်ကွယ်ပြုလိုက်ခြင်းဖြစ်ပြီး နအဖစစ်ခေါင်းဆောင်များ အာဏာတည်မြဲရေး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် လက်နက်အားကိုးပြီး တိုင်းပြည်အပေါ် စော်ကားလိုက်ခြင်းသာဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်ရေးတို့ကို အတိအလင်း ဥပက္ခာပြုလိုက်ခြင်း ဖြစ်သည်။

၃။         စစ်မှန်သည့် ဒီမိုကရေစီစံနစ် ထွန်းကားရေးအတွက် ဦးတည်ကြိုးပမ်းနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အတုအယောင် ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သောအရာ ဖြစ်သည်ဟု ယူဆပါသည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ ဥပဒေအမှတ် ၃/၂၀၁၀၊ အခန်း(၁၆)၊ ပုဒ်မ ၉၁(ခ)တွင် ၁၉၉၀ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမူ့မရှိဟုဆိုကာ ၁၉၉၀ရွေးကောက်ပွဲရလာဒ်အား တဖက်သတ်ဖျက်သိမ်းလိုက်ခြင်းသည် လုံးဝ လက်ခံနိုင်ဖွယ် မရှိသော ယုတ်ညံ့သိမ်ဖျင်းသည့် လုပ်ရပ်ဖြစ်သည်။

၎။         စစ်အစိုးရ ၂၀၀၈အခြေခံဥပဒေနှင့် မတရားဥပဒေ(၅)ခုအရ စစ်အစိုးရက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်သည်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။ ယခုအခါ စစ်အစိုးရ၏ မတရား ဥပဒေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာချက်တွင် ဖော်ပြထားသော တောင်းဆိုချက်များကို လုံးဝ ပစ်ပယ် လိုက်ပြီ ဖြစ်သည့်အပြင် အဖွဲ့ချုပ်ရပ်တည်ရေးနှင့် ညီညွတ်ရေးကို စိမ်ခေါ်နေပြီ ဖြစ်ပါသည်။

၅။         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအနေဖြင့် နှစ်ပေါင်း(၂၀)ကျော်အတွင်း န၀တ/ နအဖ စစ်အစိုးရ ယုတ်မာရက်စက်မှု့များ၊ အရှက်သိကာ ကင်းမဲ့မှု့များ၊ ကတိသစာ လုံးဝကင်းမဲ့မှု့များ၊ ကောက်ကျစ်မှု့များကို အဖန်တရာ တေအောင် ကြုံတွေ့ခံစားခဲ့ပြီး ဖြစ်သဖြင့် စစ်အစိုးရ ခြေလှမ်းများကို ကောင်းစွာသိရှိပြီး မည်သို့ရင်ဆိုင်မှ ရမည်ဆိုသည်ကို ကောင်းစွာသိရှိပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။

၆။         စစ်အစိုးရ နှစ်(၂၀)အတွင်း မတရားအမိန့်၊ မတရားဥပဒေများဖြင့် ဖိအားပေး စိမ်ခေါ်မှု့များအပေါ် လိုအပ်ပါက ပြတ်ပြတ် သားသား ရင်ဆိုင်ရမည့်အစား အလျော့ပေးသည့် နည်းများကိုသာ များသောအားဖြင့် ကျင့်သုံးခဲ့သဖြင့် ရခဲ့သည့် ရလာဒ်များကို ပြန်လည်သုံးသပ် ရန်လိုအပ်မည်ဟုယူဆပါသည်။ အထူးသဖြင့် န၀တ ၁/၉၀ နှင့် ဂန္ဓီခန်းမအတွေ့အကြုံ များကို သင်ခန်းစာ ယူသင့်သည်ဟု ယုံကြည်ပါသည်။

၇။         ယခင် လုပ်ထုံးလုပ်နည်းဟောင်းများအတိုင်း ပါတီတရားဝင်ရပ်တည်ရေးဆိုသည့် အကြောင်းပြချက်အတိုင်း ဆုံးဖြတ် ကြမည်ဆိုပါက မိမိချမှတ်ထားသည့် မူ၊၀ါဒ၊လုပ်ငန်းစဉ်များ အပေါ်တွင် မရပ်တည်သည့်ပါတီ၊ တရားဝင်ပါတီ ဆိုသည့် အမည်သာ ကျန်ရှိပြီး နိုင်ငံရေးဆိတ်သုန်းနေသည့်ပါတီ၊ မိမိ၏လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာဖောက်သောပါတီ ပြည်သူလူထုအား ပေးထားခဲ့သည့် ကတိက၀တ်များကို ဖောက်ဖျက်သော ပါတီဘ၀သို့ ကျရောက်သွားမည်သာ ဖြစ် သည်။

၈။         အထက်ဖော်ပြပါ အကြောင်းအချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းနှင့် စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ခြင်းများ လုံးဝ မပြုလုပ်သင့်ဟ ယူဆ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်ကဲ့သို့သောစိမ်ခေါ်မှု့များရှိပါစေ၊ ရွှေဂုံတိုင်ကြေငြာစာတမ်းပါ သဘောထားများ အား အခိုင်အမာဆက်လက်ကိုင်ဆွဲလျက် မတရားဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ပွဲဝင်သင့်ပါကြောင်း အကြံပြု အပ်ပါသည်။

၉။         အဖွဲ့ချုပ်ခေါင်းဆောင်များ အနေဖြင့် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာနှင့်တကွ ပြည်သူ လူထုကြီးက လက်ခံနိုင်ပြီး စစ်အစိုးရကိုပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားနိုင်မည့် သမိုင်းဝင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါစေကြောင်း ဆနပြုလိုက်ပါသည်။


ဦးမောင်မောင်အေး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မနလေး၊ အရှေ့မြောက် မဲဆနနယ် - ၁)
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ)

ဆက်သွယ်ရန်။  ။ ( ၀၄၃၁ ၄၈၂ ၃၂၆ )  ( ၀၄၃၃ ၂၇၇ ၁၈၂ )




National League for Democracy - Liberated Area (Australia Branch)
Invite and welcome you to the
Public Forum-2
‘Burma at a critical point’
to be held at the
Regent Park Community Centre
Amy St, Regent Park, NSW2143
On Saturday, 17 October 2009
From 2.00 PM until 5.00 PM
SPEAKERS and DISCUSSION TOPICS

(1) U Naing Pe Thein Zarn: Autocracy and Abuse of Power
(2) U Saw Lwin Oo: History and Politic of Burma & Karen’s Perspective
(3) Dr. Thann Naing: Sanctions & Engagement
(4) Daw San San, Vice-President of MPU (Burma): Shwe-Gon-Daing Declaration, the Best Solution


NLD – LA (Australia) and B.C.W.G
Invite and welcome you to the
Public Forum
‘Burma at a critical point’
to be held at the
Regent Park Community Centre
Amy St, Regent Park, NSW2143
On Sunday, 16 August 2009
From 3.00 PM until 7.00 PM
SPEAKERS & DISCUSSION TOPICS

(1) U Panyarwaya, 8888 Sayadaw (India): A Role of the Monks and Political Crisis in Burma
(2) Dr. Thann Naing: SPDC went Underground
(3) U Maung Maung Aye, Elected MP, Joint Secretary of MPU: New Political Strategy