Wednesday, April 14, 2010

ရွေးကောက်ပွဲအပေါ် အဖွဲ့ချုပ်သဘောထား သြစတြေးလျ သံအမတ် မေးမြန်း


နန်းခမ်းကယောက် ၈ ဧပြီ ၂၀၁၀ - DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ သဘော ထားကို သိနိုင်ဖို့ ရန်ကုန်ရှိ သြစတြေးလျသံအမတ် အမျိုးသမီးတဉီး လာရောက် မေးမြန်းခဲ့ကြောင်း ပါတီက ပြောပါတယ်။ ဒီနေ့ နေ့လည်လောက်က ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးကို သံအမတ်က လာရောက်ခဲ့တာ ဖြစ်ပြီး၊ နာရီဝက်လောက် ကြာတယ်လို့ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီး က ပြောပါတယ်။ တွေ့ဆုံချိန်မှာ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ စီမံခန့်ခွဲရေး အခြေ အနေနဲ့ လက်ရှိ လှုပ်ရှားမှု အခြေအနေကို မေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။
 ဒါ့ပြင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ပါတီက အဆုံးအဖြတ် ပေးပြီးတဲ့နောက် ပါတီဖျက်သိမ်းရမယ့် အနေအထားမှာ ပါတီအတွင်းက ရွေးကောက်ပွဲဝင်မယ့်သူတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။ ဒီအပေါ် အဖွဲ့ချုပ်သဘောထားကို မေးမြန်းသွားကြောင်း တွေ့ဆုံခဲ့သူ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီးက ပြောပါတယ်။
“ဒီ ၆ ရက်၊ ၇ ရက်ကျော်သွားတဲ့ အခါကျရင် သူတို့ ပါတီဝင်တွေ မဟုတ် တဲ့အတွက် သူတို့ကိုယ်တိုင် သူတို့ဟာသူတို့ ဝင်ကြမယ် ပြုကြမယ်ကြားတယ် ဘာ ညာပြောတယ်။ ဟုတ်တယ် ကျနော်တို့လည်း မကာသကမျ(ကောလာဟလ)တော့ ကြားတာပဲ။ သို့သော်လည်း တိတိကျကျ ဘယ်သူဘယ်ဝါတော့လည်း မသိဘူး။ အဲ ဒါ သူတို့က ဘယ်လိုသဘောထားရ မလဲပေါ့၊ လွတ်လပ်မှုဆိုတာကတော့ ရှိကြတာ ပေါ့လို့၊ ဘာဖြစ်လို့လဲဆိုတော့ ပါတီမရှိတော့ဘူးဆိုတော့ သူတို့ဟာသူတို့ ပါတီဝင် မဟုတ်တော့ဘူး ဆိုတဲ့အနေနဲ့ သူတို့ စိတ်ထဲမှာ လုပ်ချင်တာ ပြုချင်တာတော့ ရှိမှာ ပေါ့လို့။
“ကျနော့်အနေနဲ့ ပြောချင်တာကတော့ လုပ်ကိုင်လာတဲ့ တလျှောက်မှာ အ တူတကွ ဆင်းရဲ အတူတူ ချမ်းသာအတူတူ၊ ချမ်းသာတာတော့ မရှိပါဘူး။ ဒုက္ခ သုက္ခတွေကြားထဲမှာ ဒီလိုပဲ အတူတူ လာခဲ့ကြတာပေါ့လေ။ အဲဒီတော့ စဉ်းစားကြ ဖို့ ကောင်းတယ်၊ ဒါတွေလောက်တော့ ဘယ်သူဘယ်ဝါ မသိပေမယ့်လို့ ကျနော့် သဘောထားကတော့ အဲဒီလိုတော့ ရှိတယ်ပေါ့လေ။ နောက်ပြီးတော့လည်းပဲ သူတို့ ဒါတွေနဲ့ ပတ်သက်လို့ လုပ်မယ်ပြုမယ်ဆိုရင်လည်းပဲ နိုင်ငံရေးသိက္ခာ ဆိုတာက တော့ ရှိကြတာပေါ့။ အဲဒါတွေကတော့ စောင့်စည်းရမယ့်ဟာတွေ ရှိတယ်။ သူတို့ လည်းပဲ သူတို့ဟာသူတို့ ဘယ်လို လုပ်ကိုင်ကြမယ်ဆိုတာ မသိဘူးပေါ့။ အဲဒါလေး ပါ ပြောတယ်။ သူကလည်း အဲဒါလေး ကြားတာလေး လာလာမေးတာပါ။
တကယ်လို့ ရွေးကောက်ပွဲဝင်မယ့်သူတွေအနေနဲ့ ပါတီကို သစ္စာဖောက်ရာ ကျနေမလားလို့ သံအမတ်က မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက် လို့လည်း ဉီးတင်ဉီးက æ “ဒါတွေတော့ မမှတ်ယူပါဘူးလို့ ကျနော်တို့ကလည်းပဲ ဒါ သူတို့လည်း ဒီမိုကရေစီ လုပ်မယ်ဆိုပြီး လုပ်ကြတာပဲ။ သို့ပေမယ့်လည်း ဒီအဖွဲ့ချုပ်မှာ အားလုံး ကျနော်တို့ တူညီအောင် ဆုံးဖြတ်ချက် ချထားပြီးသား ကိစ္စအပေါ်မှာတော့ ပါတီ သိက္ခာရှိအောင်တော့ လိုက်နာရမှာပေါ့ဗျာလို့၊ အဲဒါတော့ ဒီလိုသဘောထားတွေ ထားရမှာပေါ့လို အဲဒီလိုပဲ ပြောလိုက်တာပါ။
 ဒါ့ပြင် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အ ကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစား မလားလို့ အဆိုပါ သံအမတ်က ထပ်မေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ဉီးတင်ဉီးက အခုလို ပြောပြသွားပါတယ်။
“ကျနော်တို့ကလည်း ပြောပါတယ်၊ ဒါနဲ့ပတ်သက်တာအားလုံးက ခေါင်း ဆောင်နဲ့ တကွ အခု ဖမ်းထားတဲ့ နိုင်ငံရေးသမားအားလုံးကို လွှတ်မယ်၊ နောက်ပြီး အဖွဲ့အစည်းနဲ့ ပတ်သက်တာ အားလုံးကိုလည်းပဲ လွတ်လွတ်လပ်လပ် သွားလာ ခွင့်၊ လှုပ်ရှားခွင့် ပေးမယ်ဆိုတာကို ထင်ထင်ရှားရှား ဖြစ်နိုင်ရင်တော့လည်းပဲ ဒါဟာ ညိနှိုင်းပြီး စဉ်းစားတိုင်ပင်စရာရှိတာ တခုတော့ စဉ်းစားတာပေါ့လို့တော့ ပြောလိုက် တယ်။ ဒါပေမယ့် ဒီဉစ္စာတွေက စဉ်းစားကြည့်ရင် စိတ်ကူးတာ တခုပဲ ဖြစ် မှာပါပဲလို့။ အဲဒါကတော့ လောလောဆယ်တော့ ဘာမှ သိပ်ပြီတော့ ထူးမှာ မဟုတ်ပါဘူး။
“သူတို့ဘက်က အဲဒီလိုဟာလေးတွေလည်း နည်းနည်း စဉ်းစားပုံရတယ်၊ အခြေအနေအရက သူတို့ပြောတာ သင်္ကြန်ရက်တွေ ကျန်သေးတယ်၊ နောက်ထပ် ရက်တွေလည်း ကျန်သေးတယ် ဆိုတော့ကား အဒီအချိန်ရက် အတောအတွင်းမှာ ဒီ စစ်အစိုးရအနေနဲ့ ဒါကို ပြန်လည် စဉ်းစား သုံးသပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ သူက အဲဒီလို ပြောတယ်၊
 “ကျနော်တို့က အားလုံးရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အပြင် အဖွဲ့ချုပ်နဲ့ ပတ်သက်တာ အားလုံးကိုလည်းပဲ အခု လွတ်လွတ်လပ်လပ်နဲ့ စည်းရုံး ခွင့်၊ သွားခွင့်လာခွင့်တွေ အားလုံးကို အနှောင့်အယှက်မရှိ ပေးမယ်ပြုမယ် ဆိုရင် တော့ ကျနော်တို့ ကျန်တဲ့အချက်တွေကိုတော့ နည်းနည်းပါးပါး လိုက်လျောပြီး စဉ်း စားတန်တာ စဉ်းစာတာ ရှိနိုင်တာပေါ့။
“၂၀ဝ၈ နဲ့ ပတ်သက်တဲ့ သူတို့ သတ်မှတ်ထားတဲ့ ဟာကိုလည်းပဲ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့မှာ လောလောဆယ်မှာ လိုက်နာရန် မဟုတ်သေးသော် ငြားလည်း နောက် ရွေးကောက်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲ ကျနော်တို့ လုပ်တဲ့ အ ခါမှာ ဒါကို ကျနော်တို့ကေºကွးကြော်သံ တခုအနေနဲ့ ဒီမှာပါတဲ့ ဒီမိုကရေစီ မကျတဲ့ အချက်အလက်များကို ဒါကို ကျနော်တို့က ပြင်နိုင်ခွင့် ရှိဖို့အတွက်ကို ကျနော်တို့က ဒီ ရည်ရွယ်ချက်၊ ရည်မှန်းချက်ပေါ့ အဲဒီအနေနဲ့ ပြောပြီးတော့ ဒါကို တင်လိုက်လို့ ကျနော်တို့က ရွေးကောက်ပွဲမှာ အများစု ရလာလို့ရှိရင်လည်း ဒါ စဉ်းစားနိုင်တာ တွေ ရှိမှာပေါ့၊ ဒါတွေက မှန်းစချက်တွေပါ၊ တကယ့်ဖြစ်ရပ်တော့ မဟုတ်သေးဘူး။ သို့ သော်လည်းပဲ စိတ်ကူးသဘောနဲ့ ပြန်လှန်ပြောတဲ့ သဘောတွေတော့ ရှိပါတယ်။
ဒီနေ့ နေ့လည်လောက်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရန်ကုန်ရှိ သြစ တြေးလျသံအမတ် အဖွဲ့ချုပ်ရုံးကို နာရီဝက်ကြာ လာရောက်မေးမြန်းတာနဲ့ ပတ် သက်ပြီး ပါတီ-ဒုဉက္ကဋ္ဌ ဉီးတင်ဉီးရဲ့ ပြောပြချက် ဖြစ်ပါတယ်။

No comments:

Post a Comment