Tuesday, April 13, 2010

ပါတီ ဖျက်သိမ်းခံခဲ့ရမည် ဆိုလျှင်လည်း ဆုတောင်းပွဲများ ဆက်လုပ်နေဦးမည်

ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ – DVB

ပါတီမှတ်ပုံမတင်တဲ့အတွက် တကယ်လို့ သူတို့ပါတီကို ဖျက်သိမ်းခဲ့ ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြု ဆုတောင်းတာတွေကို ဆက်လုပ် သွားမယ်လို့ အပတ်စဉ် အင်္ဂါနေ့တိုင်း မေတ္တာပို့ ဆုတောင်းတာတွေ လုပ်နေတဲ့ အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။


အဖွဲ့ချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ကတော့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင် ဖို့ သတ်မှတ်ရက် ရောက်တဲ့အထိ ရုံးချုပ်ရှေ›မှာပဲ သံဃာတော်တွေကို ဆွမ်းလောင်း လှူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗဟိုအမျိုးသမီး လုပ်ငန်း အဖွဲ့ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

“ဒီနေ့ကတော့ ကျမတို့ဆုံးဖြတ်ထားတာတော့ မေလ ၄ ရက်နေ့ နောက် ဆုံး ထားပြီးတော့ ရုံးရှေ›မှာ ဆွမ်းလောင်းမှာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ၆ ရက် နေ့မှာ ရက်ပေါင်း ၆ဝ စေ့ပြီကိုး၊ ၄ ရက်နေ့မှာ နောက်ဆုံးထားပြီး နောက် လေး ပတ်ပေါ့ ကျမတို့ လုပ်ပါဦးမယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက် အတိုင်းတော့ လုပ်မှာပေါ့နော် ရုံးရှေ›မှာတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့နော်။”

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ကိုထွန်းထွန်းနဲ့ ကိုအောင်သူတို့ကလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်ရွယ် ပြီး ဘုရားသွား ဆုတောင်းတာတွေ အင်္ဂါနေ့တိုင်း ဆက်လက် ပြုလုပ်နေဆဲပါ။ ဒါဟာ အမှန်တရားအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်ဆောင်တာ ဖြစ်တဲ့ အ တွက် ဘယ်လို အန္တရာယ်တွေ ရှိရှိ၊ ရင်ဆိုင်သွားမယ်လို့ ကိုထွန်းထွန်းက ပြောပါ တယ်။

“ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီရတဲ့ အ ထိကို ကျနော်တို့ လုပ်ဆောင်ကြမယ်ဆိုတဲ့ သံန္နိဌာန်မျိုး ခိုင်ခိုင်မာမာ ချထားကြပါ တယ်၊ ကျနော်တို့က မှန်မှန်ကန်ကန် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ လုပ်တဲ့ အလုပ် အမှန်တရားနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ စကား လိုပေါ့၊ မတရားတဲ့ အမိန့်အာဏာကို တရားသောနည်းနဲ့ ကျနော်တို့ ဖီဆန်ကြမယ် ဆိုတာ အမှန်တရားနဲ့ ကျနော်တို့က ဆန့်ကျင်မှာပဲ၊ ကန့်ကွက်မှာပဲ၊ သူတို့ ဒီလို ဖမ်းလို့ရှိရင်လည်း ဖမ်းပေါ့၊ ကျနော်တို့ ယုံကြည်ချက်နဲ့ ရပ်တည်ရမှာပဲ၊ ဒါတွေကို ကျနော်တို့ အစတုန်းကတည်းက စဉ်းစားထားပြီးသားပါ။”

မနေ့က အင်္ဂါနေ့က နဂါးရုံဘုရားထံ သွားရောက် ဆုတောင်းခဲ့တဲ့ မိထ္ထိလာ မြို့နယ်အဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေးကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်လာပြီး ဒီမိုကရေစီရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားမယ် လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ် မြောက်တဲ့အထိ ဘယ်လောက်ပဲကြာကြာ ကျမတို့ကတော့ ဝတ်ပြုဆုတောင်းမယ်၊ ဒီမိုကရေစီ လိုချင်တဲ့ သူတို့တတွေ ရှိနေတယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တိုင်းပြည်မှာ ဒီမိုကရေစီရမှ လူထုက သက်သာမယ်၊ စစ်အာဏာရှင်လက်အောက် မှာ လူတွေ ဒုက္ခရောက်နေတယ်ဆိုတာ ကျမတို့က မမြင်ရက်၊ မတွေ့ရက်လို့ ဘယ် လိုမျိုးပဲ အခက်အခဲတွေ ရှိရှိ ဆက်ပြီး လုပ်နေတယ်၊ ပါတီမှတ်ပုံ မတင်လို့ ပျက်သွား တယ်လို့ မယုံကြည်ဘူး။ မယူဆဘူး။ ပါတီလည်းရှိမယ်၊ စိတ်ဓတ်လည်း ရှိမယ်။ လုပ်လည်း လုပ်နေမယ်။ ဒီမိုကရေစီရအောင်လည်းလုပ်မယ်။ ဘုရားသွား ဆု တောင်း တဲ့ အလုပ်ကိုလည်း ဆက်ပြီးတော့ လုပ်နေမှာပဲ။”

သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ် မြောက်ရေးအတွက် ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့ တိုင်း ဆုတောင်းပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment