Wednesday, April 7, 2010

အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း

2010-04-05 RFA


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊

ဒီကနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ အတည်ပြုဆုံးဖြတ် လိုက်တာဖြစ်ပါတယ်၊၊ ဒီကော်မတီကို ဒုတိယ ဥက္ကဌ ဦးတင်ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်၊၊ ကော်မတီဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်၊၊

'ကျနော်တို့အဖွဲ့ချုပ်က မှတ်ပုံမတင်တော့ဘူးဆိုတော့ သူ့ဥပဒေအရဆိုရင် ရက် ၆ဝ ကျော်သွားရင် အလိုအလျောက် ပျက်ပြယ်ရမယ်ဘာညာ ဥပဒေက ဒီလိုပြောနေတော့ အဖွဲ့ချုပ်အနေနဲ့ လက်ရှိ အဖွဲ့ချုပ်နဲ့ပတ်သက်တာ အဖွဲ့ချုပ်ရုံးထဲမှာ ရှိတဲ့ပစ္စည်းတွေနဲ့ ပတ်သက်တာ ဒါတွေနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့အခါမှာ၊ တစုံတခု လုပ်ချင်တဲ့အခါမှာ အဆင်သင့်ဖြစ်အောင် ဒီနေ့ စီမံခန့်ခွဲမှု ကော်မတီတရပ် ဖွဲ့ပါတယ်'

အဖွဲ့ချုပ်ရုံးရဲ့ ဘဏ္ဍာရေး၊ ရုံးတွင်း စီမံခန့်ခွဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို စဉ်ဆက်မပြတ် တင်ပြနိုင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်၊၊

ဒီကနေ့မှာပဲ မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်း ကင်းစင်ရေးကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်က ကြေညာချက် အမှတ် ၉ / ဝ၄ /၁ဝ ကို ဧပြီလ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်၊၊ ကြေညာချက် ထုတ်ပြန်ရတဲ့ အကြောင်းကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်၊၊

'မြေမြုပ်မိုင်းကိစ္စတွေမှာ ပြည်သူတွေ ထိခိုက်တယ်၊ နစ်နာတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အခု မြေမြုပ်မိုင်းကော်မတီကနေ နောက်ဆုံးထုတ်တဲ့စာမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က စိုးရိမ်ကြောင်း ဖော်ပြတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြောထားတာက မြေမြုပ်မိုင်း ဖျက်သိမ်းရန်ကိစ္စကို အဖွဲ့ချုပ်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိတဲ့အခါမှာ ဖျက်သိမ်းပေးမယ်လို့ အဲဒီလို သဘောတူညီကြောင်း ကြေညာချက်တစောင် ထုတ်တယ်'

ဒါ့အပြင်လည်း ပြည်သူသို့ပြန်ကြားချက် ဆိုပြီး စာတမ်းတစောင် အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်အတိုင်း ဒီကနေ့ ပြုစုရေးဆွဲတယ်လို့ သိရပါတယ်၊၊ ဒီပန်ကြားလွှာကို မနက်ဖြန် အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်မယ်လို့ သိရပါတယ်၊၊

No comments:

Post a Comment