Tuesday, April 13, 2010

ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြု၊ အဖွဲ့ချုပ်က ဒီမိုကရေစီရေးဆက်ကြိုးပမ်းမည်


ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ  DVB

- ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့ စာတမ်းတစောင် ထုတ်ပြန်ပြီး အခုလို ပြောကြားလိုက်တာပါ။

ဒီပန်ကြားချက်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ခဲ့စဉ်ကနေ အခုအချိန်အထိ မြန်မာနိုင်ငံဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းခဲ့တာတွေနဲ့ အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုတွေကို ဖော်ပြထားပြီ၊ အခုနောက်ဆုံး ပါတီမှတ်ပုံမတင်ရတဲ့အကြောင်းကို ရှင်းပြထားပါတယ်။ ပြည်သူသို့ ပန်ကြားချက်မှာ ဖော်ပြထားတဲ့ အနှစ်ချုပ်ကို ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

အဖွဲ့ချုပ်အနေနဲ့ကတော့ စတင်တည်ထောင်ခဲ့ကတည်းက စပြီးတော့ ယခု အချိန်ထိ သက်ဆိုင်ရာအာဏာပိုင်တို့ရဲ့ ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ နှောင့်ယှက်ခြင်း အမျိုးမျိုးကို ခံခဲ့ရတယ်၊ ဒီလိုခံခဲ့သော်လည်းပဲ ကျနော်တို့ ဇွဲကြီး စွာနဲ့ ဆက်လက်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းတယ်။ သို့သော်လည်း ပဲ တဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ အကျိုးအမြတ်မပေါ်ဘဲနဲ့ ကျနော်တို့ ဖြစ်ခဲ့ ရတာကိုတော့ ပြည်သူလူထုကို အနူးအညïတ်တောင်းပန်ပါတယ်လို့ ကျနော်တို့ ဖော်ပြပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်ကတော့ ပြည်သူလူထု ကိုသော်လည်းကောင်း၊ ဒီမိုကရေစီ အရေးတော်ပုံကိုသော်လည်းကောင်း၊ ဘယ်သော အခါမှ ကြောခိုင်းသွားမှာမဟုတ်ဘူး၊ ကမBာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ကို မဏ္ဍိုင်ပြုပြီးတော့ ဒီမိုကရေစီအရေးကို ဆက်လက်ကြိုးပမ်းသွားမည် အဲဒီလို ပြည်သူကို ပန်ကြားတာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စတင်တည်ထောင်ခဲ့စဉ်က ချမှတ်ခဲ့တဲ့ အခြေခံမူ ၅ ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးဉာဏ် ဝင်းက ပြောပါတယ်။

ဒီအချက် ၅ ချက်ကို ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။ “() စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေး၊ () လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ () အာဏာရှင်ဆန်သော အစိုးရမျိုး နောင်ဘယ်သောအခါမှ မပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံ အုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး၊ () တိုင်းရင်းသာညီအစ်ကိုများ နိုင်ငံရေးခွင့်တူညီမျှမှုရှိပြီး ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ရေး၊ () ပြည်သူလူထု၏ဘဝ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေး ချမ်းပြီး ကမBာ့ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်စေရေး၊ ဒီအချက် () ချက်ကို ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက အမျိုးမျိုးသော စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့ကြတယ်။”

 ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ရတဲ့ အကြောင်းနဲ့ ပါတီ ရှေ့ဆက်ဆောင် ရွက်သွားမယ့် လုပ်ငန်းအခြေနေတွေကိုလည်း ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။ “အဓိက အကြောင်းကတော့ ကျနော်တို့ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ မှတ်ပုံတင် ရေး ဥပဒေအရ ထပ်မံမှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်တဲ့အခါမှာ ပြည်သူ လူထုကလည်း သိတယ်၊ ဒီလို မှတ်ပုံမတင်ရင် ပါတီက ရက်ပေါင်း ၆ဝ ကျော်လျှင် အလို အလျှောက် ပျက်ပြယ်မယ်ဆိုတာ ပြည်သူလူထုကလည်း ဒီလိုနားလည်ထားတယ်၊ အဲဒီတော့ အန်အယ်လ်ဒီက ဒါပြီးသွားပြီးလားလို့ တချို့ကလည်း ဒီလိုတွေးတယ်၊ ဒါကြောင့် ကျနော်တို့က အန်အယ်လ်ဒီအနေနဲ့တော့ မှတ်ပုံမတင်ဘူး၊ သို့သော် ဒီ အန်အယ်လ်ဒီစိတ်ဓတ်နဲ့ အန်အယ်လ်ဒီနိုင်ငံရေး အသိတွေနဲ့ကတော့ ဥပဒေဘောင် အတွင်းက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို ပြည်သူကို အသိပေး တယ်။ “အန်အယ်လ်ဒီ မရှိတော့တဲ့အခါမှာ အန်အယ်လ်ဒီ ထုတ်သလို စာတွေလည်း ကျနော်တို့ ထုတ်ခွင့်ရမှာမဟုတ်ဘူး၊ လုပ်နည်းကိုင်းနည်းကလည်း ပါတီတရပ်ထူ ထောင်ပြီးတော့ ဘောင်ထဲက စည်းကမ်းတွေထဲက လုပ်တာမျိုးထက် ကျနော်တို့က ဥပဒေမချိုးဖောက်ဘူး၊ ဥပဒေဘောင်ထဲက လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါ တယ်၊ ဘယ်ဟာတွေလဲလို့ ထုတ်ပြောလို့ရှိရင်းလည်း အဲဒီ ထုတ်ပြောတဲ့နည်းလမ်းက ကျနော်တို့ လုပ်လို့ရမှာ မဟုတ်ဘူး၊ ဒါကို နားလည်ပေးစေချင်ပါတယ်။” ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ပြန် ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

No comments:

Post a Comment