Sunday, March 18, 2012
Condolence Letter to U Than Sein, MP
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်၊ အသက် (၆၃) နှစ်သည် သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့၌ ၁၅-၀၃-၂၀၁၂ ရက် ၊ နေ့ ၃ နာရီ ၃၀ မိနစ် အချိန်က ကွယ်လွန်သွားကြောင်း ကြားသိရ သည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
ဦးသန်းစိန်သည် ၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အားကိုယ်စားပြု၍ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးချယ်တင်မြှောက်ခြင်းခံ ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
ဦးသန်းစိန်သည် စင်ပြိုင်အစိုးရဖွဲ့စည်း၍နိုင်ငံတော်ကိုတော်လှန်ပုန်ကန်ရန်ကြိုးပမ်းခြင်း နိုင်ငံတော် အား လက်နက်စွဲကိုင်၍တော်လှန်ပုန်ကန်သော သောင်းကျန်းသူအဖွဲ့အစည်းများနှင့်ဆက်သွယ်ပူးပေါင်းခြင်း၊ ပုန်ကန်ရန်အဖွဲ့အစည်းများဖွဲ့စည်းခြင်းများကြောင့်ဟု အကြောင်းပြ၍  န၀တစစ်အစိုးရက ရွေးကောက် တင်မြောက်သူအဖြစ်မှ ပယ်ဖျက်သည်အထိ ၄င်း၏နိုင်ငံရေး ယုံကြည်ချက်အပေါ်အခိုင်အမာရပ်တည်   ဆောင်ရွက်သွားသူတစ်ဦးဖြစ်သည်။
ဦးသန်းစိန်သည် ၁၉၉၁ ခုနှစ်တွင်၊ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီး NCGUB, NCUB, MPU NLD-LA စသည့်အဖွဲ့အစည်းများတွင် တော်လှန်ရေးတာဝန်များကို တစိုက်မတ်မတ်ပါဝင်ဆောင် ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်တဦးအဖြစ် ကွယ်လွန် သည့်အချိန်အထိ စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက် သွားခဲ့သူတစ်ဦးအဖြစ် ကျွန်ုပ်တို့က ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
အထူးသဖြင့် NLD-LA (Australia branch) ၏ blog အား ကူညီပြင်ဆင်ရေးသား ပေးခဲ့မှု့ ကို ကျွန်ုပ်တို့က အမှတ်ရနေမည်ဖြစ်ပါသည်။
ဦးသန်းစိန်ကွယ်လွန်သွားခြင်းသည် မြန်မာ့တော်လှန်ရေးအတွက်ယုံကြည်ချက်ခိုင်မာ သော ခေါင်းဆောင်တယောက်ဆုံးရှုံးခြင်းသာမက မြန်မာနိုင်ငံသူ၊သားများအတွက်လည်း ပြည်သူ့ ကိုယ်စားလှယ်တစ်ဦး ဆုံးရှုံးသွားခြင်းဖြစ်ပါသည်။
ဦးသန်းစိန် ကောင်းရာသုဂတိလားပါစေ။
အလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (သြစတြေလျဌာနခွဲ)
ရက်စွဲ ။     ။ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၈) ရက် 
No comments:
Post a Comment