Friday, October 1, 2010

Media Release

သတင်းထုတ်ပြန်ချက်

၂၆-၀၉-၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၂) မြောက်အထိန်းအမှတ် အခန်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျ) ကဦးစီး၍ ဆစ်ဒနီမြို့၊ အသောကကျောင်းတိုက်တွင် ၂၆-၀၉-၁၀ နေ့တွင်ကျင်းပခဲ့သည်။

ဤအခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးပါတီတရပ် အဖြစ်ဆက် လက်တည်ရှိနေမှုကို အပြည့်အ၀ထောက်ခံရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ရွေးကောက်ပွဲ သပိတ်မှောက် ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အခန်းအနားသို့ ဆစ်ဒနီရှိအဖွဲ့အစည်းများမှ ခေါင်းဆောင်များအပါအ၀င် မြန်မာ့ဒီမိုက ရေစီရေးစိတ်ဝင်စားသူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ဗီဒီယိုမိန့်ခွန်း တင်ပြပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးက အခန်းအနားကျင်း ပရသည့်အကြောင်းရင်းနှင့် မြန်မာလူမျိုးစုလူမှုရေးအဖွဲ့ဥက္ကဥ ဒေါက်တာသန်းနိုင်က ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်နိုင်သည့်နည်းလမ်းများ တင်ပြခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် အထိန်းအမှတ်အဖြစ်လည်း ဗီဒီယိုမှတ်တမ်းခွေ ကိုပြသခဲ့သည်။အခမ်းအနားအစီအစဉ်အရ လက်ရှိနိုင်ရေးအချေအနေအပေါ်တက် ရောက်လာသူများမှ မေးမြန်းဆွေးနွေးမှုများပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

NLD-LA (Australia)

No comments:

Post a Comment