Sunday, December 16, 2012

အတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချ တောင်းပန် လျောက်ထား




လက်ပန်းတောင်းတောင် အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့(ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦးလှထွန်းမှ သံဃာတော်များအား ၀န်ချတောင်းပန် လျောက်ထားပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့သည်။
ဝန်ချတောင်းပန် လျောက်ထားခြင်း အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတအကြံပေး ဦးလှမောင်ရွှေ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦး သာအေး၊မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် ရဲမှူးချုပ် ဦးကျော်ကျော်ထွန်းတို့ ပါဝင်ခဲ့သည်။အခမ်းအနားသို့ မန္တလေး၊မုံရွာ၊ပခုက္ကူစသည့် ဒေသများမှ သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် လက်ပန်းတောင်းတောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်း၊သာမဏေများ အပါး ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

Government's Apology to Monks 15-12-12, 7Day News Journal


 7Day News Journal 
နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချတောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံခဲ့ကြသည်။ အခမ်းအနားတွင် မဟာဂန္ဓာရုံကျေ
ာင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များကိုတောင်းပန်သော တောင်းပန်ချိုးကို ဆရာတော်ဝီရသူက တိုင်ပေးကာ အစိုးရအဖွဲ့ဝင်များက လိုက်ဆိုကြသည်။ ကန်တော့ချိုးမှာ "အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်။ အရှင်ဘုရား ထိုတပည့်တော်တိုးအား သံဃာတော်သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား" ဟု၍ ဖြစ်သည်။ နိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်းပန်ကြောင်း ထပ်မံလျှောက်ထားခဲ့သည်။ ထို့နောက် မုံရွာမြို့မှ ဇောတိကရာမကျောင်းထိုင်ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊ ဂဠုန်နီဆရာတော်ဦးက၀ိရတို့က သြ၀ါဒစကားမိန့်ကြားခဲ့သည်။

ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓုခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓုခေါ်ကြသည်။ အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက 7Day News သို့ မိန့်ကြားသည်။ ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

ဓာတ်ပုံ - မောင်တာ

Tuesday, December 11, 2012

Situation of human rights in Myanmar UNGA 09-11-2012



Situation of human rights in Myanmar
General Assembly
9 November 2012
Original: English
Sixty-seventh session
Third Committee
Agenda item 69 (c)
Promotion and protection of human rights: human rights
situations and reports of special rapporteurs and representatives
Andorra, Austria, Belgium, Bosnia and Herzegovina, Bulgaria, Croatia, Cyprus,
Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Grenada,
Hungary, Ireland, Italy, Latvia, Lithuania, Luxembourg, Malta, Monaco,
Montenegro, Netherlands, Poland, Portugal, Republic of Korea, Republic of
Moldova, Romania, Slovakia, Slovenia, Spain, Sweden, the former Yugoslav
Republic of Macedonia, United Kingdom of Great Britain and Northern Ireland
and United States of America: draft resolution
Situation of human rights in Myanmar 
The General Assembly,
Guided by the Charter of the United Nations and the Universal Declaration of
Human Rights,1 the International Covenants on Human Rights2 and other relevant
human rights instruments, and recalling its previous resolutions on the situation of
human rights in Myanmar, the most recent of which is resolution 66/230 of
24 December 2011, those of the Commission on Human Rights, and those of the
Human Rights Council, the most recent of which is resolution 19/21 of 23 March
2012,3
Welcoming the report of the Secretary-General on the situation of human rights
in Myanmar4 and the facilitation by the Government of Myanmar of his visit to the
country from 29 April to 1 May 2012 and the visits of his Special Adviser on
Myanmar on 13 and 14 June 2012,
Welcoming also the report of the Special Rapporteur on the situation of human

Tuesday, August 7, 2012

8888 Ceremony, Sydney 05-08-2012








2011-04-09
ငွေရတုအကြို၊ ၂၄ နှစ်မြောက်၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့မိန့်ခွန်း
ဦးမောင်မောင်အေး၊ နာယက (JACDB)
05-08-2012, Sydney
လေးစားအပ်တဲ့အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ၊ ဒီမိုကရေစီချစ်မြတ်နိုးသူအပေါင်းတို့ခင်ဗျား၊
၂၄ နှစ်မြောက်၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ JACDB ကိုယ်စား၊ စကားပြောခွင့်ရတဲ့အတွက်များစွာမှ ဂုဏ်ယူမိပါတယ်၊ ယခုလိုစကားပြောခွင့်ပြုတဲ့ ABSDF (Australia Branch)  ကခေါင်းဆောင်များကို လည်း အထူးကျေးဇူးတင်ရှိပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ခနလေးထင်ရပေမဲ့ ၂၄ နှစ်တောင်ရှိခဲ့ပါပြီ။ ဒီကနေ့အခမ်းအနား မှာ ခေါင်းစဉ် (၃) ခု တင်ပြလိုပါတယ်။ (၁)ရှစ်လေးလုံးနှစ်ပတ်လည်နေ့နှင့်ပတ်သက်သောသဘောထား (၂) အပြောင်းအလဲအပေါ်သဘောထား (၃)ဘာတွေဆက်လုပ်သင့်သလဲဆိုတဲ့အကြံပြုချက်တို့ဖြစ်ပါတယ်။

Wednesday, June 27, 2012

U Aung Min & NLD-LA 26-06-12, Maesod


U Aung Min met organisations from Thai-Burma border

မဇ္ဈိမ၊ ၂၆-၀၆-၁၂
ဝန်ကြီး ဦးအောင်မင်း တရက်တည်းနှင့် တွေ့ဆုံဆွေးနွေးမှု ငါးခုလုပ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ  ဒု-ဥက္ကဋ္ဌ  မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ မဲဆောက် မြို့တွင် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း အပါအဝင် အဖွဲ့အစည်း ငါးခုနှင့် အင်္ဂါနေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

မဲဆောက်မြို့ပြင်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် Wattana Village Resort တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့ လေးခုအား သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုအများစုမှာ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင် ဦးဆောင်သည့် မြန်မာပြည်ဒီမိုကရေစီအဖွဲ့ချုပ် FDB ကိုယ်စားလှယ် အဖွဲ့နှင့် ဦးအောင်မင်းတို့တွေ့ဆုံစဉ် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ် ဖြစ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ဒီအချက်တွေက အရင်တခေါက် ဖေဖော်ဝါရီလမှာ ချင်းမိုင်မြို့မှာ တွေ့တုန်းကလည်း ကျနော်တို့ တင်ပြဖူးပါတယ်။ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုက တဆင့် အခြေခံ ဥပဒေအရ ခွင့်ပြုထားတဲ့ သဘောတူနိုင်တဲ့ အချက်တွေကိုဆွေးနွေးကြဖို့၊ ကျန်တဲ့ အချက်တွေကို လွှတ်တော်မှာ ဆက်လက် တင်ပြဖို့ အဲဒီလုပ်ငန်းစဉ်တွေကို လုပ်ဆောင် နိုင်ဖို့ဆွေးနွေးကြတယ်” ဟု ဒေါက်တာနိုင်အောင် က မဇ္ဈိမကို ပြောသည်။

ပြည်ပရောက် အင်အားစုများအား တိုင်းပြည် ထူထောင်ရေး ကိစ္စရပ်များအား ပြည်တွင်းသို့ ပြန်လာ၍ လုပ်ဆောင်ရန် သမ္မတကြီး ဦးသိန်းစိန်က ဖိတ်ခေါ်ကြောင်း ဦးအောင်မင်းမှ တဆင့် ပြောကြားခဲ့သည်။

မတရားအသင်း ကြေညာခြင်း ခံထားရသည့် အဖွဲ့အစည်းများအား ပြန်လည် လက်ခံဖွယ်ရှိပြီး ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံစေရန်မှ အခြားသူများအား ကင်းလွတ်ခွင့် ပေးနိုင်မည့် အနေအထား ရှိကြောင်း ဝန်ကြီးအဖွဲ့မှ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သို့သော် ပြည်တွင်း၌ နိုင်ငံရေး လွတ်လပ်ခွင့် မရှိသေးခြင်း၊ လွှတ်တော်၌ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ရယူထားခြင်း ကိစ္စရပ်၊ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စရပ်များမှာ ပြည်တွင်းသို့ ပြန်လည်၍ လုပ်ကိုင်ရန်အတွက် အတားအဆီးကြီးအဖြစ် ရှိနေဆဲဖြစ်ကြောင်း FDB မှ တင်ပြခဲ့သည်။
ဆွေးနွေးပွဲတွင် ဦးအောင်မင်းက “ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ ပြောင်းလဲသင့်တဲ့ အပြောင်းအလဲကို လွှတ်တော်ထဲမှာ တင်ပြလာလို့ရှိရင် တပ်မတော်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေဆိုရင် ပူးပေါင်း လုပ်ဆောင် သွားမှာပဲပေါ့။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတုန်းက လည်း NLD ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်တဲ့နေရာမှာလည်း တပ်မတော်က မဲပေးပြီး ထောက်ခံခဲ့တာပဲ” ဟု ပြောကြောင်း ဒေါက်တာနိုင်အောင်က ပြန်လည် ရှင်းပြသည်။

ထို့အတူ NLD-LA မှ ဒေါက်တာအေးကျော် ဦးဆောင်သည့် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့က လည်း ပြည်တွင်း၌ ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည်လုပ်ကိုင် နိုင်ရေးနှင့် ပြည်တော် ပြန်နိုင်ရေး ကိစ္စရပ်များအတွက် ညနေ ၄ နာရီ ခွဲခန့်တွင် ဦးအောင်မင်း တို့နှင့် ဆွေးနွေးခဲ့ပြီး NLD-LA အား မတရားအသင်းအဖြစ် ကြေညာထားခြင်း ခံရမှုအား ဖျက်သိမ်းပေးရန် တောင်းဆို တင်ပြခဲ့သည်။

“ဝန်ကြီးတို့ ဘက်ကတော့ အထဲကို ပြန်လာပြီး အထဲမှာ ပြန်လုပ်ဖို့ ပြောပါတယ်။ ကျနော်တို့က ၁၇(၁) တွေ ရှိနေသေး တယ် ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။ ဒါကို ဘယ်လိုကျော်ဖြတ်ကြမ လဲပေါ့။ သူတို့ဘက်က ပြန်လည် ဖြေကြားတဲ့ အနေအထား ကလည်း အားရစရာ ကောင်းပါတယ်။ ဒီကိစ္စတွေကို ဥပဒေနဲ့အညီ ရှင်းလင်း ဆောင်ရွက် သွားမယ်၊ နောက်ဆုံး သမ္မတကြီးဆီ တင်ပြသွားပြီးတော့မှ ပြန်လာလို့ ရအောင် စီစဉ် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်” ဟု NLD-LA ခေါင်းဆောင် ဦးမြင့်သိန်း က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကချင်စစ်ပွဲ ရပ်ဆိုင်းရေးနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ABSDF အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံပွဲမှာမူ အမြင်ဖလှယ်သည့်အလွတ်သဘော တွေ့ဆုံမှု သာ ဖြစ်ကြောင်းနှင့် တင်ပြတောင်းဆိုမှု မရှိကြောင်း ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း က ပြောသည်။

“ကျနော်တို့ ဝန်ကြီးကို နှုတ်ဆက်တယ်။ အမြင်ချင်း ဖလှယ်ကြတဲ့ အဆင့်လောက်ပါပဲ။ ထွေထွေထူးထူး တင်ပြပြီး ဆုံးဖြတ် သဘောတူကြတာတော့ မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
ဒေါက်တာ စင်သီယာမောင်နှင့် မယ်တော် ဆေးခန်း၌ တွေ့ဆုံခဲ့ရာတွင်လည်း ဆေးခန်းအား တရားဝင် ဆေးခန်းအဖြစ် သတ်မှတ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ဦးအောင်မင်းက ပြောကြောင်း သိရသည်။

နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများအား ကျန်းမာရေး ကူညီစောင့်ရှောက်မှု ပေးနေသည့် မယ်တော် ဆေးခန်း အခက်အခဲများ၊ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့် ပညာရေး လူမှုရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။ ထို့ပြင် ဇွန်လ ၂၇ ရက်နေ့၌ မယ်တော် ဆေးခန်းသို့ ဦးအောင်မင်း ထပ်မံသွားရောက်၍ အလှူငွေ ပေးအပ်မည်ဖြစ်သည်။

“မနှစ်က ဆိုရင် မြန်မာပြည်သား တသိန်း နှစ်သောင်းလောက် ကုသ ပေးခဲ့တယ်။ တလကိုလူတသောင်း   လောက်ရှိပါတယ်။ အဲဒီ လူနာတွေရဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ အစိုးရ တဖွဲ့ ဖြစ်လာရင်အားလုံးအတွက် လိုအပ်မယ့် အချက်ကို လုပ်ပေးချင်တဲ့ စေတနာနဲ့ ဒီလို လုပ်တာဖြစ်တယ်” ဟု အကျိုးဆောင် ကိုညိုအုန်းမြင့် က ပြောပါသည်။

KNU နှင့် ဦး အောင်မင်းတို့ တွေ့ဆုံပွဲ၌မူ ဆက်ဆံရေးရုံး ထားရှိရေး၊ အမျိုးသားမှတ်ပုံတင်ကိစ္စ၊ ရွှေတူးလုပ် ငန်းကြောင့် လယ်ယာမြေများ ပျက်စီးရမှု၊ မြေအသိမ်းခံရမှုစသည့်အချက်များကို ဆွေးနွေးခဲ့ကြ သည်။

“ဒီအကြောင်းအရာတွေက အကြောင်းအရာဟောင်းပါပဲ။ ပိုပြီး ခိုင်လုံအောင် တင်ပြဆွေးနွေးတာပါ။ နောက် တပ်မဟာ (၅) ဘက်မှာ ဒေသခံတွေ သွားလာနေတာ စစ်တပ်က ခြိမ်းခြောက် နေတာတွေလည်း တင်ပြခဲ့ပါတယ်။ အစိုးရဘက် က KNU နဲ့ သဘောတူ ထားပြီးသားဖြစ်တဲ့ နေရာတွေမှာ ဆက်ဆံရေး ရုံးသစ်တွေ တိုးချဲ့ဖွင့်လှစ်ဖို့ တောင်းဆိုထားပေမယ့် လိုအပ်တဲ့ လူဦးရေနဲ့ အထောက်အပံကြောင့် မြန်မြန် တိုးချဲ့ မဖွင့်နိုင်သေးတာ ရှိတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ KNU အရာရှိတဦးက ပြောသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ နောက်ထပ် တွေ့ဆုံရန်ရှိပြီး သြဂုတ်လလောက် ၌ ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ အရာရှိက ပြောသည်။

ဦးအောင်မင်းနှင့် ဦးခင်ရီတို့ ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ဦးငွေစိုး၊ ဦးတင်မောင်သန်း၊ ဦးကိုကိုမောင်၊ ဦးလှမောင်ရွှေ၊ မစု နှင့် မစန္ဒာမြင့်သိန်းတို့ ပါဝင်ကြပြီး တနင်္လာနေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)တို့နှင့်လည်း ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တွေ့ဆုံပြီးအဖွဲ့များအား နောက်ထပ် တွေ့ရန် အစီအစဉ် ရှိသော်လည်း ရက်သတ်မှတ် ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

ဟင်္သာနီ (မွန်မြေ) - စံခလပူရီ (မဇ္ဈိမ)


Sunday, June 17, 2012

DASSK's 67th Birthday organised by JACDB at Granville Town Hall on June 16, 2012
















Opening Speech by U Maung Maung Aye


Good evening!
Ladies and gentlemen,
First of all, I would like to state that it is a great honour for me to speak on behalf of JACDB on the occasion of the 67th Birthday anniversary of Daw Aung San Suu Kyi. As you all know, she is not only multi awards winner but also an opposition leader of the Parliament in Burma. Meanwhile, I would like to take this opportunity to extend, my sincere thanks to the leaders of JACDB. At the same time, I would like to express our thanks to all special guests. In addition, our thanks go to the friends who are helping for hall rent, decorations, PA system, Fund-raising and entertainments. Especially, my sincere thanks go to U Pantra and entertainers who are performing this evening.
We are holding this event to honour DASSK as a greatly respected person. Next 3 hours in Oslo, DASSK will be attending the Noble Peace Prize ceremony to accept the prize in person. She is a tireless person working for the emergence of democracy, human rights, ethnic rights, freedom and peace in Burma. She also has many other distinguished attributes. DASSK is the hope of all democracy loving people in Burma. She is the icon of democracy and freedom not only for Burma but also for the whole world.
Today, DASSK is not only a Noble Peace Prize winner but also a figure respected by all nations in the world. It is an honour to have that kind of person in our country.

At this moment in time, the attributes of DASSK are extensive. These attributes are impossible to be counted. So, I would like to quote from her address at the recent World Economic Forum held at Bangkok.
“The question of whether Burma will continue with the democratic reforms or step back from them depends entirely on the position of the military on the current reforms. To clarify this statement I would like to add that it depends on the national commitment whether these reforms will draw back or not. Commitment means whole-hearted attempt, steadfastness and unwavering determination to reach the intended goal. Everybody who wishes for our country to develop must have this commitment. I had spoken that the international community should be caution on the developments as the current situation in Burma is at the point where we cannot definitely say it will not backslide.”
Consequently, I would like to say that the changes in Burma are still at the beginning stage. The changes still cannot be call as genuine. It is still not real change. Likewise, DASSK is against the reckless optimism on the current situation in Burma.
In conclusion, I would like to urge the Burmese community in Australia to take above mentioned points spoken by DASSK and to continue our struggles to restore a truly democratic system in Burma and develop our motherland.
Please allow me to conclude my speech with these birthday wishes. I wish her a wonderful Birthday filled with happy, healthy, love and all good things. Moreover, I congratulate DASSK on her 67th birthday.
Thank you very much.