Saturday, March 31, 2012
DASSK's PRESS CONFERENCE, 30-03-2012
သတင်း - ပြည်တွင်း
D_press_03ဒေါ်အောင်ဆန်း စုကြည်၏ ယနေ့ နံနက် ကိုးနာရီ တွင် ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲ၌ သတင်း သမား အယောက် သုံးရာ ကျော်နှင့် ရွေးကောက်ပွဲ စောင့် ကြည့် လေ့လာ သူ နှစ်ရာကျော် တက်ရောက်ကြောင်း ခန့်မှန်း ရပါသည်။ ယင်း သတင်းစာ ရှင်းပွဲ၌ ဒေါ်အောင်ဆန်း စုကြည်က “ယခု ကျင်းပတဲ့ ရွေးကောက် ပွဲဟာ တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူး လို့” သတင်းစာ ဆရာ များကို ပြောကြား လိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်ဖြင့် လွတ်တော်ထဲရောက်ရှိပါက ၀န်ကြီးနေရာ တစ်နေရာအတွက် ကမ်းလှမ်းလာပါက လက်ခံရန် အစီအစဉ် ရှိပါသလား ဟု သတင်းစာ ဆရာတစ်ဦးကမေးမြန်းရာ ဒေါ် အောင်ဆန်းစုကြည်က " ၀န်ကြီးနေရာအတွက် မကမ်းလှမ်းသေးဘဲနဲ့ လက်ခံမယ် လက်မခံဘူး မပြောသင့်သေးပါဘူး။ လွတ်တော်ထဲရောက်ဖို့ လုပ်ရတာ လွယ်လွယ်လေး လုပ်ရတာ မဟုတ်ပါဘူး။ ဒါကြောင့်လွတ်တော်ထဲကလည်း ခဏလေးနဲ့ ထွက်သွားမှာလည်း မဟုတ်ပါဘူး " ဟုပြန်လည်ဖြေကြားသွားခဲ့သည်။
“ကြိုတင်မဲစာရင်းတွေကို ကော်မရှင်က ကြေညာပေးသင့်တယ်။ ထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးရှိမယ် လို့လည်းထင် တယ်။ ကြိုတင်မဲကိစ္စက ကျွန်မတို့ခဏခဏပြောနေရတဲ့ ကိစ္စပဲ” ဟု ပြောသည်။
D_press_05သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ - အင်တာနက်)
ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြသာနာများသည် ဖြေရှင်းနိုင်မည့်နည်းလမ်းရှိပါက ချက်ချင်းပြောကြား မှာဖြစ်ပြီး အခြေခံအားဖြင့် ယုံကြည်ချက်များအားနည်းလျှက် ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်း သား များကြားမှာညီညွတ်မှု ၊တစ်ဦးပေါ်တစ်ဦး လေးစားကြရန်နှင့် အခြေခံပင်လုံစိတ်ဓါတ်မွေးမြူရန်လိုကြောင်း ပြောကြားသွားပါ သည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အားလုံးလက်ခံနိုင်သော ထာဝရအဖြေကို ရှာရမည်ဖြစ် ကြောင်း၊ ငါးနှစ် ရပ်တန့်ရုံနှင့် မရကြောင်း ပြောဆိုသွားခဲ့ပါသည်။
“လွှတ်တော်ထဲမှာ အသံတစ်သံကတောင် တကမ္ဘာလုံးကို ပြန့်နိုင်ပါတယ်။ လူထုအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင် ကြိုးစားသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။
ဒေါ်အောင်ဆနုးစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်နေကြခြင်းများ ရှိသဖြင့် သီသန့်လုံခြုံရေး အစီအစဉ်များ ဆောင် ရွက်သွားရန်ရှိမရှိ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မအနေနဲ့ ပြည်သူတွေကြားထဲမှာနေတာ ဆိုတော့ လုံခြုံနေပါပြီ ၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး သီးခြားစီစဉ်စရာ မလိုပါဘူး” ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။
Messenger ဂျာနယ်မှ ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်မည့် မီဒီယာများကို ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ မီဒီယာများအတွက် အခက်အခဲများစွာ ရှိသည်ဟု သုံးသပ်နေသည့် အပေါ် ဒေါ်အောင်ဆန်ုးစုကြည်အနေဖြင့် မည်ကဲ့သို့သုံးသပ်ကြောင်း မေးမြန်းခဲ့ရာ “ စည်းကမ်းချက်တွေက မီဒီယာ တွေအတွက် ခက်ခဲတယ်ဆိုရင် ခက်ခဲတာပေါ့ အခုရွေးကောက်ပွဲအတွက် အဲဒီအခက်အခဲကလဲ အားနည်းချက်တစ်ရပ်ပဲ ” ဟု ဒေါ်အောင်ဆန်ုးစုကြည်က ပြောကြားခဲ့သည်။
D_press_07သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော သတင်းထောက်များနှင့် ပရိတ်သတ်များ (ဓါတ်ပုံ - အင်တာနက်)
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဆိုင်ရာ မှားယွင်းမှုများသည် ဒီမိုကရက်တစ်ကျသည့် ရွေးကောက်ပွဲတစ်ခုက လက်ခံနိုင်သည်ထက် ကျော်လွန်နေကြောင်း၊ သို့ရာတွင် မိမိတို့ ပြည်သူများ လိုချင်နေသည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကြားဖြတ် ရွေးကောက်ပွဲကြောင့် ပြည်သူများ၏ နိုင်ငံတွင်း နိုင်ငံရေး အသိတရား နိုးကြားမှုများ တိုးတက်နေပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''သိပ်ကြီးတော့ နေမကောင်းသေးပါဘူး''ဟု ပြောကြားခဲ့ပြီး ပြည် သူများအနေဖြင့် စိတ်မပူရန် ပြောကြားခဲ့ပြီး ပြုပြင်ပြောင်း လဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမည် ဖြစ်ကြောင်း ပြောပါသည်။
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများ ပိုမိုများပြားလာ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်များအတွင်း သတင်းထုတ်ပြန်ခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် မဲဆန္ဒအတွက် ကြိုတင်မဲများကို ကောက်ယူလျက်ရှိသည်ဟု သတင်းဌာနများမှ ကြားသိနေရပါကြောင်း၊ ကြိုတင်မဲနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု ကော်မရှင်က မတ် (၃၀.၃.၂၀၁၂) ရက်မှ (၃၁.၃.၂၀၁၂) ရက်အထိတွင်သာ ကောက်ယူရန် ညွှန်ကြားချက်ကို ဆန့်ကျင်နေသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ထားပါသည်။
D_press_13ဒေါ်အောင်ဆန်းစုကြည် မိတ်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ - အင်တာနက်)
ထို့အပြင် ဥတ္တရသီရိမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲတွင် အနှောင့်အယှက်များကို တွေ့နေခဲ့ရာမှ ၁၈.၃.၂၀၁၂ ရက်နေ့ တွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မြေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဦးမင်းသူ၏ ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံရသဖြင့် ဦးမင်းသူ၏ လုံခြုံရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ယင်းကဲ့သို့ အကြမ်းဖက်မှုကို အဖွဲ့ချုပ်က အစဉ်အမြဲ ဆန့်ကျင်ကြောင်း၊ သက်ဆိုင်ရာရဲ တပ်ဖွဲ့သို့လည်း အရေးယူပေး နိုင်ရန် တိုင်ကြားခဲ့ပါကြောင်း၊ အထက်ပါ ကိစ္စများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတကြောင်း ပြသလို၍ မြန်မာအစိုးရသည် လာမည့်ကြားဖြတ်ရွေး ကောက်ပွဲအတွက် ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ၁၅၀ ကျော်ကို ဖိတ်ကြား ထားသလို ပြည်ပမီဒီယာများ ကိုလည်း ဖိတ်ကြားထားပါသည်။
Sunday, March 18, 2012
Vote NLD Campaign
Condolence Letter to U Than Sein, MP
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်၊ အသက် (၆၃) နှစ်သည် သြစတြေးလျနိုင်ငံ၊ ဒါဝင်မြို့၌ ၁၅-၀၃-၂၀၁၂ ရက် ၊ နေ့ ၃ နာရီ ၃၀ မိနစ် အချိန်က ကွယ်လွန်သွားကြောင်း ကြားသိရ သည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
ဦးသန်းစိန်သည် ၁၉၉၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အားကိုယ်စားပြု၍ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးချယ်တင်မြှောက်ခြင်းခံ ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
ဦးသန်းစိန်သည် စင်ပြိုင်အစိုးရဖွဲ့စည်း၍နိုင်ငံတော်ကိုတော်လှန်ပုန်ကန်ရန်ကြိုးပမ်းခြင်း နိုင်ငံတော် အား လက်နက်စွဲကိုင်၍တော်လှန်ပုန်ကန်သော သောင်းကျန်းသူအဖွဲ့အစည်းများနှင့်ဆက်သွယ်ပူးပေါင်းခြင်း၊ ပုန်ကန်ရန်အဖွဲ့အစည်းများဖွဲ့စည်းခြင်းများကြောင့်ဟု အကြောင်းပြ၍  န၀တစစ်အစိုးရက ရွေးကောက် တင်မြောက်သူအဖြစ်မှ ပယ်ဖျက်သည်အထိ ၄င်း၏နိုင်ငံရေး ယုံကြည်ချက်အပေါ်အခိုင်အမာရပ်တည်   ဆောင်ရွက်သွားသူတစ်ဦးဖြစ်သည်။
ဦးသန်းစိန်သည် ၁၉၉၁ ခုနှစ်တွင်၊ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီး NCGUB, NCUB, MPU NLD-LA စသည့်အဖွဲ့အစည်းများတွင် တော်လှန်ရေးတာဝန်များကို တစိုက်မတ်မတ်ပါဝင်ဆောင် ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်တဦးအဖြစ် ကွယ်လွန် သည့်အချိန်အထိ စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက် သွားခဲ့သူတစ်ဦးအဖြစ် ကျွန်ုပ်တို့က ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
အထူးသဖြင့် NLD-LA (Australia branch) ၏ blog အား ကူညီပြင်ဆင်ရေးသား ပေးခဲ့မှု့ ကို ကျွန်ုပ်တို့က အမှတ်ရနေမည်ဖြစ်ပါသည်။
ဦးသန်းစိန်ကွယ်လွန်သွားခြင်းသည် မြန်မာ့တော်လှန်ရေးအတွက်ယုံကြည်ချက်ခိုင်မာ သော ခေါင်းဆောင်တယောက်ဆုံးရှုံးခြင်းသာမက မြန်မာနိုင်ငံသူ၊သားများအတွက်လည်း ပြည်သူ့ ကိုယ်စားလှယ်တစ်ဦး ဆုံးရှုံးသွားခြင်းဖြစ်ပါသည်။
ဦးသန်းစိန် ကောင်းရာသုဂတိလားပါစေ။
အလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (သြစတြေလျဌာနခွဲ)
ရက်စွဲ ။     ။ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၈) ရက် 
Friday, January 27, 2012
Statement of the Fourth CC Plenary Meeting
National League for Democracy (Liberated Area)
Statement of the Fourth Central Committee Plenary Meeting
1.   The fourth Central Committee plenary meeting of the National League for Democracy (Liberated Area) was held at a certain place on Thai-Burma border on 9th through 13th January, 2012 to discuss about rapidly changing current political situation, dialogue, national reconciliation, review of 2008 constitution and possibilities regarding coordination and integration with newly registered National League for Democracy.
2.   After making such assessments on current situation and developments, National League for Democracy (Liberated Area) decides to continue to hold the principle which is to "hoist the flag of the National League for Democracy till to its success based on principles and positions set under the leadership of Daw Aung San Suu Kyi and the NLD"
3.   The NLD-LA also decides to continue its existence and activities till its aims and basic principles have been obviously met.
4.   The NLD-LA extends the Central Executive Committee up to 12 members to strengthen its political activities given the current situation.
5.   The NLD-LA decides to support the decision of the NLD to register as a new political party and to participate in the upcoming elections in 2012. It also forms  a "Committee for Coordination and Integration with the National League for Democracy" in order to be able to assist the national reconciliation process of the NLD with the continued coordination and cooperation with alliance organizations and to coordinate and work accordingly with the NLD.
6.   The Fourth Central Committee plenary meeting warmly welcomes the release of political prisoners including students' leader Min Ko Naing and ethnic leader Khun Tun Oo and attempts for cease fire and peace between the government and ethnic armed forces.
Central Committee
National League for Democracy (Liberated Area)
January 21, 2012
Central Committee Meeting of NLD-LA
Tuesday, December 13, 2011
Annual general meeting
   Date: December 12, 2011
Dear friends,
You are cordially invited to join a first section that is a part of the annual general meeting of NLD-LA (Australia). Your participation would be very much appreciated. We will discuss a current political situation on Burma at the first section. Details of the program are as follows:
Date:          Boxing Day, 26-12-2011
Time:                   10.00 am – 12 pm
Place:          75 Aliberti Drive, Blacktown
We are looking forward to seeing you at the meeting.
Refreshments will be served at the meeting.
Contact person:    Ko Richard (Mobile: 0433373643)
Best regards,
Maung Maung Aye
NLD-LA (Australia)