Showing posts with label NLD-LA(Australia). Show all posts
Showing posts with label NLD-LA(Australia). Show all posts
Wednesday, April 4, 2012
Sunday, March 4, 2012
Sunday, November 6, 2011
Public Meeting
အစည်းအဝေးထုတ်ပြန်ကြေညာချက်
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက် နယ်မြေ (သြစတြေးလျ) မှဦးစီး၍ နိုင်ငံရေးအစည်းအဝေးတရပ်ကို ဆစ်ဒနီမြို့ရှိ community Center, Harris Park ၌ နေ့ ၁၂ နာရီမှ ညနေ ၄ နာရီအထိကျင်းပခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံရေးစိတ်ပါဝင်စားသူများအပါအ၀င် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ လူဦးရေ ၃၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အခန်းအနားသဘာပတိများအဖြစ် NLD ဆိပ်ကမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် မန္တလေး၊ အရှေ့မြောက်မြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးတို့က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် NLD ဆိပ်ကမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက အဖွင့်အမှာစကားပြောကြားပြီး NLD မန္တလေး၊အရှေ့မြောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမောင်မောင်အေးက NLD မှတ်ပုံတင်ရေးအချေအနေများနှင့်ပတ်သက်၍ သုံးသပ်တင် ပြခဲ့သည်။ အစည်းအဝေးတက်ရောက်လာသူများက NLD မှတ်ပုံတင်ရေးအချေအနေများအပေါ် အမြင်သဘောထားများ ဆွေးနွေးဖလှယ်ခဲ့ကြကာ အစည်းအဝေးမှ အများသဘောတူသဘောထား တရပ်ချမှတ်ခဲ့သည်။ အစည်းအဝေး၏သဘောထားမှာ-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်ပုံတင်ရေး၊ မတင်ရေးသည် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးနှင့် ဆက်စပ်နေသောကိစ္စဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တပ်ဦးမှဦးဆောင်နေသော ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီကြီးဖြစ်သည့်အတွက် မှတ်ပုံတင်ရေး၊မတင်ရေး ကိစ္စသည် တနိုင်ငံလုံးနှင့် သက်ဆိုင်သောကိစ္စလည်းဖြစ်သည်။ သို့ဖြစ်၍ မှတ်ပုံတင်ရေး၊ မတင်ရေး
ကိစ္စစဉ်းစားရာတွင် ၂၀၀၉ ခုနှစ်၊ ရွှေဂုံတိုင်ကြေငြာစာတမ်းအတည်ပြုခဲ့စဉ်ကအစဉ်အလာ၊ ၂၀၁၀ ခုနှစ် မှတ်ပုံတင်ေ၇း၊ မတင်ရေးကိစ္စဆောင်ရွက်ခဲ့သည့် အစဉ်အလာများအတိုင်းတနိုင်ငံလုံးရှိအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်များ၊ တိုင်းများ၊ မြို့နယ်များ၏ သဘောထားများကိုဆွေးနွေးရယူ ပြီးမှ ဆောင်ရွက်ပါရန် အကြံပြုတိုက်တွန်းအပ်ပါကြောင်း။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်
Saturday, July 16, 2011
Public Forum organise by JACDB, Sydney, 16-07-2011
Public Forum-Sydney, 2011
လူထုနှီးနှောဖလှယ်ပွဲ၊ ဆစ်ဒနီ
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်
U Maung Maung Aye, MP, NLD ( 1990 Election )
Patron, Joint Action Committee for Democracy in Burma
လွှတ်တော်တွင်းနိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေး
လေးစားအပ်တဲ့ဒီမိုကရေစီမြတ်နိုးသူအပေါင်းတို့ခင်ဗျား -
ယနေ့ကျနော်တင်ပြမည့်အကြောင်းအရာက မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကတော့ စစ်ကောင်စီ၊ စစ်အစိုးရနဲ့ ဒီစစ်အာဏာရှင်တွေ ကို ဆန့်ကျင်နေကြတဲ့ အင်အားစုတွေရဲ့အနေအထားကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ မြင်ကွင်းကပြောင်းသွားပါတယ်။ လွှတ်တော်တွင်းနိုင်ငံ ရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ပုံစံပြောင်းသွားတာထူးခြားချက်ဖြစ်ပါတယ်။ ဒီလိုအနေအထားဖြစ် အောင်ဖန်တီးခဲ့ကြသူတွေက န၀တ၊ နအဖ စစ်အုပ်စုဘဲဖြစ်ပါတယ်။ နအဖ ဖန်တီးထားတဲ့ လွှတ် တော်တွင်းနိုင်ငံရေးအခင်းအကျင်းကို ပထမတင်ပြပါမယ်။ Monday, June 20, 2011
Saturday, May 28, 2011
Subscribe to:
Posts (Atom)




