Tuesday, May 3, 2011

၂၁ရာစု ဒီမိုကရက်တစ် ပင်ကိုယ်သိစိတ်

၂၁ရာစု ဒီမိုကရက်တစ် ပင်ကိုယ်သိစိတ်

NLD Forces, Melbourne

ဓမ္မခွန်အား ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်ပြည့်


Myanmar to grant amnesty to prisoners

May 2, 2011
Straits Times - Myanmar to grant amnesty to prisoners: official

YANGON - MYANMAR'S new military-backed government is preparing to grant an amnesty to some prisoners, an official said Monday, but it was unclear whether they would include political dissidents.

The move is expected to coincide with President Thein Sein's visit to Indonesia from Thursday to attend a summit of Southeast Asian leaders, his first overseas trip since he was sworn in as head of state on March 30.

'Some prisoners will be released around the time of the president's first state visit,' said the official, who spoke on condition of anonymity and did not provide further details.

According to the London-based human rights group Amnesty International there are more than 2,200 political prisoners in Myanmar being held under vague laws frequently used to criminalise peaceful political activists.

Opposition leader Aung San Suu Kyi was released from house arrest in November shortly after an election that led to the handover of power from the military to a nominally civilian government.

Her release was welcomed worldwide, but Western governments who impose sanctions on Myanmar have urged the new government to do more to demonstrate its commitment to improving its much criticised human rights record.

Thursday, April 28, 2011

Burma's Big Lie

Burma's Big Lie


SBS Dateline
Burma's first election in 20 years delivered a decisive win to the ruling military junta last November, immediately international leaders and Burmese dissidents declared the election a sham, with reports of voter intimidation and electoral fraud. Now, through underground contacts inside the deeply secretive country, Dateline's Evan Williams has interviewed Aung San Suu Kyi for her reaction to the election and has received footage filmed undercover showing how the military crafted the election outcome.
REPORTER: Evan Williams
For supporters of Aung San Suu Kyi, patience is a virtue. This was the scene outside her front gate before her long-awaited release from house arrest last November. When the moment game they couldn't restrain their joy. This is the woman many consider the rightful ruler of Burma, and the next day they were back to hear her speak.
AUNG SAN SUU KYI, OPPOSITION LEADER (Translation):  I have said many times that I rely on the people’s power, without the people’s power nothing can succeed. So this power will be used methodically – just wanting something is not enough, you must know how it get it, you must also dare to do it and be able to do it…
While the crowds were delighted, Aung San Suu Kyi's appearance came just six days after Burma's first elections in 20 years. This is how the vote was shown on Burma's state-run television. The result was a resounding win for the military-backed party the USDP, but in an exclusive interview for Dateline, Aung San Suu Kyi said the result was meaningless.

Monday, April 25, 2011

DVB - 19.04.2011 - Feature

Signature Campaign in Burma vital point - U Win Tin

လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရန် ပန်ကြားစာကို အင်န်အယ်ဒီ ၀က်ဆိုက်မှာ အခုလို တွေ့နိုင်ပါတယ်။ http://burmese.nldburma.org/campaign/2011-04-18-16-33-58/285-2011-04-18-16-03-10.html

Saturday, April 23, 2011

အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်

Time မဂ္ဂဇင်း သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြ

တိုင်းရင်းသား ၅ ပါတီ ဆွေးနွေးပွဲ ကျင်းပမည်

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သမ္မတထံပေးစာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး

အစိုးရသစ်ကိုလက်ခံသည့်အပေါ်ဝေဖန်မှုများကိုဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း

Thursday, April 21, 2011

အင်တာနက်ဖိနှိပ်မှု ကမ္ဘာမှာ မြန်မာအစိုးရ ဒုတိယ အဆိုးဝါးဆုံး

အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်

A Function of NLD-LA(Australia-Branch) April 16, 2011




အစိုးရဘက်က ထိုးစစ်ဆင်နိုင်သည့်အတွက်ခုခံရန်ပြင်နေဟု မွန်ပြည်သစ်ပါတီပြော

Daw Aung San Suu Kyi Awards Unkown Heros

မြန်မာကို အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် လက်မခံလိုဟု အမေရိကန် ပြော

Monday, April 11, 2011

ဦးသိန်းစိန်ထံ NLD စာရေးသား, 2011-04-10


2011-04-09
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ အစိုးရအဖွဲ့သစ်ကို ပထမဆုံး စတင် ဆက်သွယ်မှုအနေနဲ့ သမ္မတ ဦးသိန်းစိန် ထံကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတစောင် ရေးသားပေးပို့ လိုက်ပြီဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

Sunday, April 3, 2011

မြန်မာ့ ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်သေးတာလဲ

ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၊ ၂၀၁၁
မတ်လ ၃၁ ရက်နေ့မှာ နအဖစစ်ကောင်စီရဲ့ ကြံ့ဖွံ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုတယ်။ နအဖစစ်ကောင်စီရဲ့ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က တရားဝင် အစားထိုးနေရာယူလိုက်ပြီ လို့ ဆိုပါတယ်။ ၁၉၈၈ က ပေါ်ထွန်းခဲ့တဲ့ န၀တ စစ်ကောင်စီ၊ ၁၉၉၇ မှာ အမည်ပြောင်းလဲလိုက်တဲ့ နအဖ စစ်ကောင်စီ၊ တဖန် ယခု ၂၀၁၁ ခုနှစ်မှာတော့ စစ်ကောင်စီကို လုံးဝဖျက်သိမ်းလို့ (သတင်းများအရ) ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ဦးဆောင်သော အစိုးရတရပ် ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ အဲသည်အခြေအနေများအပေါ်မူတည်ပြီးတော့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ ၎င်းသဘောထားကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာတို့ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲသည် ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အစိုးရတရပ်ကိုကျတော့ ဆရာတို့က ဘယ်လိုသဘောထားမှာလဲ ဆရာ။
အခုပေါ်ထွန်းလာတဲ့ အစိုးရဆိုတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်လို့ ကျနော်တို့က မသတ်မှတ်ဘူး။ သို့သော်လည်း အင်န်အယ်ဒီပါတီအနေနဲ့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ မဆို တွေ့ဆုံ ဆွေးနွေးသွားဖို့ အဆင်သင့် ရှိတယ်လို့ သဘောထား ပြောဆိုထားတာ ရှိပါတယ်။ ဒါပါပဲ။

ဒါဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၈၈ အရေးတော်ပုံကြီးကနေ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်။ တပါတီအာဏာရှင်တွေကို ပြည်ဖုံးကားချပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေ တက်လာတယ်။ သူတို့တွေရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးပါတီတွေ ထူထောင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုပြပြီးတော့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကို အာဏာမလွှဲခဲ့ဘူး။ အဲသည်နောက်ပိုင်းမှာလည်း တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချူပ်ချယ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းတယ်၊ လုပ်ကြံ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်။ နောက်ထပ် အနှစ် ၂၀ ကြာတဲ့အခါမှာ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျ ထူထောင်ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ် ဦးစီးတဲ့ အစိုးရတရပ်ကိုတော့ အာဏာလွှဲလိုက်တယ်လို့ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေက သူတို့စစ်ကောင်စီကို ပြည်ဖုံးကားချလိုက်ပြန်ပြီလို့ ပြောရင် ရတာပေါ့။ အခုတက်လာတဲ့ အစိုးရဆိုတာဟာ အာဏာရှင်စနစ်ရဲ့ သမိုင်းနဲ့ အမွေတွေအားလုံးကို လက်ပြောင်းရယူလိုက်တဲ့ အစိုးရတရပ်ပဲလို့ ကျနော်တို့က ပြောလို့ ရမလား ဆရာ။
အခုလက်ရှိမှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက ပြည်ဖုံးကားနောက် ရောက်သွားပြီလို့ ပြောလို့ မရသေးဘူး။ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်ခွင့် ရှိရေး၊ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ရှိသေးတယ်။ အခြား တိုင်းပြည်ရဲ့ အထွေထွေ အရေးတွေလည်း ရှိတယ်။ အဲသည်အရေးကိစ္စတွေအတွက် အဖြေရှာနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်းကြဖို့ ဆိုတာတွေဟာ ဘာမှ အပြောင်းအလဲတွေ ဖြစ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒီသဘောထား ရပ်တည်ချက်တွေနဲ့ ဆက်လက် ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ တလျောက်လုံးမှာ အာဏာရှင်စနစ်က ပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်နေခဲ့သလို၊ အခုပေါ်ထွန်းလာတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတရပ်ကိုလည်း ဆက်လက် ရင်ဆိုင်သွားရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခုမေးချင်တာကတော့ ၁၉၈၈ မှာ ဦးနေ၀င်းကနေ ဗိုလ်ချူပ်စောမောင်ဦးဆောင်တဲ့ စစ်ကောင်စီကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ နောက်မကြာခင်မှာပဲ ဗိုလ်ချူပ် သန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီအဖြစ် သူတို့အချင်းချင်းက အာဏာကို ရယူလိုက်တယ်။ အဲသည်ကာလတလျောက်လုံးမှာ ကျနော်တို့တွေမှာ ဦးနေ၀င်းကြီးဟာ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကနေ ကြိုးကိုင်နေတယ်လို့ သံသယအကျိုးဆက်တွေ ခံစားခဲ့ရတယ်။ အခုအချိန်မှာလည်းပဲ ဗိုလ်ချူပ်သန်းရွှေဆိုတဲ့ စစ်အာဏာရှင်တယောက်ကနေပြီးတော့ သူစိတ်တိုင်းကျဖွဲ့စည်းထားတဲ့ အစိုးရ၊ ဆရာ့စကားနဲ့ ပြောရရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတခုကို တီထွင်ပြီးတော့ အာဏာလွှဲပေးလိုက်ပြန်ပြီ။ သည်တခါမှာလည်းပဲ မြန်မာပြည်နိုင်ငံရေးအနာဂတ်ဇာတ်ခုံနောက်မှာ ဗိုလ်ချူပ်သန်းရွှေတယောက်က ကြိုးကိုင် စီမံနေတယ်ဆိုတဲ့ အရိပ်မည်းကြီးက ဘယ်လောက်အထိ လိုက်ပါနေမှာလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲ။

ဒီလိုမျိုး ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ်တွေကြောင့်မို့ အာဏာရှင်စနစ်အောက်က ရုန်းထွက်လို့ မရနိုင်အောင် ဖြစ်နေရတယ်လို့ ထောက်ပြချင်တယ်။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ရပ်တည်ခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေပါနေရမယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူးကွာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အုပ်ချူပ်ရေးတွေမှာ လက်နက်ကိုင်စစ်တပ်က ၀င်ရောက် ချယ်လှယ်ခွင့် စိုးမိုးခွင့် ရှိတယ်လို့ ထည့်သွင်းထားတာကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အချိန်မရွေး တိုင်းပြည်ရဲ့ အာဏာကို သိမ်းခွင့်ရှိတဲ့ စနစ်မျိုးကို ကျနော်တို့ လက်မခံဘူး။ ဒါတွေကို လက်ခံထားရင် နေရာပေးထားရင် မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်မှာ အဆိုးသံသရာလည်နေမှာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံထားရင် မေးခွန်းမှာ ပြောထားသလိုမျိုး အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဘယ်တော့မှ မြန်မာပြည်ဟာ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး ပြောချင်တယ်။

ဒါဆိုရင် ဆရာတဦးတည်း အမြင်အနေနဲ့ အခုပေါ်ထွန်းလာတဲ့ အစိုးရအဖွဲ့ကို ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
ကျနော့်သဘောအနေနဲ့ကတော့ စစ်အာဏာရှင်တွေရဲ့ စစ်ကောင်စီကနေ မွေးဖွားလာတဲ့ အစိုးရတရပ်ဖြစ်တဲ့အတွက် ယခင် နအဖလက်ထက်ကတည်း ရှိနေတဲ့ အရေးအခင်းတွေ၊ ဖြေရှင်းရမယ့် ကိစ္စတွေ၊ အမွေဆိုးတွေကို အခုအစိုးရက အားလုံးကို လွှဲပြောင်းယူလိုက်ရပြီ ဖြစ်တယ်။ သူတို့တတွေက တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ ပြင်ဆင်စရာတွေကို အရင်ဆုံး ဆောင်ရွက်ပြီးမှ အကောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။ ဒါတွေကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း မပြုဘဲနဲ့တော့ အဲဒီရဲ့ အပေါ်ကနေ အကောင်းကို မျှော်လင့်လို့ မရဘူး။

သို့သော်လည်း ဆရာရယ် … ကျနော်တို့ဆီမှာက အခုတက်လာတဲ့ အစိုးရတို့ တဖက်သပ်ကျင်းပသွားတဲ့ ရွေးကောက်ပွဲတို့ ဆိုတာအပေါ်မှာ ကြံဖန်ပြီး အကောင်းမြင်နေတဲ့သူတွေ၊ အဖွဲ့တွေ ရှိတယ်။ တဖက်သတ် မျှော်လင့်ချက်တွေ၊ ကိုယ်ကျိုးကြည့်တဲ့ အမြင်ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် မြန်မာပြည်သူလူထုဟာ မျက်စိလည်ကုန်တာ၊ အမြင်မရှင်းတာတွေ ဖြစ်ကုန်တာတွေ ရှိတယ်။ ဥပမာအားဖြင့် အရင်တုန်းက အာဏာရှင်က မကောင်းတာပါ။ သူထက်စာရင် အခု အာဏာရှင်က ကောင်းပါတယ် တို့။ အရင်တုန်းကထက်စာရင် အခုဆိုရင် ပိုပြီးတော့ မြင်သာ ထင်တာတာတွေ ရှိလာပါပြီ တို့ … စသည်ဖြင့် ပြောကြ ဆိုကြတာတွေ ရှိလာတယ်။ ဒါတွေကို ဘာပြောချင်သလဲ ဆရာ။
ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ မဝေးလှတဲ့ အနှစ် ၂၀ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့တတွေက အမှန်အတိုင်း အရှိအတိုင်း ရှုမြင်သုံးသပ်ပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဂန္ဒီကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရက ၁/၉၀ နဲ့ တုန့်ပြန်တယ်။ အမျိုးသားညီလာခံလုပ်တယ်။ ကျနော်တို့ဖက်က ဆက်လက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားကြရတာပဲ။ ကျနော်တို့ကို အဲသည်တုန်းက အကြပ်ကိုင်ခံရတာတွေ ရှိတယ်။ ဖိနှိပ် ကန့်သတ်ခံရတာတွေ ရှိတယ်။ အမျိုးသားညီလာခံကိုလည်း တက်ခဲ့ရတာတွေ ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာလျင် အသင့်တော်ဆုံးဖြစ်တယ် ဆိုပြီး တစိုက်မတ်မတ် တောင်းဆိုရပ်တည် လှုပ်ရှားခဲ့တာပဲ။ နိုင်ငံရေးအရ အကျိုးမရှိဘူးဆိုရင် ဒါကို ကျနော်တို့က ဖုံးဝှက်မထားဘဲ ထုတ်ဖော်ပြောဆို ခဲ့ရတာပဲ။
အခုလက်ရှိမှာလည်းပဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး စတဲ့ နယ်ပယ်တွေမှာ လုပ်စရာတွေ ဖော်ဆောင်စရာ နိုင်ငံရေး အခြေအနေသစ်တွေ ဘယ်လောက် ပေါ်ထွန်းလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်တယ်။ အဲဒါတွေ ဘာမှ ပေါ်ထွန်းလာခြင်း မရှိဘူး၊ ဘာမှ မဖော်ဆောင်ဘူး။ ဒါတွေ အားလုံးကို ဇွတ်ငြင်းပြီ၊ ဒါတွေ အားလုံး ဘာမှ မပြောတော့ဘူး၊ မလုပ်ပေးတော့ဘူး ဆိုရင်တော့ ကျနော်အနေနဲ့က ဒါတွေကို ဖော်ထုတ်သွားမှာပဲ။ ဒါတွေကို ကျနော်တို့က ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ဒါတွေကို ကျနော်တို့က မျက်စိလည်သွားတာမျိုး၊ အမြင်ရှု့ပ်ထွေးပြီး မပြတ်မသားဖြစ်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။
--

Friday, April 1, 2011

အစိုးရသစ်ကိုအကောင်းဆုံးဖြစ်လာစေချင်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

သမ္မတ မိန့်ခွန်းအပေါ် NLD မျှော်လင့်ချက်ထား

China Urges Respect for New Burma Government


Peter Simpson | Beijing March 31, 2011 >






China has praised Burma’s new government for promoting democracy.  Beijing denounced other countries for criticizing its close neighbor’s new administration, which was sworn in this week.  

Offering China’s congratulations to the new Burma government, which took office Wednesday, Chinese Foreign Ministry spokeswoman Jiang Yu was quick to warn other countries not to meddle in its neighbor's internal affairs.



Jiang says Beijing disapproves of those countries which claim the new civilian-led parliament in Burma is merely the old, military-led government in a new guise.

She praised the new administration for what she calls promoting democracy.

The United States has been among the nations which have dismissed the transfer of authority in Burma as a sham. U.S. officials said Wednesday they will continue to push for what they describe as proper reform.

The U.S. and other critics claim that retired and serving military generals from the old government, together with technocrats, are maintaining their tight grip on power. The new president, Thein Sein, is a former general who gave up the uniform just last year to run in widely criticized elections.

China has close political, military and economic ties with Burma and has long been a staunch defender of its close ally.

It has been a strong supporter of the outgoing military government, which ruled Burma since 1988 in what they described as a "disciplined democracy." Burma has been under one form or another of military rule since 1962.

Spokeswoman Jiang Yu says the international community should respect Burma’s democratically elected government. And, she says it should help Burma to move along the path of economic growth and development.

Thursday, March 31, 2011

အစိုးရသစ်နှင့် ဆွေးနွေးရန် အသင့်ဟု NLD ဆို

အစိုးရအဖွဲ့ဝန်ကြီးနှင့်ဒုဝန်ကြီးစာရင်းကြေငြာ

အမျိုးသားကာကွယ်ရေးနှင့်လုံခြံရေးကောင်စီဖွဲ့စည်းမည်

မြန်မာအစိုးရသစ်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တုံ့ပြန်

ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင်

အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ

Friday, December 24, 2010

Burmese Junta Concern on ICC, Wikileaks


Daw Aung San Suu Kyi, NLD and Network Activities

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီနဲ့ ကွန်ယက်လှုပ်ရှားမှု၊ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေအားလုံး အသီးသီးမှာ အလုပ်တွေများနေကြတယ်။ စကားတွေ ပြောကြ၊ တွေ့ဆုံဆွေးနွေးကြ၊ ခရီးတွေ ထွက်ကြ၊ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ထုတ်ပြန်ကြနဲ့ တွေ့ရတယ်။ ပြည်တွင်း ပြည်ပက မေးမြန်းစုံစမ်းကြတာတွေကိုလည်း ဖြေရ၊ ရှင်းရနဲ့ မအားရအောင်ပါပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။ အခု ဒေါ်စုလုပ်နေ ကိုင်နေ ပြောနေတာတွေဟာ ဒေါ်စုတဦးတည်းရဲ့ သဘောထားတွေလား၊ အင်န်အယ်ဒီရဲ့ သဘောထားတွေလား၊ အတူတူပဲလား။


အခုအချိန်မှာ ခင်ဗျားတို့ဖက်ကပြောသလိုပဲ အချို့က ပြောကြတယ်။ ဒေါ်စုက အလုပ်တွေ အများကြီး လုပ်နေတယ်။ ဒါတွေဟာ အင်န်အယ်ဒီရဲ့ သဘောထားတွေ ဟုတ်ကဲ့လား။ ဒေါ်စုက သူလုပ်ချင်တာတွေ လျောက်လုပ်၊ လျောက်ပြောနေတာလား ဆိုတာမျိုး ဝေဖန်ကြတယ်။ ဒေါ်စုလုပ်တာတွေက သိပ်ကျယ်ပြန့်လွန်းတော့ အလှမ်းကျယ် အလယ်လတ်နေသလား။ တချို့နယ်စပ်မှာ၊ နယ်စပ်အလွန်မှာ လုပ်နေရတဲ့ ဟာတွေအတွက် အခက်အခဲတွေ ဖြစ်တယ် ဆိုပြီး ဝေဖန်ကြတာတွေလည်း ရှိတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ၊ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ကိစ္စတွေမှာ မေးမြန်းကြတာတွေမှာ မရှင်းလင်းတာတွေ ဖြစ်ကုန်တယ်လို့ ပြောကြတယ်။

Tuesday, December 21, 2010

Q & A with Daw Aung San Suu Kyi, RFA


“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၀)

မေးခွန်းမေးသူ။   ။ ကိုမောင်ကျော် (ကနေဒါနိုင်ငံ)
Q: ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ဒီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတွင်းရေးမှူးအဖြစ်နဲ့ စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းကြီး တခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးဟာ မြန်မာ့လွတ်လပ်ရေး သမိုင်းတလျှောက်လုံးမှာ တောက်လျှောက် ဦးဆောင်ခဲ့ပြီးတော့ ဒီ ကျနော်တို့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံသမိုင်းရဲ့ အလှည့်အပြောင်း ကံကြမ္မာဆိုး တခုအနေနဲ့ ပြည်တွင်းစစ်ကို မလွှဲမရှောင်သာဘဲအတွက် ဖြစ်ခဲ့ရတဲ့အချိန်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ တောခိုသွား  ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အခု အန်တီစုကနေပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်မှာ ကျနော်တို့ သိသလောက် NLDနဲ့ အန်တီစုဟာ ဒီမိုကရေစီ ရေးအတွက် ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ သို့အတွက်ကြောင့် အန်တီစုတို့ အနေနဲ့ ဒီ အားလုံး ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို စောစောက ပြောသလိုမျိုး ဗကပနဲ့ပဲဖြစ်ဖြစ် အတူလုပ်ဖို့ အဆင်သင့်ရှိမရှိ၊ ဒီမိုကရေစီ ရပြီးနောက်ပိုင်းမှာကော ဗမာပြည် ကွန်မြူနစ်ပါတီကို တရားဝင်ပါတီ အနေနဲ့ အသိအမှတ်ပြုမယ်လို့ ရှိမရှိ သိချင်ပါတယ်ခင်ဗျား။ 
A: ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်ဆိုတာဟာ အတိတ်ကို ပြန်ကြည့်တာထက် အနာဂတ်ကို ရှေ့ရှုရမယ့် အချိန်ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအချိန်မှာ ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်အစုအဖွဲ့ တခုအတွက်နဲ့တင် မဟုတ်ဘဲနဲ့ အားလုံးအတွက်၊ တနိုင်ငံလုံးမှာ ရှိတဲ့ အစုအဖွဲ့တွေ အားလုံး အတွက် လုပ်ရမယ့်အချိန် ဖြစ်လို့ အစုအဖွဲ့တွေ အားလုံးက ဒီလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရရှိနိုင်ဖို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးစေချင်ပါတယ်။ ဒီမိုကရေစီရပြီး၊ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရပြီဆိုလို့ရှိရင် အစုအဖွဲ့ အားလုံးဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေလဲ ရမှာပါ။ ဒါဟာ ကွန်မြူနစ်ပါတီရယ်လို့၊ ဘယ်ပါတီ ရယ်လို့၊ မဟုတ်ပါဘူး။ အားလုံးအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ပိုပြီးတော့ လုံခြုံမှုပေးမှာပါလို့ ကျမပြောပါရစေ။

Sunday, October 17, 2010

U WIN TIN - WE WILL BE POLITICAL FORCE IN SOLIDARITY OF BURMA

မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည်




ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ
အောက်တိုဘာ ၁၆၊ ၂၀၁၀
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလ နီးလာချိန်အတွင်းတွင် စစ်အစိုးရ၏ ကြံ့ဖွံ့နိုင်ငံရေးပါတီ၏ တဖက်သတ် အသာစီးယူထားသော မဲဆန္ဒနယ်များအားလုံးတွင် မဲပေးရေး၊ မပေးရေး အငြင်းပွားနေကြဆဲဖြစ်ရာ၊ အချို့ကလည်း ကြံ့ဖွံ့နိုင်ငံရေးပါတီကလွဲ မည်သည်ပါတီဖြစ်စေ မဲထည့်မည်ဟု ပြောဆိုနေကြသံများလည်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။
ပြည်နယ်နှင့် တိုင်း လွှတ်တော်ကြီးများအားလုံးရှိ အမတ်နေရာအားလုံးကို ၀င်ပြိုင်မည့် ကြံ့ဖွံ့ကို အခြား နိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလအမတ်များ ကိုယ်တိုင်က မည်သို့မျှ မနှိုင်းယှဉ်နိုင်သည်အဖြစ်ကို ရင်ဆိုင်နေကြရာ၊ အချို့ကလည်း လွှတ်တော်တွင်း လွှတ်တော်ပြင်ပတွင် ရေရှည် မည်သို့ ဆက်လက်ရပ်တည်သွားရမည့် စိန်ခေါ်ချက်အတွက် အမျိုးမျိုး ၀ိဝါဒများ ကွဲလျက်ရှိသည်ကို တွေ့နေရသည်။
သို့ဖြစ်၍ ၁၉၈၈ စက်တင်ဘာလကတည်းက တရားဝင်ရပ်တည်ပြီး အတိုက်အခံနိုင်ငံရေးပါတီအဖြစ် စစ်အစိုးရကို ရင်ဆိုင်ခဲ့သော၊ ဆက်လက်ရင်ဆိုင်လျက်ရှိသော မြန်မာပြည်၏ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီ၏ အတွေ့အကြုံများကို အခြေခံသည့် သဘောထားများကို ပါတီခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်ကို မေးမြန်းခဲ့သည်။
ဆရာဦးဝင်းတင်က ပြောကြားရာတွင် -


Sunday, October 10, 2010










စင်္ကာပူသို့ ဆေးလာကုသည့် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ စုပေါင်းဂါရ၀ပြုကြမည်


မိုးမခအထောက်တော် စင်္ကာပူ

အောက်တိုဘာ ၉ ၊ ၂၀၁၀

ယခင် ရက်သတ္တပတ်ခန့်က စင်္ကာပူနိုင်ငံသို့ လာရောက်ပြီး မျက်စိကုသမှုခံယူနေသော မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ဒုဥက္ကဌ သူရဦးတင်ဦးကို စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စုပေါင်း ပြီး ဂါရ၀ပြု အလေးအမြတ်ပြုကြမည့် အစီအစဉ်ကို လာမည့် တနင်္ဂနွေနေ့၊ တိုပါးယိုးဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီမှ ၂ နာရီ အတွင်း တွင် ကျင်းပမည်ဖြစ်၍ အားလုံးကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။




Thursday, October 7, 2010

DASSK sues for party registration

ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်စု တရားစွဲ



သတင်း

ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်စု တရားစွဲ
By မသင်းသီရိ အင်္ဂါ, 05 အောက်တိုဘာ 2010


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ စစ်အစိုးရကို စွဲထားတဲ့ အမှုအတွက် တရားမ အထွေထွေ လျှောက်လွှာကို ဒီကနေ့ တရားရုံးချုပ် ရန်ကုန်ကို တင်လိုက်ပါပြီ။ NLD အပါအဝင် အခြား နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ကိုယ်စားပြုပြီး အမှုစွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမှုကို ဥပဒေကြောင်းအရ ဆုံးခန်းတိုင်ထိ ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားတာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

Tuesday, October 5, 2010

Myanmar's Sham Election by Nick Clegg






International Herald Tribune - Op-Ed Contributo
Myanmar's Sham Election
By NICK CLEGG (deputy prime minister of Britain)
Published: October 3, 2010

We are now a month away from the first elections in Burma in 23 years. That should give us cause to celebrate. Sadly, that is wishful thinking. Burma’s 55 million people continue to suffer brutal oppression. Abject, needless poverty is, for most, a daily reality. These elections will be little more than a sham to perpetuate military rule.


Friday, October 1, 2010





New York Times - An Election Not Worthy of Support

By WIN TIN
Published: September 30, 2010

YANGON, MYANMAR — Navi Pillay, the United Nations High Commissioner for Human Rights, recently said the world must exercise “utmost vigilance” to ensure the approaching elections in Myanmar (Burma) are free and fair.

We are disappointed in such comments, which focus on the election as something important for our country, as something worth waiting and watching for, although this election is not the solution for Burma.

The elections, scheduled for Nov. 7, are designed to legalize military rule in Burma under the 2008 constitution, which was written to create a permanent military dictatorship in our country.

After the election, the constitution will come into effect, a so-called civilian government will be formed by acting and retired generals who all are under the military commander-in-chief, and the people of Burma will legally become the subjects of the military.

Media Release

သတင်းထုတ်ပြန်ချက်

၂၆-၀၉-၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၂) မြောက်အထိန်းအမှတ် အခန်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျ) ကဦးစီး၍ ဆစ်ဒနီမြို့၊ အသောကကျောင်းတိုက်တွင် ၂၆-၀၉-၁၀ နေ့တွင်ကျင်းပခဲ့သည်။

ဤအခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးပါတီတရပ် အဖြစ်ဆက် လက်တည်ရှိနေမှုကို အပြည့်အ၀ထောက်ခံရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ရွေးကောက်ပွဲ သပိတ်မှောက် ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အခန်းအနားသို့ ဆစ်ဒနီရှိအဖွဲ့အစည်းများမှ ခေါင်းဆောင်များအပါအ၀င် မြန်မာ့ဒီမိုက ရေစီရေးစိတ်ဝင်စားသူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ဗီဒီယိုမိန့်ခွန်း တင်ပြပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးက အခန်းအနားကျင်း ပရသည့်အကြောင်းရင်းနှင့် မြန်မာလူမျိုးစုလူမှုရေးအဖွဲ့ဥက္ကဥ ဒေါက်တာသန်းနိုင်က ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်နိုင်သည့်နည်းလမ်းများ တင်ပြခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် အထိန်းအမှတ်အဖြစ်လည်း ဗီဒီယိုမှတ်တမ်းခွေ ကိုပြသခဲ့သည်။အခမ်းအနားအစီအစဉ်အရ လက်ရှိနိုင်ရေးအချေအနေအပေါ်တက် ရောက်လာသူများမှ မေးမြန်းဆွေးနွေးမှုများပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

NLD-LA (Australia)

Monday, April 26, 2010

“လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”

ဧရာဝတီ Saturday, April 24, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေ အနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။ အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။


မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ်နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။

Sunday, April 25, 2010

အဖွဲ့ချုပ်က စစ်အစိုးရကို တရားစွဲရန်ပြင်

နန်းခမ်းကယောက် ၂၂ ဧပြီ ၂ဝ၁ဝ –DVB


၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်အစိုးရကို တရားစွဲဆိုရေး တရားရုံးချုပ်ဆီ တောင်းဆိုဖို့ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ စာရင်း စတင်ကောက်ခံနေပြီလို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

Friday, April 23, 2010

ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ


22 April 2010 VOA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

Thursday, April 22, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (၄)

မိုးမခ၊ ဧပြီ ၂၂၊ ၂၀၁၀


စစ်အာဏာရှင်ယန္တရား ဒေါက်တိုင် ၂ ခု - စစ်ထောက်လှမ်းရေးနဲ့ ၀ါဒဖြန့်ချိရေး
မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်၊ ၀ါရင့်စာနယ်ဇင်းသမား၊ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်၊ မေးခွန်းတွေ မေးဖြစ်ခဲ့တာတွေထဲက အခြေအနေနဲ့ သင့်တော်တာတွေကို ပြန်လည် ကောက်နုတ်ဖော်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအနေ မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်အပြီးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး မဏ္ဍိုင်ကြီးတွေဖြစ်တဲ့ ပြည်တွင်းသတင်းစာတွေကနေပြီးတော့ - ပြည်ပရှိ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ပြည်တွင်းရှိ အတိုက်အခံပါတီကြီးနဲ့ ခေါင်းဆောင်များကို ပုတ်ခတ်ခြင်းနဲ့ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီရေး ထောက်ခံအားပေးသူများအားလုံးကို စစ်အစိုးရရဲ့ ရန်သူများအဖြစ် သမုတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်လာတာကို တွေ့နေရပါတယ်။
စစ်အစိုးရကိုယ်တိုင်က “အများပြည်သူလူထုလိုလားတဲ့” ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်လို့ အတိအလင်း ကြေညာထုတ်ပြန်ထား၊ ၀န်ခံစကားပြောကြားထားသော်လည်း ယခုလိုမျိုး တိုက်ခိုက်နေတာတွေတာဟာ ဟိုးယခင်ကာလများက (၁၉၉၀ ရွေးကောက်ပွဲ ၀န်းကျင် နဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ခေတ္တလွတ်မြောက်လာစဉ် အချိန်ကာလတိုအတွင်း) စစ်အစိုးရရဲ့ အတိုက်အခံများအပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ ပြန်လည် တကျော့ပြန်လာတာလားလို့ မေးခွန်းထုတ်ဖြစ်တာ ဖြစ်ပါတယ်။
ဆရာက …

Saturday, April 17, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (3)


ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
မိုးမခ၊ ဧပြီ ၁၇၊ ၂၀၁၀
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။

Wednesday, April 14, 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (2)

မိုးမခ၊  ဧပြီ ၁၃၊ ၂၀၁၀
လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ

အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို “ဦးလှည့်” သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။

ပြည်သူ့လွှတ်တော် ခေါ်ယူရေး ပျက်ကွက်မှုဖြင့် မြန်မာစစ်အစိုးရကို NLD တရားစွဲဖို့ ပြင်ဆင်

12 April 2010 VOA
၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို မဲဆန္ဒရှင်တွေ ကိုယ်စား တရားစွဲဆိုမယ့် အစီအစဉ် တရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်နေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် မခေါ်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင် လူထုကို တောင်းပန်အပြီး တဘက်မှာ အခုလို လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို နစ်နာမှုဆိုင်ရာနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD က ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လွတ်တော်ခေါ်ယူရမယ် ဆိုတဲ့ စကားလုံး အတိအကျ ရှိထားပြီး ဒီအပေါ်မှာ လွှတ်တော်ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒသဘောထားလည်း ဖြစ်တယ်လို့ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခွင့်ပြု


2010-04-12 RFA
နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး ဆေးစစ်ဖို့အတွက် ဧပြီ ၁၁ ရက် မနေ့ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ အာဏာပိုင်တွေက ဆေးရုံသွားရောက် စစ်ဆေးခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ စစ်အစိုးရ အရာရှိတွေကို ကိုးကားပြီး အေအက်ပီနဲ့ ဒီပီအေ သတင်းဌာနတွေက ပြောပါတယ်။

ရွေးကောက်ပွဲအပေါ် အဖွဲ့ချုပ်သဘောထား သြစတြေးလျ သံအမတ် မေးမြန်း


နန်းခမ်းကယောက် ၈ ဧပြီ ၂၀၁၀ - DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ သဘော ထားကို သိနိုင်ဖို့ ရန်ကုန်ရှိ သြစတြေးလျသံအမတ် အမျိုးသမီးတဉီး လာရောက် မေးမြန်းခဲ့ကြောင်း ပါတီက ပြောပါတယ်။ ဒီနေ့ နေ့လည်လောက်က ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးကို သံအမတ်က လာရောက်ခဲ့တာ ဖြစ်ပြီး၊ နာရီဝက်လောက် ကြာတယ်လို့ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီး က ပြောပါတယ်။ တွေ့ဆုံချိန်မှာ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ စီမံခန့်ခွဲရေး အခြေ အနေနဲ့ လက်ရှိ လှုပ်ရှားမှု အခြေအနေကို မေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။
 ဒါ့ပြင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ပါတီက အဆုံးအဖြတ် ပေးပြီးတဲ့နောက် ပါတီဖျက်သိမ်းရမယ့် အနေအထားမှာ ပါတီအတွင်းက ရွေးကောက်ပွဲဝင်မယ့်သူတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။ ဒီအပေါ် အဖွဲ့ချုပ်သဘောထားကို မေးမြန်းသွားကြောင်း တွေ့ဆုံခဲ့သူ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီးက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်


2010-04-11 RFA
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD က သူတို့ပါတီအနေနဲ့ ပါတီမှတ်ပုံတင်မှာ မဟုတ်သလို စစ်အစိုးရရဲ့ လာမယ့် ရွေးကောက်ပွဲကိုလည်း ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့မှာ ဧပြီလ ၁၀ ရက် စနေနေ့က ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဘာ့ကြောင့် အဲဒီလို ဆုံးဖြတ်ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ALD ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို အခုလိုပြောပါတယ်။

အန်အယ်လ်ဒီ မှတ်ပုံမတင်တဲ့ကိစ္စ လူငယ်တာဝန်ခံတွေ လိုက်လံရှင်းပြ

2010-04-10 RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စနဲ့ အောက်ခြေပါတီဝင်တွေ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို မန္တလေးတိုင်း အန်အယ်လ်ဒီ ဗဟိုလူငယ် လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံတွေက စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

Tuesday, April 13, 2010

NLD ၏ ရပ်တည်ပုံအသစ်


ရန်ငြိမ်းအောင် (လူငယ်) | ကြာသပတေးနေ့၊ ဧပြီလ ၀၈ မဇ္ဈိမ

(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)

ပါတီ ဖျက်သိမ်းခံခဲ့ရမည် ဆိုလျှင်လည်း ဆုတောင်းပွဲများ ဆက်လုပ်နေဦးမည်

ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ – DVB

ပါတီမှတ်ပုံမတင်တဲ့အတွက် တကယ်လို့ သူတို့ပါတီကို ဖျက်သိမ်းခဲ့ ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြု ဆုတောင်းတာတွေကို ဆက်လုပ် သွားမယ်လို့ အပတ်စဉ် အင်္ဂါနေ့တိုင်း မေတ္တာပို့ ဆုတောင်းတာတွေ လုပ်နေတဲ့ အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြု၊ အဖွဲ့ချုပ်က ဒီမိုကရေစီရေးဆက်ကြိုးပမ်းမည်


ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ  DVB

- ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့ စာတမ်းတစောင် ထုတ်ပြန်ပြီး အခုလို ပြောကြားလိုက်တာပါ။

ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ဒေါ်စု ဝမ်းမြောက်

သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - မြင့်မောင် ဗုဒ္ဓဟူးနေ့၊ ဧပြီလ 07


ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ပြောဆိုသည်။

မြန်မာကို အဖွဲ့ကထုတ်ပယ်ဖို့ အရှေ့တောင်အာရှအမတ်များတိုက်တွန်း


2010-04-07 RFA

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးဖို့ မြန်မာစစ်အစိုးရက ပျက်ကွက်တဲ့အတွက် အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားပြီး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လွှတ်တော် ကိုယ်စားလှယ် ၁ဝဝ ကျော်က အာဆီယံ အဖွဲ့ကြီးကို ဧပြီ ၇ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မနက်ဖြန်ဗီယက်နမ်နိုင်ငံမှာ စတင်ကျင်းပမဲ့ အာဆီယံ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကနေ မြန်မာနိုင်ငံကိစ္စကို အရေးပေါ် ဆွေးနွေးပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက စာရေးသား တောင်းဆိုထားပါတယ်။

အကြမ်းမဖက် လမ်းစဉ်ကို NLD ဆက်လက် ကိုင်စွဲမည်

သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - ဖနိဒါ
အင်္ဂါနေ့၊ ဧပြီလ 06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီဖျက်သိမ်းခံရပါက ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် နည်းလမ်းကိုသာ ဆက်လက်ကိုင်စွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က ယနေ့ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အဲန်အယ်လ်ဒီ တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ


10 April 2010 VOA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ ဧပြီ ၁၁၊ ၂၀၁၀ moemaka.com
ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

Wednesday, April 7, 2010

NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော


ခိုင်သွယ် Monday, April 05, 2010 ဧရာဝတီ

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပါက မဲပေး၊ မပေးကို လူ ၅၀၀ ကျော်အား မေးမြန်းခဲ့ရာ ၂၅၀ ကျော်က မဲမပေးလိုဟု ပြောဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ အသက် ၂၀ ၀န်းကျင်မှ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၂၀ ကို မကြာသေးမီက မေးမြန်းရာ ၂၅၂ ဦးက ရွေးကောက်ပွဲတွင် NLD မပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးက NLD မပါလည်း မဲပေးသင့်သည်ဟု ဖြေဆိုကြသည်။ ကျန် ၇၀ ကမူ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ကာ စဉ်းစားဆုံးဖြတ်သွားမည်
ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

ပါတီပိုင် ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီ NLD ဖွဲ့စည်း

ကိုထွေး Monday, April 05, 2010 ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံရပါက ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက် နိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်သည်။

NLDသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုဟု ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာပိုင်တွေ ဖိအားပေးမှုကြောင့် မန္တလေးတိုင်း အန်အယ်ဒီ ရုံးခန်းပိတ်လိုက်ရ


2010-04-05 RFA

ပြီးခဲ့တဲ့ စနေနေ့က မန္တလေးတိုင်း အင်န်အယ်ဒီရုံးကို ပိတ်လိုက်ပြီး ဆိုင်းဘုတ်ပါ ဖြုတ်လိုက်ရတယ်လို့ သိရပါတယ်၊၊ လာမယ့်ရွေးကောက်ပွဲကို အင်အယ်ဒီပါတီမဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီးနောက်မှာ အင်အယ်လ်ဒီက ငှားရမ်းဖွင့်လှစ်ထားတဲ့ အိမ်ရှင်ကို အာဏာပိုင်တွေ ဖိအားပေးတာကြောင့် မန္တလေးအင်အယ်လ်ဒီ တိုင်းရုံးကို ပိတ်လိုက်ရတာလို့လည်း သိရပါတယ်၊

၊လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်း အင်အယ်လ်ဒီရုံးဖွင့်ပြီး ရက်ပေါင်း ၂ဝလောက်အကြာမှာ ခုလို တိုင်းရုံးဆိုင်းဘုတ် ဖြုတ်ပြီး ရုံးကိုပါ ပိတ်လိုက်ရတာဖြစ်ပါတယ်၊၊

အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း

2010-04-05 RFA


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊

ဒီကနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ အတည်ပြုဆုံးဖြတ် လိုက်တာဖြစ်ပါတယ်၊၊ ဒီကော်မတီကို ဒုတိယ ဥက္ကဌ ဦးတင်ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်၊၊ ကော်မတီဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်၊၊

အစိုးရထောင်ချောက်ထဲ NLD ကျလို့ CEC ဝေဖန်


ဧပြီ ၆ ၂၀၁၀ - BBC
အာဏာပိုင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပျက်သုန်းသွား စေချင်ပေမယ့် တရားဝင် ဖျက်သိမ်းဖို့ကိုတော့ NLD အဖွဲ့ဝင်တွေကိုပဲ တာဝန်ယူ ခိုင်းနေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောလိုက်ပါတယ်။

ပြည်ပအခြေစိုက် ဧရာဝတီ အွန်လိုင်း မဂဇင်းထဲမှာ NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေး ကံကြမာရဲ့ လှောင်ပြောင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတဲ့ ဆောင်းပါးထဲမှာ ဦးခင်မောင်ဆွေက ပါတီဝင်တွေက အဖွဲ့ကို မှတ်ပုံမတင်ရေး ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေ အားကိုးရာမဲ့အောင် တရားဝင်ရှိပြီးသား နိုင်ငံရေးက ထွက်ပြေးတာလို့ ဆိုထားပါတယ်။