Thursday, April 28, 2011

Burma's Big Lie

Burma's Big Lie


SBS Dateline
Burma's first election in 20 years delivered a decisive win to the ruling military junta last November, immediately international leaders and Burmese dissidents declared the election a sham, with reports of voter intimidation and electoral fraud. Now, through underground contacts inside the deeply secretive country, Dateline's Evan Williams has interviewed Aung San Suu Kyi for her reaction to the election and has received footage filmed undercover showing how the military crafted the election outcome.
REPORTER: Evan Williams
For supporters of Aung San Suu Kyi, patience is a virtue. This was the scene outside her front gate before her long-awaited release from house arrest last November. When the moment game they couldn't restrain their joy. This is the woman many consider the rightful ruler of Burma, and the next day they were back to hear her speak.
AUNG SAN SUU KYI, OPPOSITION LEADER (Translation):  I have said many times that I rely on the people’s power, without the people’s power nothing can succeed. So this power will be used methodically – just wanting something is not enough, you must know how it get it, you must also dare to do it and be able to do it…
While the crowds were delighted, Aung San Suu Kyi's appearance came just six days after Burma's first elections in 20 years. This is how the vote was shown on Burma's state-run television. The result was a resounding win for the military-backed party the USDP, but in an exclusive interview for Dateline, Aung San Suu Kyi said the result was meaningless.

Monday, April 25, 2011

DVB - 19.04.2011 - Feature

Signature Campaign in Burma vital point - U Win Tin

လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရန် ပန်ကြားစာကို အင်န်အယ်ဒီ ၀က်ဆိုက်မှာ အခုလို တွေ့နိုင်ပါတယ်။ http://burmese.nldburma.org/campaign/2011-04-18-16-33-58/285-2011-04-18-16-03-10.html

Saturday, April 23, 2011

အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်

Time မဂ္ဂဇင်း သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြ

တိုင်းရင်းသား ၅ ပါတီ ဆွေးနွေးပွဲ ကျင်းပမည်

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သမ္မတထံပေးစာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး

အစိုးရသစ်ကိုလက်ခံသည့်အပေါ်ဝေဖန်မှုများကိုဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း

Thursday, April 21, 2011

အင်တာနက်ဖိနှိပ်မှု ကမ္ဘာမှာ မြန်မာအစိုးရ ဒုတိယ အဆိုးဝါးဆုံး

အစိုးရသစ် လုပ်ပိုင်ခွင့်အပေါ် NLD ဝေဖန်

A Function of NLD-LA(Australia-Branch) April 16, 2011




အစိုးရဘက်က ထိုးစစ်ဆင်နိုင်သည့်အတွက်ခုခံရန်ပြင်နေဟု မွန်ပြည်သစ်ပါတီပြော

Daw Aung San Suu Kyi Awards Unkown Heros

မြန်မာကို အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် လက်မခံလိုဟု အမေရိကန် ပြော

Monday, April 11, 2011

ဦးသိန်းစိန်ထံ NLD စာရေးသား, 2011-04-10


2011-04-09
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ အစိုးရအဖွဲ့သစ်ကို ပထမဆုံး စတင် ဆက်သွယ်မှုအနေနဲ့ သမ္မတ ဦးသိန်းစိန် ထံကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတစောင် ရေးသားပေးပို့ လိုက်ပြီဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

Sunday, April 3, 2011

မြန်မာ့ ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်သေးတာလဲ

ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၊ ၂၀၁၁
မတ်လ ၃၁ ရက်နေ့မှာ နအဖစစ်ကောင်စီရဲ့ ကြံ့ဖွံ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုတယ်။ နအဖစစ်ကောင်စီရဲ့ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က တရားဝင် အစားထိုးနေရာယူလိုက်ပြီ လို့ ဆိုပါတယ်။ ၁၉၈၈ က ပေါ်ထွန်းခဲ့တဲ့ န၀တ စစ်ကောင်စီ၊ ၁၉၉၇ မှာ အမည်ပြောင်းလဲလိုက်တဲ့ နအဖ စစ်ကောင်စီ၊ တဖန် ယခု ၂၀၁၁ ခုနှစ်မှာတော့ စစ်ကောင်စီကို လုံးဝဖျက်သိမ်းလို့ (သတင်းများအရ) ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ဦးဆောင်သော အစိုးရတရပ် ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ အဲသည်အခြေအနေများအပေါ်မူတည်ပြီးတော့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ ၎င်းသဘောထားကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာတို့ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲသည် ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အစိုးရတရပ်ကိုကျတော့ ဆရာတို့က ဘယ်လိုသဘောထားမှာလဲ ဆရာ။
အခုပေါ်ထွန်းလာတဲ့ အစိုးရဆိုတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်လို့ ကျနော်တို့က မသတ်မှတ်ဘူး။ သို့သော်လည်း အင်န်အယ်ဒီပါတီအနေနဲ့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ မဆို တွေ့ဆုံ ဆွေးနွေးသွားဖို့ အဆင်သင့် ရှိတယ်လို့ သဘောထား ပြောဆိုထားတာ ရှိပါတယ်။ ဒါပါပဲ။

ဒါဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၈၈ အရေးတော်ပုံကြီးကနေ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်။ တပါတီအာဏာရှင်တွေကို ပြည်ဖုံးကားချပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေ တက်လာတယ်။ သူတို့တွေရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးပါတီတွေ ထူထောင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုပြပြီးတော့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကို အာဏာမလွှဲခဲ့ဘူး။ အဲသည်နောက်ပိုင်းမှာလည်း တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချူပ်ချယ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းတယ်၊ လုပ်ကြံ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်။ နောက်ထပ် အနှစ် ၂၀ ကြာတဲ့အခါမှာ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျ ထူထောင်ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ် ဦးစီးတဲ့ အစိုးရတရပ်ကိုတော့ အာဏာလွှဲလိုက်တယ်လို့ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေက သူတို့စစ်ကောင်စီကို ပြည်ဖုံးကားချလိုက်ပြန်ပြီလို့ ပြောရင် ရတာပေါ့။ အခုတက်လာတဲ့ အစိုးရဆိုတာဟာ အာဏာရှင်စနစ်ရဲ့ သမိုင်းနဲ့ အမွေတွေအားလုံးကို လက်ပြောင်းရယူလိုက်တဲ့ အစိုးရတရပ်ပဲလို့ ကျနော်တို့က ပြောလို့ ရမလား ဆရာ။
အခုလက်ရှိမှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက ပြည်ဖုံးကားနောက် ရောက်သွားပြီလို့ ပြောလို့ မရသေးဘူး။ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်ခွင့် ရှိရေး၊ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ရှိသေးတယ်။ အခြား တိုင်းပြည်ရဲ့ အထွေထွေ အရေးတွေလည်း ရှိတယ်။ အဲသည်အရေးကိစ္စတွေအတွက် အဖြေရှာနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်းကြဖို့ ဆိုတာတွေဟာ ဘာမှ အပြောင်းအလဲတွေ ဖြစ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒီသဘောထား ရပ်တည်ချက်တွေနဲ့ ဆက်လက် ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ တလျောက်လုံးမှာ အာဏာရှင်စနစ်က ပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်နေခဲ့သလို၊ အခုပေါ်ထွန်းလာတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတရပ်ကိုလည်း ဆက်လက် ရင်ဆိုင်သွားရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခုမေးချင်တာကတော့ ၁၉၈၈ မှာ ဦးနေ၀င်းကနေ ဗိုလ်ချူပ်စောမောင်ဦးဆောင်တဲ့ စစ်ကောင်စီကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ နောက်မကြာခင်မှာပဲ ဗိုလ်ချူပ် သန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီအဖြစ် သူတို့အချင်းချင်းက အာဏာကို ရယူလိုက်တယ်။ အဲသည်ကာလတလျောက်လုံးမှာ ကျနော်တို့တွေမှာ ဦးနေ၀င်းကြီးဟာ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကနေ ကြိုးကိုင်နေတယ်လို့ သံသယအကျိုးဆက်တွေ ခံစားခဲ့ရတယ်။ အခုအချိန်မှာလည်းပဲ ဗိုလ်ချူပ်သန်းရွှေဆိုတဲ့ စစ်အာဏာရှင်တယောက်ကနေပြီးတော့ သူစိတ်တိုင်းကျဖွဲ့စည်းထားတဲ့ အစိုးရ၊ ဆရာ့စကားနဲ့ ပြောရရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတခုကို တီထွင်ပြီးတော့ အာဏာလွှဲပေးလိုက်ပြန်ပြီ။ သည်တခါမှာလည်းပဲ မြန်မာပြည်နိုင်ငံရေးအနာဂတ်ဇာတ်ခုံနောက်မှာ ဗိုလ်ချူပ်သန်းရွှေတယောက်က ကြိုးကိုင် စီမံနေတယ်ဆိုတဲ့ အရိပ်မည်းကြီးက ဘယ်လောက်အထိ လိုက်ပါနေမှာလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲ။

ဒီလိုမျိုး ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ်တွေကြောင့်မို့ အာဏာရှင်စနစ်အောက်က ရုန်းထွက်လို့ မရနိုင်အောင် ဖြစ်နေရတယ်လို့ ထောက်ပြချင်တယ်။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ရပ်တည်ခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေပါနေရမယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူးကွာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အုပ်ချူပ်ရေးတွေမှာ လက်နက်ကိုင်စစ်တပ်က ၀င်ရောက် ချယ်လှယ်ခွင့် စိုးမိုးခွင့် ရှိတယ်လို့ ထည့်သွင်းထားတာကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အချိန်မရွေး တိုင်းပြည်ရဲ့ အာဏာကို သိမ်းခွင့်ရှိတဲ့ စနစ်မျိုးကို ကျနော်တို့ လက်မခံဘူး။ ဒါတွေကို လက်ခံထားရင် နေရာပေးထားရင် မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်မှာ အဆိုးသံသရာလည်နေမှာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံထားရင် မေးခွန်းမှာ ပြောထားသလိုမျိုး အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဘယ်တော့မှ မြန်မာပြည်ဟာ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး ပြောချင်တယ်။

ဒါဆိုရင် ဆရာတဦးတည်း အမြင်အနေနဲ့ အခုပေါ်ထွန်းလာတဲ့ အစိုးရအဖွဲ့ကို ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
ကျနော့်သဘောအနေနဲ့ကတော့ စစ်အာဏာရှင်တွေရဲ့ စစ်ကောင်စီကနေ မွေးဖွားလာတဲ့ အစိုးရတရပ်ဖြစ်တဲ့အတွက် ယခင် နအဖလက်ထက်ကတည်း ရှိနေတဲ့ အရေးအခင်းတွေ၊ ဖြေရှင်းရမယ့် ကိစ္စတွေ၊ အမွေဆိုးတွေကို အခုအစိုးရက အားလုံးကို လွှဲပြောင်းယူလိုက်ရပြီ ဖြစ်တယ်။ သူတို့တတွေက တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ ပြင်ဆင်စရာတွေကို အရင်ဆုံး ဆောင်ရွက်ပြီးမှ အကောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။ ဒါတွေကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း မပြုဘဲနဲ့တော့ အဲဒီရဲ့ အပေါ်ကနေ အကောင်းကို မျှော်လင့်လို့ မရဘူး။

သို့သော်လည်း ဆရာရယ် … ကျနော်တို့ဆီမှာက အခုတက်လာတဲ့ အစိုးရတို့ တဖက်သပ်ကျင်းပသွားတဲ့ ရွေးကောက်ပွဲတို့ ဆိုတာအပေါ်မှာ ကြံဖန်ပြီး အကောင်းမြင်နေတဲ့သူတွေ၊ အဖွဲ့တွေ ရှိတယ်။ တဖက်သတ် မျှော်လင့်ချက်တွေ၊ ကိုယ်ကျိုးကြည့်တဲ့ အမြင်ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် မြန်မာပြည်သူလူထုဟာ မျက်စိလည်ကုန်တာ၊ အမြင်မရှင်းတာတွေ ဖြစ်ကုန်တာတွေ ရှိတယ်။ ဥပမာအားဖြင့် အရင်တုန်းက အာဏာရှင်က မကောင်းတာပါ။ သူထက်စာရင် အခု အာဏာရှင်က ကောင်းပါတယ် တို့။ အရင်တုန်းကထက်စာရင် အခုဆိုရင် ပိုပြီးတော့ မြင်သာ ထင်တာတာတွေ ရှိလာပါပြီ တို့ … စသည်ဖြင့် ပြောကြ ဆိုကြတာတွေ ရှိလာတယ်။ ဒါတွေကို ဘာပြောချင်သလဲ ဆရာ။
ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ မဝေးလှတဲ့ အနှစ် ၂၀ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့တတွေက အမှန်အတိုင်း အရှိအတိုင်း ရှုမြင်သုံးသပ်ပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဂန္ဒီကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရက ၁/၉၀ နဲ့ တုန့်ပြန်တယ်။ အမျိုးသားညီလာခံလုပ်တယ်။ ကျနော်တို့ဖက်က ဆက်လက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားကြရတာပဲ။ ကျနော်တို့ကို အဲသည်တုန်းက အကြပ်ကိုင်ခံရတာတွေ ရှိတယ်။ ဖိနှိပ် ကန့်သတ်ခံရတာတွေ ရှိတယ်။ အမျိုးသားညီလာခံကိုလည်း တက်ခဲ့ရတာတွေ ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာလျင် အသင့်တော်ဆုံးဖြစ်တယ် ဆိုပြီး တစိုက်မတ်မတ် တောင်းဆိုရပ်တည် လှုပ်ရှားခဲ့တာပဲ။ နိုင်ငံရေးအရ အကျိုးမရှိဘူးဆိုရင် ဒါကို ကျနော်တို့က ဖုံးဝှက်မထားဘဲ ထုတ်ဖော်ပြောဆို ခဲ့ရတာပဲ။
အခုလက်ရှိမှာလည်းပဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး စတဲ့ နယ်ပယ်တွေမှာ လုပ်စရာတွေ ဖော်ဆောင်စရာ နိုင်ငံရေး အခြေအနေသစ်တွေ ဘယ်လောက် ပေါ်ထွန်းလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်တယ်။ အဲဒါတွေ ဘာမှ ပေါ်ထွန်းလာခြင်း မရှိဘူး၊ ဘာမှ မဖော်ဆောင်ဘူး။ ဒါတွေ အားလုံးကို ဇွတ်ငြင်းပြီ၊ ဒါတွေ အားလုံး ဘာမှ မပြောတော့ဘူး၊ မလုပ်ပေးတော့ဘူး ဆိုရင်တော့ ကျနော်အနေနဲ့က ဒါတွေကို ဖော်ထုတ်သွားမှာပဲ။ ဒါတွေကို ကျနော်တို့က ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ဒါတွေကို ကျနော်တို့က မျက်စိလည်သွားတာမျိုး၊ အမြင်ရှု့ပ်ထွေးပြီး မပြတ်မသားဖြစ်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။
--

Friday, April 1, 2011

အစိုးရသစ်ကိုအကောင်းဆုံးဖြစ်လာစေချင်ဟုဒေါ်အောင်ဆန်းစုကြည်ပြော

သမ္မတ မိန့်ခွန်းအပေါ် NLD မျှော်လင့်ချက်ထား

China Urges Respect for New Burma Government


Peter Simpson | Beijing March 31, 2011 >






China has praised Burma’s new government for promoting democracy.  Beijing denounced other countries for criticizing its close neighbor’s new administration, which was sworn in this week.  

Offering China’s congratulations to the new Burma government, which took office Wednesday, Chinese Foreign Ministry spokeswoman Jiang Yu was quick to warn other countries not to meddle in its neighbor's internal affairs.



Jiang says Beijing disapproves of those countries which claim the new civilian-led parliament in Burma is merely the old, military-led government in a new guise.

She praised the new administration for what she calls promoting democracy.

The United States has been among the nations which have dismissed the transfer of authority in Burma as a sham. U.S. officials said Wednesday they will continue to push for what they describe as proper reform.

The U.S. and other critics claim that retired and serving military generals from the old government, together with technocrats, are maintaining their tight grip on power. The new president, Thein Sein, is a former general who gave up the uniform just last year to run in widely criticized elections.

China has close political, military and economic ties with Burma and has long been a staunch defender of its close ally.

It has been a strong supporter of the outgoing military government, which ruled Burma since 1988 in what they described as a "disciplined democracy." Burma has been under one form or another of military rule since 1962.

Spokeswoman Jiang Yu says the international community should respect Burma’s democratically elected government. And, she says it should help Burma to move along the path of economic growth and development.