ဧရာဝတီ Saturday, April 24, 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ၏ နိုင်ငံရေး ဖြတ်သန်းခဲ့မှုများ၊ ပါတီ မှတ်ပုံ ဆက်မတင်ရန် ဆုံးဖြတ်ပြီးနောက် NLD ၏ အခြေ အနေ၊ NLD ဆက်လက်ရပ်တည် သွားမည့် အနေအထားများကို ဧရာဝတီက မေးမြန်းထားပါသည်။ အသက် ၈၃ နှစ်အရွယ်ရှိ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး၌ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။
မေး။ ။ ပါတီမှတ်ပုံတင်ဖို့ ကုန်ဆုံးမယ့် ရက်ကလည်း နီးကပ်လာပါပြီ။ NLD အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ မလုပ်နိုင် တော့မှာကို စိုးရိမ်နေကြတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘဘအနေနဲ့ ဘာပြောချင်ပါသလဲ။
Monday, April 26, 2010
Sunday, April 25, 2010
အဖွဲ့ချုပ်က စစ်အစိုးရကို တရားစွဲရန်ပြင်
နန်းခမ်းကယောက် ၂၂ ဧပြီ ၂ဝ၁ဝ –DVB
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ စစ်အစိုးရကို တရားစွဲဆိုရေး တရားရုံးချုပ်ဆီ တောင်းဆိုဖို့ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ စာရင်း စတင်ကောက်ခံနေပြီလို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

Friday, April 23, 2010
ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ
22 April 2010 VOA
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
Thursday, April 22, 2010
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (၄)
မိုးမခ၊ ဧပြီ ၂၂၊ ၂၀၁၀
စစ်အာဏာရှင်ယန္တရား ဒေါက်တိုင် ၂ ခု - စစ်ထောက်လှမ်းရေးနဲ့ ၀ါဒဖြန့်ချိရေး
မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်၊ ၀ါရင့်စာနယ်ဇင်းသမား၊ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်၊ မေးခွန်းတွေ မေးဖြစ်ခဲ့တာတွေထဲက အခြေအနေနဲ့ သင့်တော်တာတွေကို ပြန်လည် ကောက်နုတ်ဖော်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအနေ မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်အပြီးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး မဏ္ဍိုင်ကြီးတွေဖြစ်တဲ့ ပြည်တွင်းသတင်းစာတွေကနေပြီးတော့ - ပြည်ပရှိ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ပြည်တွင်းရှိ အတိုက်အခံပါတီကြီးနဲ့ ခေါင်းဆောင်များကို ပုတ်ခတ်ခြင်းနဲ့ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီရေး ထောက်ခံအားပေးသူများအားလုံးကို စစ်အစိုးရရဲ့ ရန်သူများအဖြစ် သမုတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်လာတာကို တွေ့နေရပါတယ်။
စစ်အစိုးရကိုယ်တိုင်က “အများပြည်သူလူထုလိုလားတဲ့” ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်လို့ အတိအလင်း ကြေညာထုတ်ပြန်ထား၊ ၀န်ခံစကားပြောကြားထားသော်လည်း ယခုလိုမျိုး တိုက်ခိုက်နေတာတွေတာဟာ ဟိုးယခင်ကာလများက (၁၉၉၀ ရွေးကောက်ပွဲ ၀န်းကျင် နဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ခေတ္တလွတ်မြောက်လာစဉ် အချိန်ကာလတိုအတွင်း) စစ်အစိုးရရဲ့ အတိုက်အခံများအပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ ပြန်လည် တကျော့ပြန်လာတာလားလို့ မေးခွန်းထုတ်ဖြစ်တာ ဖြစ်ပါတယ်။
ဆရာက …

Saturday, April 17, 2010
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (3)
ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
မိုးမခ၊ ဧပြီ ၁၇၊ ၂၀၁၀
သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
Wednesday, April 14, 2010
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ (2)
မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၀
လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ
အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို “ဦးလှည့်” သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။
ပြည်သူ့လွှတ်တော် ခေါ်ယူရေး ပျက်ကွက်မှုဖြင့် မြန်မာစစ်အစိုးရကို NLD တရားစွဲဖို့ ပြင်ဆင်
12 April 2010 VOA
၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို မဲဆန္ဒရှင်တွေ ကိုယ်စား တရားစွဲဆိုမယ့် အစီအစဉ် တရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်နေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် မခေါ်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင် လူထုကို တောင်းပန်အပြီး တဘက်မှာ အခုလို လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို နစ်နာမှုဆိုင်ရာနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD က ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လွတ်တော်ခေါ်ယူရမယ် ဆိုတဲ့ စကားလုံး အတိအကျ ရှိထားပြီး ဒီအပေါ်မှာ လွှတ်တော်ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒသဘောထားလည်း ဖြစ်တယ်လို့ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခွင့်ပြု
2010-04-12 RFA
နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး ဆေးစစ်ဖို့အတွက် ဧပြီ ၁၁ ရက် မနေ့ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ အာဏာပိုင်တွေက ဆေးရုံသွားရောက် စစ်ဆေးခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ စစ်အစိုးရ အရာရှိတွေကို ကိုးကားပြီး အေအက်ပီနဲ့ ဒီပီအေ သတင်းဌာနတွေက ပြောပါတယ်။
ရွေးကောက်ပွဲအပေါ် အဖွဲ့ချုပ်သဘောထား သြစတြေးလျ သံအမတ် မေးမြန်း
နန်းခမ်းကယောက် ၈ ဧပြီ ၂၀၁၀ - DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ သဘော ထားကို သိနိုင်ဖို့ ရန်ကုန်ရှိ သြစတြေးလျသံအမတ် အမျိုးသမီးတဉီး လာရောက် မေးမြန်းခဲ့ကြောင်း ပါတီက ပြောပါတယ်။ ဒီနေ့ နေ့လည်လောက်က ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးကို သံအမတ်က လာရောက်ခဲ့တာ ဖြစ်ပြီး၊ နာရီဝက်လောက် ကြာတယ်လို့ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီး က ပြောပါတယ်။ တွေ့ဆုံချိန်မှာ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ စီမံခန့်ခွဲရေး အခြေ အနေနဲ့ လက်ရှိ လှုပ်ရှားမှု အခြေအနေကို မေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ပါတီက အဆုံးအဖြတ် ပေးပြီးတဲ့နောက် ပါတီဖျက်သိမ်းရမယ့် အနေအထားမှာ ပါတီအတွင်းက ရွေးကောက်ပွဲဝင်မယ့်သူတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။ ဒီအပေါ် အဖွဲ့ချုပ်သဘောထားကို မေးမြန်းသွားကြောင်း တွေ့ဆုံခဲ့သူ ပါတီ ဒု-ဉက္ကဋ္ဌ ဉီးတင်ဉီးက ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်
2010-04-11 RFA
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD က သူတို့ပါတီအနေနဲ့ ပါတီမှတ်ပုံတင်မှာ မဟုတ်သလို စစ်အစိုးရရဲ့ လာမယ့် ရွေးကောက်ပွဲကိုလည်း ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့မှာ ဧပြီလ ၁၀ ရက် စနေနေ့က ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဘာ့ကြောင့် အဲဒီလို ဆုံးဖြတ်ရတယ်ဆိုတာနဲ့ ပတ်သက်လို့ ALD ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို အခုလိုပြောပါတယ်။
အန်အယ်လ်ဒီ မှတ်ပုံမတင်တဲ့ကိစ္စ လူငယ်တာဝန်ခံတွေ လိုက်လံရှင်းပြ
2010-04-10 RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စနဲ့ အောက်ခြေပါတီဝင်တွေ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို မန္တလေးတိုင်း အန်အယ်လ်ဒီ ဗဟိုလူငယ် လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံတွေက စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ရက်ကစပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

Tuesday, April 13, 2010
NLD ၏ ရပ်တည်ပုံအသစ်
ရန်ငြိမ်းအောင် (လူငယ်) | ကြာသပတေးနေ့၊ ဧပြီလ ၀၈ မဇ္ဈိမ
(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)
ပါတီ ဖျက်သိမ်းခံခဲ့ရမည် ဆိုလျှင်လည်း ဆုတောင်းပွဲများ ဆက်လုပ်နေဦးမည်
ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ – DVB
ပါတီမှတ်ပုံမတင်တဲ့အတွက် တကယ်လို့ သူတို့ပါတီကို ဖျက်သိမ်းခဲ့ ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြု ဆုတောင်းတာတွေကို ဆက်လုပ် သွားမယ်လို့ အပတ်စဉ် အင်္ဂါနေ့တိုင်း မေတ္တာပို့ ဆုတောင်းတာတွေ လုပ်နေတဲ့ အဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြု၊ အဖွဲ့ချုပ်က ဒီမိုကရေစီရေးဆက်ကြိုးပမ်းမည်
ခင်နှင်းထက် ၆ ဧပြီ ၂ဝ၁ဝ DVB
- ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီဖော်ဆောင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ပြည်သူသို့ ပန်ကြားချက်ဆိုတဲ့ စာတမ်းတစောင် ထုတ်ပြန်ပြီး အခုလို ပြောကြားလိုက်တာပါ။
ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ဒေါ်စု ဝမ်းမြောက်
သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - မြင့်မောင် ဗုဒ္ဓဟူးနေ့၊ ဧပြီလ 07
ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ပြောဆိုသည်။

မြန်မာကို အဖွဲ့ကထုတ်ပယ်ဖို့ အရှေ့တောင်အာရှအမတ်များတိုက်တွန်း
2010-04-07 RFA
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးဖို့ မြန်မာစစ်အစိုးရက ပျက်ကွက်တဲ့အတွက် အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားပြီး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လွှတ်တော် ကိုယ်စားလှယ် ၁ဝဝ ကျော်က အာဆီယံ အဖွဲ့ကြီးကို ဧပြီ ၇ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မနက်ဖြန်ဗီယက်နမ်နိုင်ငံမှာ စတင်ကျင်းပမဲ့ အာဆီယံ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးကနေ မြန်မာနိုင်ငံကိစ္စကို အရေးပေါ် ဆွေးနွေးပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက စာရေးသား တောင်းဆိုထားပါတယ်။
အကြမ်းမဖက် လမ်းစဉ်ကို NLD ဆက်လက် ကိုင်စွဲမည်
သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - ဖနိဒါ
အင်္ဂါနေ့၊ ဧပြီလ 06
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီဖျက်သိမ်းခံရပါက ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် နည်းလမ်းကိုသာ ဆက်လက်ကိုင်စွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်က ယနေ့ ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် အဲန်အယ်လ်ဒီ တရားစွဲဆိုချက် ဗဟိုတရားရုံး လက်မခံ
10 April 2010 VOA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရားစွဲဆိုခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဲန်အယ်လ်ဒီက ဆိုပြီး တရားရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ ဒီလို ပယ်ချမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ မူတွေကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ ဧပြီ ၁၁၊ ၂၀၁၀ moemaka.com
ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး
မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

Wednesday, April 7, 2010
NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော
ခိုင်သွယ် Monday, April 05, 2010 ဧရာဝတီ
ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပါက မဲပေး၊ မပေးကို လူ ၅၀၀ ကျော်အား မေးမြန်းခဲ့ရာ ၂၅၀ ကျော်က မဲမပေးလိုဟု ပြောဆိုသည်။
ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ အသက် ၂၀ ၀န်းကျင်မှ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၂၀ ကို မကြာသေးမီက မေးမြန်းရာ ၂၅၂ ဦးက ရွေးကောက်ပွဲတွင် NLD မပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးက NLD မပါလည်း မဲပေးသင့်သည်ဟု ဖြေဆိုကြသည်။ ကျန် ၇၀ ကမူ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ကာ စဉ်းစားဆုံးဖြတ်သွားမည်
ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။
ပါတီပိုင် ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီ NLD ဖွဲ့စည်း
ကိုထွေး Monday, April 05, 2010 ဧရာဝတီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံရပါက ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက် နိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်သည်။
NLDသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခြင်း မပြုဟု ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာပိုင်တွေ ဖိအားပေးမှုကြောင့် မန္တလေးတိုင်း အန်အယ်ဒီ ရုံးခန်းပိတ်လိုက်ရ
2010-04-05 RFA
ပြီးခဲ့တဲ့ စနေနေ့က မန္တလေးတိုင်း အင်န်အယ်ဒီရုံးကို ပိတ်လိုက်ပြီး ဆိုင်းဘုတ်ပါ ဖြုတ်လိုက်ရတယ်လို့ သိရပါတယ်၊၊ လာမယ့်ရွေးကောက်ပွဲကို အင်အယ်ဒီပါတီမဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီးနောက်မှာ အင်အယ်လ်ဒီက ငှားရမ်းဖွင့်လှစ်ထားတဲ့ အိမ်ရှင်ကို အာဏာပိုင်တွေ ဖိအားပေးတာကြောင့် မန္တလေးအင်အယ်လ်ဒီ တိုင်းရုံးကို ပိတ်လိုက်ရတာလို့လည်း သိရပါတယ်၊
၊လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်း အင်အယ်လ်ဒီရုံးဖွင့်ပြီး ရက်ပေါင်း ၂ဝလောက်အကြာမှာ ခုလို တိုင်းရုံးဆိုင်းဘုတ် ဖြုတ်ပြီး ရုံးကိုပါ ပိတ်လိုက်ရတာဖြစ်ပါတယ်၊၊
အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း
2010-04-05 RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမို လျှင်မြန်လွယ်ကူစေဖို့အတွက် အဖွဲ့ချုပ် စီမံခန့်ခွဲမှုကော်မတီတရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်၊၊
ဒီကနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ အတည်ပြုဆုံးဖြတ် လိုက်တာဖြစ်ပါတယ်၊၊ ဒီကော်မတီကို ဒုတိယ ဥက္ကဌ ဦးတင်ဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်၊၊ ကော်မတီဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်၊၊

အစိုးရထောင်ချောက်ထဲ NLD ကျလို့ CEC ဝေဖန်
ဧပြီ ၆ ၂၀၁၀ - BBC
အာဏာပိုင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပျက်သုန်းသွား စေချင်ပေမယ့် တရားဝင် ဖျက်သိမ်းဖို့ကိုတော့ NLD အဖွဲ့ဝင်တွေကိုပဲ တာဝန်ယူ ခိုင်းနေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောလိုက်ပါတယ်။
ပြည်ပအခြေစိုက် ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်းထဲမှာ NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေး ကံကြမာရဲ့ လှောင်ပြောင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားတဲ့ ဆောင်းပါးထဲမှာ ဦးခင်မောင်ဆွေက ပါတီဝင်တွေက အဖွဲ့ကို မှတ်ပုံမတင်ရေး ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေ အားကိုးရာမဲ့အောင် တရားဝင်ရှိပြီးသား နိုင်ငံရေးက ထွက်ပြေးတာလို့ ဆိုထားပါတယ်။
ပြည်သူသို့ ပန်ကြားချက်၊ ဒီမိုကရေစီ ရရှိရေး NLD ဆက်လက် ကြိုးပမ်းသွားမည်
05 April 2010 VOA
မတ်လ ၈ ရက်နေ့က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အချိန်မှာ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။
NLD ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဒီနေ့ CEC အဖွဲ့ရဲ့ အစည်းအဝေးကနေ ပြည်သူသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရ ဦးဝင်းတင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဦးဝင်းတင်က အခုလိုပြောပါတယ်။
Monday, March 29, 2010
Saturday, March 27, 2010
အကျပ်အတည်းကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ
အင်တာဗျူး ဧရာဝတီ မတ်လ ၂၆
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံတင်ရေး မတင်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဆွေးနွေးကြတော့မည်ဖြစ်သည်။ ပါတီမှတ်ပုံတင်ပါမှ တရားဝင် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့သည်။ NLD ခေါင်းဆောင်ပိုင်းတွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး သဘောထား ကွဲပြားလျက်ရှိသည်။ ထိုသဘောထားများကို သိရှိရန် ဧရာဝတီက NLD ခေါင်းဆောင်များ ဖြစ်သော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဆက်သွယ် မေးမြန်းထားပါသည်။
ဦးဝင်းတင်သည် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ဦးခင်မောင်ဆွေသည် ၁၄ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်က ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်လျက်ရှိပြီး ဦးခင်မောင်ဆွေက ပါတီမှတ်ပုံတင်သင့်သည်ဟု ယူဆနေသည်။

အန်အယ်လ်ဒီ ဘာလုပ်မည်ကို ပြည်သူများစိတ်ဝင်စား
တက်လူ/ ၂၆ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ပါတီမှတ်ပုံတင်မည် မတင်မည်ကို ရန်ကုန်ပြည်သူတို့က အလွန်စိတ်ဝင်စားနေကြသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ရှိ (၂၄) မြို့နယ်မှ ပါတီဝင်များက ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်မည်ဟု ဆုံးဖြတ်ထားကြောင်း၊ ရွှေဂုံတိုင်ကြေညာစာတမ်းကို ဆုတ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပါတီရေးရာကိစ္စများ အများဆန္ဒအတိုင်း လက်ခံမည်
စိုးမိုး/ ၂၆ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် စစ်အစိုးရထုတ်ပြန်သည့် ပါတီမှတ်ပုံတင်ရေး ဥပဒေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးအတွက် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်နေသော်လည်း အများစုဆန္ဒအတိုင်းသာ ငြိမ်းငြိမ်းချမ်းချမ်း ဆုံးဖြတ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။
ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို လာမည့် (၂၉) ရက်နေ့တွင် ပါတီအတွင်း မဲခွဲဆုံးဖြတ်မည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းမဲခွဲ ဆုံးဖြတ်မှုအရ အန်အယ်လ်ဒီပါတီ (၂) ခြမ်း ကွဲသွားနိုင်သည်ဟု လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်ကာလတွင် ဦးခင်မောင်ဆွေက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
Thursday, March 25, 2010
NLD က စစ်အစိုးရအပေါ် အမှုဖွင့်ချက် တရားရုံးဝန်ထမ်းများ လက်မခံ
2010-03-23 RFA
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရကို ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရှေ့နေတွေက ဗဟိုတရားရုံးချုပ်ကို မတ်လ ၂၃ ရက် ဒီကနေ့မနက် သွားရောက် အမှုဖွင့်ခဲ့ရာမှာ တရားရုံးဝန်ထမ်းတွေက အမှုကို လက်မခံခဲ့ကြကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ခုလို ပြောကြားပါတယ်။

လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
24 March 2010 VOA
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း အကောင်အထည် ဖော်မပေးခဲ့တဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၂ ကြိမ် ကျခံစေတဲ့ ကိစ္စအပေါ် တားဝရမ်း ထုတ်ပေးဖို့ အခုလို လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောကြားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
NLD မှတ်ပုံတင်ရေး ဒေါ်စု သဘောမတူပေမဲ့ ပါတီဆုံးဖြတ်ချက် လက်ခံမည်
23 March 2010 VOA
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ကန့်ကွက်လိုက်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီ နည်းလမ်းတကျ တိုင်ပင် ညှိနှိုင်းပြီး ဆုံးဖြတ်ကြရမှာသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နအဖကို တရားစွဲမှု အန်အယ်လ်ဒီ ပယ်ချခံရ
NEJ/ ၂၃ မတ် ၂ဝ၁ဝ
နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။
“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့နံနက်ပိုင်းက အမှုသွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာစာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲသစ်ကို ဝင်ရေးမဝင်ရေး ဤသို့တုံ့ပြန်ကြ၏
နော်နိုရင်း ၂၃ မတ်လ ၂ဝ၁ဝ – DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖ စစ်အစိုးရရဲ့ ရွေး ကောက်ပွဲ သစ်ကိုဝင်ရေးမဝင်ရေး အပြီးအပြတ် ဆုံးဖြတ်ခါနီးနေချိန်မှာ ပြည်နယ်နဲ့ တိုင်း မြို့နယ်တွေထဲက ရုံးခွဲတွေရဲ့ တုံ့ပြန်ချက်တချို့ကို စုစည်းတင်ပြထားပါတယ်။
မန္တလေးတိုင်း မိတ္ထီလာòမိ့နယ်အဖွဲ့ချုပ်ရဲ့ သဘောထားကို တင်ပြလိုပါတယ်။ မိထ္တိလာမြိ့နယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲကို ကန့်ကွက် ကြောင်း ဒီကနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတယ်လို့ မြိ့နယ်ဥက္ကဋ္ဌ ဒေါက် တာ ဦးသိန်းလွင်က ပြောပါတယ်။
ရွေးကောက်ပွဲသစ်ကို ဝင်ရေးမဝင်ရေး အဖွဲ့ချုပ် မြိ့နယ်များ၏ တုံ့ပြန်ချက်
နော်နိုရင်း ၂၂ မတ် ၂ဝ၁ဝ - DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖစစ်အစိုးရရဲ့ ရွေးကောက် ပွဲသစ်ကို ဝင်ရေးမဝင်ရေး အပြီးအပြတ် ဆုံးဖြတ်ခါနီးနေချိန်မှာ ပြည်နယ်နဲ့တိုင်း မြို့နယ်တွေက အဖွဲ့ချုပ် ±ုံးခွဲ တွေရဲ့ တုံ့ပြန်ချက်တချို့ကို စုစည်းတင်ပြပါ့မယ်။ လပွတ္တာမြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးကျူကတော့ ပါတီ တရားဝင်လှုပ်ရှားနိုင်ဖို့ ဆိုင်းဘုတ်မပျောက်စေချင်ဘူးလို့ ပြောပါတယ်။

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ
ဇာနည်မာန် Wednesday, March 24, 2010 ဧရာဝတီ
စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဥပဒေ ထွက်ပြီးနောက် NLD ရုံးများ ပြန်ဖွင့်ခွင့် ရသော်လည်း သတ်မှတ် ထားသည့် အတိုင်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ မတင်ပါက NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲခံရမည် ဖြစ်သည်။
NLD ထိပ်ပိုင်း ခေါင်းဆောင် တချို့က ပါတီကို မှတ်ပုံတင် သင့်သည်ဟု ထုတ်ဖော် ပြောကြားမှုများ ရှိခဲ့သည်။ ယမန်နေ့ မတ်လ ၂၃ ရက်တွင် NLD အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံရာ၌ ပါတီ မှတ်ပုံတင်ရေး ကို သဘောမကျဟု ထုတ်ဖော် ပြောကြားကြောင်း သိရသည်။
ပါတီ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးတို့နှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များမှ NLD ပါတီဝင်များ၏ သဘောထား အမြင်များကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း၍ စုစည်း တင်ပြ ထားပါသည်။
…
Wednesday, March 24, 2010
၂၀၁၀ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ)၏ အကြံပြုချက်
သို့
သဘာပတိ
ဗဟိုဦးစီးအဖွဲ့ဝင်များအစည်းအဝေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရက်စွဲ။ ။၂၀၁၀ခုနှစ်၊ မတ်လ(၂၂)ရက်
အကြောင်းအရာ။ ။ ၂၀၁၀ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ)၏ အကြံပြုချက်

ပါတီမှတ်ပုံတင်ရေး ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်
ဧရာဝတီ Tuesday, March 23, 2010
ဒေါ်အောင်ဆန်း စုကြည်က သူ့တဦးတည်း ဆန္ဒအနေဖြင့် ပါတီမှတ်ပုံတင်ရေးကို မစဉ်းစား သော်လည်း ပါတီဗဟို ကော်မတီဝင် များက သူမနှင့် ပါတီဥက္ကဌ ဦးအောင်ရွှေအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ရေး ကိစ္စနှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ချက် ပေးရန် လုပ်ပိုင်ခွင့် အာဏာများအား ထပ်လောင်းအတည်ပြုကြောင်း သိရသည်။
ယနေ့ တွေ့ဆုံမှု၌ ဒေါ်အောင်ဆန်း စုကြည်က အစိုးရ ထုတ်ပြန် ထားသည့် မတရား ရွေးကောက်ပွဲ ဥပဒေအရ ပါတီမှတ်ပုံ တင်ရေး ကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း၊ သို့ရာတွင် ပါတီ၏ အဆုံးအဖြတ်ကို လက်ခံမည် ဖြစ်ကြောင်း ၎င်းကို ပြောကြားသည် ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်း စုကြည်က အဖွဲ့ချုပ်ကို ပြောပါ၊ သူညွန်ကြား တာလည်း မဟုတ်ဘူး၊ အမိန့်ပေး တာလည်း မဟုတ်ဘူး၊ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီနဲ့ အညီဆုံး ဖြတ်ဆောင်ရွက်ဖို့ သူတိုက်တွန်း ပါတယ်လို့ ပြောတယ်”ဟု ပြောပြသည်။
ထို့အပြင် ပါတီဆက်လက်ရပ်တည်သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပါတီ ဂုဏ်သိက္ခာရှိရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်းလည်း ၎င်းက ဆိုသည်။

ဘီဘီစီ ၂၃၊ ၃၊ ၂၀၁၀ ညပိုင်း မြန်မာဘာသာအစီအစဉ်မှ အသံလွှင့်ချက် ကဏ္ဍတခု
ဘီဘီစီ ၂၃၊ ၃၊ ၂၀၁၀ ညပိုင်း မြန်မာဘာသာအစီအစဉ်မှ အသံလွှင့်ချက် ကဏ္ဍတခုကို စာဖြင့်ပြန်လည်းရေးသားပြီး မိတ်ဆွေများအတွက် ဝေမျှလိုက်ပါသည်။
သောတရှင်များရှင်
စောစောက အသိပေးထားတဲ့သတင်းကို ဦးစွာတင်ပြပေးပါဦးမယ်။
ဒီကနေ့မှာ အန်အယ်ဒီ ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ဦးကြည်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်မှာ သွားရောက်တွေ့ဆုံကြပါတယ်။ ဒီအခါမှာ လာမည့်ရွေးကောက်ပွဲအတွက် အန်အယ်ဒီပါတီ မှတ်ပုံတင်ရေး - မတင်ရေး ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်းသိရအောင် မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ဦးဥာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ
ဘကောင်း Thursday, March 18, 2010 ဧရာဝတီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီ မဖျက်သိမ်းရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သင့် သည်ဟု တနင်္လာနေ့က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း ခိုင်လုံသော ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။
ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။
“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်” ဟု ပါတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦးက ပြောကြားသည်။
ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံ အမျိုးသမီးများနှင့် ဗဟိုအမျိုးသမီးအဖွဲ့ တွေ့ဆုံ
ခင်နှင်းထက် ၁၆ မတ် ၂ဝ၁ဝ – DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့နဲ့ ရန် ကုန်တိုင်း မြို့နယ်ပေါင်းစုံ အမျိုးသမီး တွေ့ဆုံပွဲတခုကို ဒီနေ့ အဖွဲ့ချုပ်±ုံးချုပ်မှာ ပြု လုပ်ခဲ့ပါတယ်။
စုစုပေါင်း အမျိုးသမီး ၆ဝ လောက် တက်ရောက်ပြီး ပုံမှန်လုပ်ငန်းကိစ္စနဲ့ ရှေ›ဆက်လုပ်ရမယ့် လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့ တာဝန်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
အဓိကအနေနဲ့ ပါတီမှတ်တင်ရေး၊ မတင်ရေးကိစ္စ အပေါ် သဘောထား အ မြင တွေ ဆွေးနွေးခဲ့ ကြတာလို့ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

နိုင်ငံအနှံ့ပါတီရုံးတွေ ပြန်ဖွင့်ခွင့်ပေးပေမဲ့ မိတ္ထီလာမြို့နယ်ရုံးကို ပြန်ဖွင့်ဖို့ အာဏာပိုင်တွေ ပိတ်ပင်
2010-03-16 RFA
စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် အရင်က ပိတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေကို နိုင်ငံအနှံ့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနေတဲ့အတွက် မိတ္ထီလာမြို့နယ် အဖွဲ့ချုပ်ရုံးကို လာမည့် ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ ရှိကြောင်း မြို့နယ်ကော်မရှင်ရုံးကို မတ်လ ၁၆ ရက် ဒီကနေ့ အသိပေး အကြောင်းကြားရာမှာ ဖွင့်ခွင့် မပြုကြောင်းနဲ့ ဖွင့်ခဲ့ရင် ဥပဒေအရ အရေးယူမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။
မြို့နယ်ကော်မရှင်ကနေ စာနဲ့အကြောင်းပြန်ခဲ့တဲ့အကြောင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး က RFA ကို အခုလို ပြောပါတယ်။
ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်
ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၁၆
ချုင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။
“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

အင်အယ်လ်ဒီ ပါတီသဘောထား မတ်လ ၂၉ ရက်နေ့ ဆုံးဖြတ်မည်
2010-03-15 RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အလွန် အရေးကြီးတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဗဟို အလုပ်ကော်မတီဝင်တွေက မတ်လ ၁၅ ရက် ဒီကနေ့ အထူးစုံညီ စည်းဝေးပွဲတရပ် ကျင်းပပြီး အတည်ပြုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒီ အထူးအစည်းအဝေးကို ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ မကြာသေးမီက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအကြောင်း အကျယ်တဝင့် ဆွေးနွေးပြီးတော့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်
ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၁၅
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီး (CC) အဖွဲ့ဝင်များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည်ဟု NLD က ပြောသည်။
ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များက အပတ်စဉ် ပါတီအစည်းအဝေး တရပ်ကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ယနေ့ ကျင်းပကာ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း CEC အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

စစ်အာဏာရှင်လက်ခုပ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လွှတ်တော် (ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ)
မတ် ၁၅၊ ၂၀၁၀ မိုးမခ
မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီးနှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့တကွ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး
မတ် ၁၅၊ ၂၀၁၀ မိုးမခ
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စီအီးစီ အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေလုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို
2010-03-14 RFA
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Members of Parliament Union- MPU) က ဦးဆောင်ပြီး စစ်အစိုးရရဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်တဲ့ သုံးသပ်ဆွေးနွေးပွဲတရပ်ကို ဖဒိုမန်းရှာလာဖန်း ခမ်းမမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အားလုံးဟာ တရားမျှတမှု မရှိတဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ MPU ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယနေ့ မန္တလေးတိုင်း အဖွဲ့ချုပ်ရုံးဖွင့်၊ မနက်ဖြန် ဥပဒေရှင်းပွဲ ပြုလုပ်မည်
ခင်နှင်းထက် ၁၁ မတ် ၂ဝ၁ဝ – DVB
ချိတ်ပိတ်ထားတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးကိုလည်း ဒီနေ့ မနက် ပိုင်းကပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက် ဖွင့်ပေးသွားတယ်လို့ လွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်က ပြောပါတယ်။
“ဒီနေ့မနက် ၁၁ နာရီပဲ ကျနော်တို့ မန္တလေးတိုင်းရုံးကို ခရိုင်ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က လာပြီး ဖွင့်ပေးတယ်။ ကျနော်တို့ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းတန် နဲ့ တွဲဘက်အတွင်းရေးမှူး ဖြစ်တဲ့ ဦးမောင်မောင်သန်း၊ ကျနော်၊ ဦးမျိုးနိုင်၊ ဦးတင် အောင်တို့က သော့ကို လက်ခံရယူပါတယ်၊ လောလောဆယ်တော့ တိုင်းရုံးဖွင့်ခွင့် ရတယ် ဆိုပေမယ့် ကျနော်တို့ တိုင်းရုံးရဲ့ အခြေအနေကတော့ တိုင်းရုံး ပိုင်ရှင်က တော့ ကျနော်တို့ကို ဆက်ငှားတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ လွန်ခဲ့တဲ့ လေးငါး ရှစ်လ လောက်ကထဲက တိုင်းရုံးကို ပြန်အပ်ပေးထားတာ ဖြစ်ပါတယ်။ ဝယ်မယ် ဆိုရင်တော့ ဝယ်မှ ဖွင့်ခွင့် ပေးတော့မယ်။ အဲတော့ ကျနော်တို့ တိုင်းရုံးနေရာ ရှာ ရမယ်၊ လောလောဆယ် ဖွင့်ပေးထားတဲ့အတွင်းထဲက ကျနော်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်း တွေကို ရွှေ့ဖို့ပြုဖို့ သန့်ရှင်းရေးတွေကို ဆောင်ရွက် နေပါတယ်။”

လူထုကို မကြောက်ကြရန်၊ ရဲတင်းကြရန် ဦးဝင်းတင် တိုက်တွန်း
အေးနိုင် ၁၂ မတ် ၂ဝ၁ဝ –DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးဝင်းတင်က စစ်အာဏာရှင်တွေဟာ လှည့်စားဖျားယောင်းပြီး ဖိနှိပ်ချုပ်ခြယ်မှု တွေကို တိုးမြ‡င့်လုပ်တော့မယ်လို့ လူထုကြီး တရပ်လုံးကို သတိပေးလိုက်ပြီး ဒီအ ကျပ်အတည်းက လွတ်မြောက်အောင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ တုံ့ ပြန်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ဒီတိုက်တွန်းချက်တွေကို သူ့ရဲ့ နှစ် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ် ထုတ် ပြန်တဲ့ သဝဏ်လွှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာ ဒီနေ့ ကာလဟာ ဒီမိုကရေစီအင်အားစုတွေ အတွက် အကျပ်တည်းဆုံး ကာလကို ဆိုက် ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ကိုင်စွဲ တိုက်ခိုက်ရ မယ့် လက်နက်တွေကတော့
၁။ မကြောက်တရားလက်နက်၊
၂။ သွေးစည်းညီညွတ်ရေးလက်နက်နဲ့ ၃။ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်းချမှတ်၊ ရှေးရှု ရင်ဆိုင်ချီ တက်ရေး လက်နက်တွေပဲ ဖြစ်တယ်လို့ ဦးဝင်းတင်က သူ့သဝဏ်လွှာမှာ ရေးသား ထားပါတယ်။ ဒီလက်နက်သုံးမျိုးအကြောင်းနဲ့ ပတ်သက်လို့ ဦးဝင်းတင်က အခုလို ရှင်းပြ ပါတယ်။
အဖွဲ့ချုပ်ရုံးများတွင် ပါတီလုပ်ငန်းများ ဆက်လုပ်ရန် ဒေါ်အောင်းဆန်းစုကြည် မှာကြား
ခင်နှငိးထက် ၁၂ မတ် ၂ဝ၁ဝ – DVB
အဖွဲ့ချုပ်ဝင်တွေအနေနဲ့ အဖွဲ့ချုပ်ရုံးတွေပြန်ဖွင့်ပြီး ပါတီလုပ်ငန်း တွေ ဆက်လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ပြန်ကြား ရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကြာသပတေးနေ့က အမှုကိစ္စတိုင်ပင် ဆွေးနွေးဖို့ သွားတွေ့စဉ် မှာကြား လိုက်တာ ဖြစ်ပြီး လောလောဆယ် လုပ်ဆောင်ရမယ့် အဓိကအချက် ၂ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အကြံပြု မှာကြားလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြော ပြပါတယ်။

NLD အကျပ်ရိုက်နေ
Friday, 12 March 2010 17:24 ဘကောင်း ဧရာဝတီ
စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆန့်ကျင် တော်လှန်နေ သော်လည်း အောင်မြင်မှု မရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည် မည်လော သို့မဟုတ် ပါတီ အဖျက်သိမ်း ခံမည်လော ဆိုသည်ကို လာမည့် မေလ ၇ ရက်နေ့ မတိုင်မီ ဆုံးဖြတ်ချက် ချရတော့မည် ဖြစ်သည်။
“ကျနော်တို့တော့ ခေါင်းဆောင်တွေကို ပါတီက ထုတ်ပစ်ရမလား၊ ပါတီကိုပဲ ဖျက်ရတော့မလား အဲဒီလို အခြေအနေ ဖြစ်နေပြီ၊ တကယ့် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဗျာ” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
Subscribe to:
Posts (Atom)