ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၁၆
ချုင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။
“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။
Wednesday, March 24, 2010
အင်အယ်လ်ဒီ ပါတီသဘောထား မတ်လ ၂၉ ရက်နေ့ ဆုံးဖြတ်မည်
2010-03-15 RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အလွန် အရေးကြီးတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဗဟို အလုပ်ကော်မတီဝင်တွေက မတ်လ ၁၅ ရက် ဒီကနေ့ အထူးစုံညီ စည်းဝေးပွဲတရပ် ကျင်းပပြီး အတည်ပြုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒီ အထူးအစည်းအဝေးကို ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ မကြာသေးမီက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအကြောင်း အကျယ်တဝင့် ဆွေးနွေးပြီးတော့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်
ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၁၅
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီး (CC) အဖွဲ့ဝင်များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည်ဟု NLD က ပြောသည်။
ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များက အပတ်စဉ် ပါတီအစည်းအဝေး တရပ်ကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ယနေ့ ကျင်းပကာ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း CEC အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

စစ်အာဏာရှင်လက်ခုပ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လွှတ်တော် (ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ)
မတ် ၁၅၊ ၂၀၁၀ မိုးမခ
မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီးနှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့တကွ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး
မတ် ၁၅၊ ၂၀၁၀ မိုးမခ
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စီအီးစီ အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေလုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို
2010-03-14 RFA
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Members of Parliament Union- MPU) က ဦးဆောင်ပြီး စစ်အစိုးရရဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်တဲ့ သုံးသပ်ဆွေးနွေးပွဲတရပ်ကို ဖဒိုမန်းရှာလာဖန်း ခမ်းမမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အားလုံးဟာ တရားမျှတမှု မရှိတဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်သွားမယ်လို့ MPU ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယနေ့ မန္တလေးတိုင်း အဖွဲ့ချုပ်ရုံးဖွင့်၊ မနက်ဖြန် ဥပဒေရှင်းပွဲ ပြုလုပ်မည်
ခင်နှင်းထက် ၁၁ မတ် ၂ဝ၁ဝ – DVB
ချိတ်ပိတ်ထားတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးကိုလည်း ဒီနေ့ မနက် ပိုင်းကပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက် ဖွင့်ပေးသွားတယ်လို့ လွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်က ပြောပါတယ်။
“ဒီနေ့မနက် ၁၁ နာရီပဲ ကျနော်တို့ မန္တလေးတိုင်းရုံးကို ခရိုင်ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က လာပြီး ဖွင့်ပေးတယ်။ ကျနော်တို့ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းတန် နဲ့ တွဲဘက်အတွင်းရေးမှူး ဖြစ်တဲ့ ဦးမောင်မောင်သန်း၊ ကျနော်၊ ဦးမျိုးနိုင်၊ ဦးတင် အောင်တို့က သော့ကို လက်ခံရယူပါတယ်၊ လောလောဆယ်တော့ တိုင်းရုံးဖွင့်ခွင့် ရတယ် ဆိုပေမယ့် ကျနော်တို့ တိုင်းရုံးရဲ့ အခြေအနေကတော့ တိုင်းရုံး ပိုင်ရှင်က တော့ ကျနော်တို့ကို ဆက်ငှားတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ လွန်ခဲ့တဲ့ လေးငါး ရှစ်လ လောက်ကထဲက တိုင်းရုံးကို ပြန်အပ်ပေးထားတာ ဖြစ်ပါတယ်။ ဝယ်မယ် ဆိုရင်တော့ ဝယ်မှ ဖွင့်ခွင့် ပေးတော့မယ်။ အဲတော့ ကျနော်တို့ တိုင်းရုံးနေရာ ရှာ ရမယ်၊ လောလောဆယ် ဖွင့်ပေးထားတဲ့အတွင်းထဲက ကျနော်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်း တွေကို ရွှေ့ဖို့ပြုဖို့ သန့်ရှင်းရေးတွေကို ဆောင်ရွက် နေပါတယ်။”

လူထုကို မကြောက်ကြရန်၊ ရဲတင်းကြရန် ဦးဝင်းတင် တိုက်တွန်း
အေးနိုင် ၁၂ မတ် ၂ဝ၁ဝ –DVB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးဝင်းတင်က စစ်အာဏာရှင်တွေဟာ လှည့်စားဖျားယောင်းပြီး ဖိနှိပ်ချုပ်ခြယ်မှု တွေကို တိုးမြ‡င့်လုပ်တော့မယ်လို့ လူထုကြီး တရပ်လုံးကို သတိပေးလိုက်ပြီး ဒီအ ကျပ်အတည်းက လွတ်မြောက်အောင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ တုံ့ ပြန်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ဒီတိုက်တွန်းချက်တွေကို သူ့ရဲ့ နှစ် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ် ထုတ် ပြန်တဲ့ သဝဏ်လွှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီသဝဏ်လွှာထဲမှာ ဒီနေ့ ကာလဟာ ဒီမိုကရေစီအင်အားစုတွေ အတွက် အကျပ်တည်းဆုံး ကာလကို ဆိုက် ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ကိုင်စွဲ တိုက်ခိုက်ရ မယ့် လက်နက်တွေကတော့
၁။ မကြောက်တရားလက်နက်၊
၂။ သွေးစည်းညီညွတ်ရေးလက်နက်နဲ့ ၃။ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်းချမှတ်၊ ရှေးရှု ရင်ဆိုင်ချီ တက်ရေး လက်နက်တွေပဲ ဖြစ်တယ်လို့ ဦးဝင်းတင်က သူ့သဝဏ်လွှာမှာ ရေးသား ထားပါတယ်။ ဒီလက်နက်သုံးမျိုးအကြောင်းနဲ့ ပတ်သက်လို့ ဦးဝင်းတင်က အခုလို ရှင်းပြ ပါတယ်။
အဖွဲ့ချုပ်ရုံးများတွင် ပါတီလုပ်ငန်းများ ဆက်လုပ်ရန် ဒေါ်အောင်းဆန်းစုကြည် မှာကြား
ခင်နှငိးထက် ၁၂ မတ် ၂ဝ၁ဝ – DVB
အဖွဲ့ချုပ်ဝင်တွေအနေနဲ့ အဖွဲ့ချုပ်ရုံးတွေပြန်ဖွင့်ပြီး ပါတီလုပ်ငန်း တွေ ဆက်လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ပြန်ကြား ရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကြာသပတေးနေ့က အမှုကိစ္စတိုင်ပင် ဆွေးနွေးဖို့ သွားတွေ့စဉ် မှာကြား လိုက်တာ ဖြစ်ပြီး လောလောဆယ် လုပ်ဆောင်ရမယ့် အဓိကအချက် ၂ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အကြံပြု မှာကြားလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြော ပြပါတယ်။

NLD အကျပ်ရိုက်နေ
Friday, 12 March 2010 17:24 ဘကောင်း ဧရာဝတီ
စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆန့်ကျင် တော်လှန်နေ သော်လည်း အောင်မြင်မှု မရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည် မည်လော သို့မဟုတ် ပါတီ အဖျက်သိမ်း ခံမည်လော ဆိုသည်ကို လာမည့် မေလ ၇ ရက်နေ့ မတိုင်မီ ဆုံးဖြတ်ချက် ချရတော့မည် ဖြစ်သည်။
“ကျနော်တို့တော့ ခေါင်းဆောင်တွေကို ပါတီက ထုတ်ပစ်ရမလား၊ ပါတီကိုပဲ ဖျက်ရတော့မလား အဲဒီလို အခြေအနေ ဖြစ်နေပြီ၊ တကယ့် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဗျာ” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
အမွန်းကျပ်ဆုံး အချိန် (ဦးဝင်တင်နှင့် အင်တာဗျူး)
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၁၂
နယူးဒေလီ ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ်ထောင်သွင်းအကျဉ်းချခံခဲ့ရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များဘက်က သဘောထားတင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များဘက်ကပင် အသိအမှတ်ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီဖြစ်သည်။
သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင်ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင်လာနေချိန် ဖြစ်သည်။
သတင်းထောက်များ မေးသမျှ မငြီးမငြူဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချီ
ရဲရင့်/ ၁၂ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ယနေ့ကျရောက်သည့် အသက် (၈၀) နှစ် ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ဆရာကြီးထောင်မှလွတ်ပြီး ပထမဆုံး ရေးသားထုတ်ဝေသော ဆောင်းပါးများကို စုစည်းထားသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘီဗွီ) က ယနေ့ စတင်ထုတ်ဝေဖြန့်ချိလိုက်သည်။
၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နအဖ၏ မတရားဖမ်းဆီး ထောင်ချခံရသည့်ကာလအတွင်း ထောင်တွင်းအတွေ့အကြုံများကို စုစည်းရေးသားထားသည့် စာအုပ်ဖြစ်ပြီး စာရေးသူ၏ အမှာစာ ပါရှိသည်။
ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး
စိုးမိုး/ ၁၂ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်တို့က ယနေ့ ကျရောက်သည့် ၎င်းတို့မွေးနေ့တွင် လူထုသို့ အသီးသီး အမှာစကားပါးလိုက်သည်။
ယနေ့ကျရောက်သည့် ဦးတင်ဦး၏ (၈၃) နှစ်မြောက် မွေးနေ့နှင့် ဦးဝင်းတင်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် အန်အယ်လ်ဒီရုံးချုပ်၌ လူငယ်များစုပေါင်းပြီး ဂါရ၀ပြုကန်တော့ပွဲတရပ် ပြုလုပ်ခဲ့ကြပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ဦးဝင်းတင် မွေးနေ့အထိမ်းအမှတ်အဖြစ် စာအုပ်ထုတ်ဝေခဲ့သည်။
ဦးတင်ဦးက မွေးနေ့ပွဲတွင် လူငယ်များကို နိုင်ငံအရေး၊ လူမှုရေးများတွင် ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ လုပ်ကိုင်ကြရန် ဆုံးမစကားပြောကြားခဲ့ကြောင်း သိရသည်။

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀
စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲအကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံအဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ဥပဒေအကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ်မေးမြန်းထားသည်။

ဥပဒေ အတားအဆီးတွေ ရှိပေမဲ့ NLD ဆက်လက်ရှင်သန်
11 March 2010 voa
မြန်မာစစ်အစိုးရက လောလောဆယ် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အခက်အခဲ ဖြစ်စေတာမျိုးတွေ ရှိပေမဲ့ ပါတီအနေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်စရာ နည်းလမ်းတွေ တွေ့လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးပါတီ ဖွဲ့စည်းရာမှာ ထောင်ဒဏ် ကျခံနေရသူတွေကို ပါတီဝင်အဖြစ် မစည်းရုံးရဆိုတဲ့ အချက်မှာ ဒေါ်အောင်ဆန်းစုကြည် အကျုံးဝင်တယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်၊ ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ပါတယ်။
ပထမဦးဆုံး ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ရွေးကောက်ပွဲ ၀င်နိုင်မယ့် အခွင့်အလမ်းတွေ တွေ့လာနိုင်တယ်ဆိုတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

ပိတ်ဆို့နေဆဲ NLD တံခါးများ
Thursday, 11 March 2010 19:19 ကိုထွေး ဧရာဝတီ
“ရုံးခန်းဖွင့်ခွင့်ရပေမယ့် ဖီလင်အောက်တယ်၊ ခေါင်းဆောင်မပါတော့ ခံစားချက်မရှိဘူးပေါ့ဗျာ”လို့ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ ဦးအေးကြူက ရုံးခန်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရတာနဲ့ ပတ်သက်ပြီးတော့ ပြောပါ တယ်။
“အလှူတခုမှာ မင်းအဖေနဲ့အမေ မလာရဘူး မင်းတို့တော့ လာခဲ့ဆိုတော့ ကျနော်တို့ စိတ်ထဲမှာ ဘယ်လိုဖြစ်မလဲ”လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
လပွတ္တာမြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ တရားသူကြီးများ၊ ဥပဒေအကြံပေးများ၊ မြို့မိမြို့ဖများက NLD ရုံးခန်းပြန်လည်ဖွင့်လှစ်ဖို့ ခေါ်ထားတဲ့အတွက် NLD မြို့နယ် စည်းရုံးရေး အဖွဲ့များနှင့်အတူ ဒီနေ့မနက်ပိုင်းမှာ သွားရောက်ခဲ့တယ် လို့ ဆိုပါတယ်။
အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ
NEJ/ ၁၁ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
မြန်မာနိုင်ငံတ၀န်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးခွဲများကို ယမန်နေ့ မတ် (၁၀) ရက်နေ့မှစတင်၍ စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
“ကျနော်ဆီကို ရောက်နေတဲ့သတင်းအရတော့ မြစ်ကြီးနား၊ မိုးညှင်း၊ အင်းတော်၊ ရှမ်းမြောက်ပိုင်း (၁၁) မြို့နယ်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး၊ ပဲခူး၊ ပြည်၊ ပေါင်းတည်၊ နောက် တနင်္သာရီက ကော့သောင်း၊ မွန်ပြည်နယ် မော်လမြိုင် အဲဒါတွေတော့ ပြန်ဖွင့်နေပြီ သတင်းရနေပါတယ်။ ကျန်တဲ့ အန်အယ်လ်ဒီ ရုံးတွေလည်း ဆက်ဖွင့်နေတယ်လို့ ကြားပါတယ်” ဟု ၎င်းက ပြောသည်။

နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခွင့်ရရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ယခုလက်ရှိပေါ်ပေါက်နေသည့် ရွေးကောက်ပွဲကိစ္စနှင့် ရွေးကောက်ပွဲဥပဒေကိစ္စတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက်အပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါတော်တော်မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူတိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” ဟု ပြောသည်။
မှတ်ပုံတင် ဥပဒေက ဒေါ်စုနှင့် CC ၁၁ ဦးကို ပါတီမှ ခွဲထုတ်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပူပူနွေးနွေး ဗဟိုဦးစည်းအဖွဲ့ CC အဖွဲ့ဝင် ၁၁ ဦးသည် စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ထုတ်ပယ်ပြီးသား ဖြစ်သွားသည်။
ယခုလ ၃ ရက်နေ့က အတိုက်အခံပါတီကြီး၏ ဗဟိုဦးစီးအဖွဲ့ကို အဖွဲ့ဝင် ဦးရေ ၁၀၀၊ အရန် ၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ရာ ထောင်ကျနေသော လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် ၁၁ ဦးကိုပါ ထဲ့သွင်းထားသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေက ထောင်ကျနေသူများကို ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ကန့်သတ်ထားသဖြင့် ကော်မရှင်အသစ်တွင် နိုင်ငံရေးပါတီအဖြစ် ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားရမည့် ပါတီအတွက် အခက်အခဲ ဖြစ်နေတော့သည်။

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား
NEJ/ ၁၀ မတ် ၂ဝ၁ဝ ခေတ်ပြိုင်
အဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။
“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။
ပါတီမှတ်ပုံတင် ဥပဒေ NLD အကျပ်အတည်းဖြစ်
Wednesday, 10 March 2010 19:04 ခိုင်သွယ် ဧရာဝတီ
စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီရေး ဆောင်ရွက်နေသူ အားလုံးကို အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ် ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက NLD တင် မကပါဘူး၊ ဒီမိုကရေစီ အရေး ဆောင်ရွက်မယ့် ပါတီ ပုဂ္ဂိုလ် အားလုံးကို အကျပ် အတည်း ဖြစ်စေပါတယ်၊ တမင် ရည်ရွယ်ပြီး ထုတ်ထား တာလို့လည်း ယူဆပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည်။
ယခု ထုတ်ပြန်သော ဥပဒေအရ NLD အနေဖြင့် ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ် ရမည်ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာ စာတမ်း ကိုလည်း ဖျက်သိမ်းရမည် ကဲ့သို့သော အကျပ် အတည်းဖြင့် ရင်ဆိုင်နေရ သည်ဟုလည်း ၎င်းက ပြောဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင်
09 March 2010 VOA
မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတခါ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လက်ရှိ စစ်အစိုးရအတွင်း ပါဝင်နေတဲ့ တာဝန်ရှိသူတွေလည်း ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူကွဲပြားတာတွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တဦးက သုံးသပ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာ့အရေး စိုးရိမ်မှု ဘန်ကီမွန်း စာရေးပေးပို့
09 March 2010 VOA
မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့၊ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က စာရေးသား ပေးပို့ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရသရွေ့တော့ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်နေမှာပဲလို့ သူက အလေးပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
စစ်အစိုးရအနေနဲ့ မနေ့ ညနေပိုင်းကပဲ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းလိုက်ပြီလို့ ဆိုပေမဲ့ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတမှု ရှိပ့ါမလား၊ ရွေးကောက်ပွဲဟာ တကယ်တမ်း လက်ခံနိုင်ချေ ရှိရဲ့လား ဆိုတာကတော့ ပြည်တွင်းရော ပြည်ပမှာပါ သံသယတွေ ရှိနေတုန်းပဲလို့ ဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီ အတိုက်အခံ လှုပ်ရှားသူတွေကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံတာကြောင့် မူလ အခြေခံဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေကို ပြင်ဆင်ရမယ်လို့ တောင်းဆိုနေကြပါတယ်။

စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်
08 March 2010 VOA
မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ၇ ရပ်ထဲက တခုဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကြေညာတော့မှာ ဖြစ်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီနေ့ညနေ ၄ နာရီက အခုလို ကြေညာသွားပါတယ်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်း၊

Saturday, March 6, 2010
နိုင်ငံရေး အကျဉ်းသားများကို ဗဟိုဦးစီးအဖွဲ့တွင် NLDထည့်သွင်း
ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၂ မိနစ်၊ ချင်းမိုင်(မဇ္ဈိမ)
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်)
ပါတီလုပ်ငန်းစဉ်များ ပိုမိုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ခန့်အပ်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ ထဲတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်ရှိ ထောင်ကျနေသူများပါဝင်သည်။
အတိုက်အခံပါတီ၏ ရန်ကုန်ရှိ ဌာနချုပ်မှ ယမန်နေ့၌ ထုတ်ပြန်သော ရွေးချယ်ခံရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ နှင့် အရံ ၈ ဦးကို မကြာမီ ဗဟိုဌာနချုပ်သို့ ခေါ်ယူစည်းဝေးပြီး လယ်သမား၊ အလုပ်သမား၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍအလိုက် တာဝန်များ ပေးအပ်မည်ဖြစ်သည်။
ဗဟိုဦးစီးအဖွဲ့ဝင်များထဲတွင် လက်ရှိ ထောင်ကျနေသည့် အန်အယ်ဒီ အမတ်များအပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သည်။ မန္တလေးတိုင်း မှ ၂ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ စစ်ကိုင်းတိုင်းမှ ၃ ဦး အသီးသီး ဖြစ်ကြပြီး အင်းစိန်ထောင်၊ ပူတာအို၊ ကသာ၊ သရက်၊ တောင်ကြီးနှင့် မန္တလေးထောင်များတွင် ထောင်ကျခံနေကြရသည်။
“လူ့အခွင့်အရေးကိစ္စမျိုးတွေ လုပ်တဲ့အဖွဲ့တွေရှိမယ်။ အိုင်အယ်အိုတွေနဲ့ တွဲပြီးတော့ လယ်သမားကိစ္စ ရှိမယ်။ နိုင်ငံတကာ စီးပွားရေးရာ ကော်မတီတွေ ရှိမယ်။ အဲဒီလိုလုပ်ငန်းတွေကို CC တွေက ဆောင်ရွက်သွားကြရမှာဘဲ” ဟု ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဥပဒေထောက်ကူ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး ပြန်လည်တာဝန်ယူ
(မဇ္ဈိမသတင်းကို ကူးယူဖေါ်ပြပါသည်)
ဆလိုင်းဟံသာစန်း | သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယမန်နေ့မှ စတင်၍ ပြန်လည် ထမ်းဆောင်ပြီ ဖြစ်သည်။
“ကျနော်က အကျယ်ချုပ်ကျနေပေမယ့် မီဒီယာတွေ ကျေးဇူးကြောင့် ပါတီဝင်တွေကို အာဏာပိုင်တွေက တရားစွဲ၊ ပြစ်ဒဏ်ချနေတာ တချို့တွေမှာ ဥပဒေနဲ့အညီ မဟုတ်တာတွေ ကြားနေရတယ်။ အခု ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ယူရပြီ ဆိုတော့ အဲလိုအခြေအနေတွေ နည်းပါး သွားအောင် ကြိုးစား ဆောင်ရွက် သွားမှာပါ” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
ဆလိုင်းဟံသာစန်း | သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
“ကျနော်က အကျယ်ချုပ်ကျနေပေမယ့် မီဒီယာတွေ ကျေးဇူးကြောင့် ပါတီဝင်တွေကို အာဏာပိုင်တွေက တရားစွဲ၊ ပြစ်ဒဏ်ချနေတာ တချို့တွေမှာ ဥပဒေနဲ့အညီ မဟုတ်တာတွေ ကြားနေရတယ်။ အခု ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြန်လည် တာဝန်ယူရပြီ ဆိုတော့ အဲလိုအခြေအနေတွေ နည်းပါး သွားအောင် ကြိုးစား ဆောင်ရွက် သွားမှာပါ” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
Tuesday, March 2, 2010
NLD CEC အဖွဲ့ဝင်သစ် (၉) ဦး၏ ကိုယ်ရေး အထုပ္ပတ္တိ အကျဉ်း
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်)
NLD CEC အဖွဲ့ဝင်သစ် (၉) ဦး၏ ကိုယ်ရေး အထုပ္ပတ္တိ အကျဉ်း
(၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် တိုးချဲ့တာဝန်ပေးခဲ့သည်။)
ဦးဝင်းမြင့်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁)
ဦးသိန်းညွန့် (မောင်သိန်းညွန့်- ကော့ကရိတ်)
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၁)၊
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်၊

ဒေါက်တာဝင်းနိုင်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
ဦးအုန်းကြိုင် (ခ) အောင်ဝင့်
မန္တလေးအရှေ့တောင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)
မန္တလေးအရှေ့တောင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)
ဒေါက်တာမေဝင်းမြင့်
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂)
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂)
ဒေါက်တာသန်းငြိမ်း
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)
ဦးဥာဏ်ဝင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
ဦးဟံသာမြင့်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)
Saturday, February 27, 2010
ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်)
NEJ / ၁၄ ဖေဖော်ဝါရီ၂၀၁၀
ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည်ပြောကြားချက်များကို တင်ပြထားပါသည်။
ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေးအခြေအနေကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာပေါ့ဗျာ။ အဲဒါရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာရတာပေါ့ဗျာ။
နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ဘာတို့ ရှိနေတဲ့အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ်နားထောင်နေပြီးတော့ ပြည်ပနိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကိုလည်း သူကောင်းကောင်းသဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ
(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Wednesday, 24 February 2010 15:59 ဧရာဝတီ
မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။
၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။
ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။
Wednesday, 24 February 2010 15:59 ဧရာဝတီ
မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။
၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။
ဦးတင်ဦး (ဓာတ်ပုံ - အေပီ)
မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်
(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Friday, 26 February 2010 12:04 ကိုထွေး
ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။ အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကို ရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့
(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Friday, 26 February 2010 18:30 ကိုထွေး
ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။ ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။ “ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

NLD ဗဟို ဦးစီးအဖွဲ့ဝင် အပြီးသတ်ရွေးချယ်
(ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်)
Thursday, 25 February 2010 18:17 ကိုထွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ နှင့် အရန် အဖွဲ့ဝင် ၈ ဦးကို ယနေ့ ရွေးချယ် လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်၍ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ရွေးချယ်လာသော လူစာရင်းများကို CEC အဖွဲ့သို့ တင်ပြ သော်လည်း ယနေ့မှသာ အပြီးသတ် ရွေးချယ်နိုင်ခဲ့ ကြောင်း NLD ဗဟိုကော်မတီ အဖွဲ့ဝင်(CEC) ဒေါက်တာ ၀င်းနိုင်က ပြောသည်။
“နာမည် တွေကတော့ တရားဝင် မထုတ်ပြန် သေးဘူး၊ မကြာခင် ထုတ်ပြန် မှာပါ၊ ပြည်နယ်နဲ့ တိုင်းက တင်ပြတာကို အခြေခံပြီး ရွေးတာပါ၊ တချို့တင်ပြ ထားတဲ့ အထဲက CEC က ပယ်သင့်တဲ့ လူတွေကို ပယ်တယ်” ဟု ဒေါက်တာ ၀င်းနိုင်က ဆိုသည်။

Friday, February 19, 2010
ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ
Monday, 15 February 2010 19:54 ဧရာဝတီ
စနေနေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးသည် မူလလုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် အဖွဲ့ချုပ်ရုံးသို့ ယနေ့ ရောက်ရှိလာသည်။

နံနက် ၁၁ နာရီတွင် ဗဟန်း မြို့နယ်ရှိ NLD ရုံးသို့ ရောက်လာသော ဦးတင်ဦးကို အဖွဲ့ဝင် ၁၀၀ ကျော်က “ဘဘ ဦးတင်ဦး ကျန်းမာပါစေ” ဟု ကြွေးကြော်ကာ ပန်းကုံးစွပ်ပြီး ကြိုဆိုကြသည်။
ဦးတင်ဦး ရုံးတက်မည် ဆိုသော သတင်း ရသဖြင့် NLD ရုံးသို့ သံတမန်များ၊ သတင်းထောက်များ ရောက်လာ သည်ကို တွေ့ရသည်။ ကျန်းမာရေး ချွတ်ယွင်းနေသော ဦးလွန်းတင်လည်း ရောက်ရှိလာသည်။
ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက် လာသော ဦးတင်ဦးကို လွန်ခဲ့သည့် ၇ နှစ်ခန့်က ကဲ့သို့ပင် အားမာန် အပြည့်ဖြင့် NLD ရုံးတွင် ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။
“ရှေ့ကို အောင်မြင်အောင် ဆောင်ရွက်ပါမယ့်၊ ဒီမိုကရေစီ အင်အားစုများကလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

NLD ရုံးသို့ ယနေ့ ရောက်လာသော ဦးတင်ဦး (ဓာတ်ပုံ - AP)

အန်အယ်ဒီဗဟိုဦးစီး လျာထားချက် တင်သွင်းမှု ပြီးဆုံး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ လက်ခံနေရာ ယနေ့ အပြီးသတ်ခဲ့ပြီး ဖြစ်သည်။
ပြည်နယ်/တိုင်း အသီးသီးမှ စုစုပေါင်း လျာထားစာရင်းမှာ ၈၁ ဦးဖြစ်ပြီး စာရင်းများကို သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဥက္ကဌများနှင့် အတွင်းရေးမှူးများက တပါတည်း ယူဆောင်လာကာ ပေးအပ်၍ အပြန်အလှန် ဆွေးနွေးကြသည်။
“ကျနော်တို့ကတော့ မေးပါတယ်။ ရွေးချယ်တဲ့ပုံစံက ဘယ်လိုလဲ။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ညီညွတ်ရဲ့လား ချထားတဲ့မူ ၅ ချက်နဲ့ ကိုက်ညီလား မကိုက်ညီလားပေါ့” ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ က မဇ္ဈိမကို ပြောသည်။

ဒေါ်စုလွတ်ရေးကိစ္စ အန်အယ်ဒီက ကုလသံကို တင်ပြ
ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကုလသံတမန် မစ္စတာ ကွင်တားနားကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် CEC က ယနေ့ ပြောဆိုလိုက်သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အန်အယ်ဒီ CEC အဖွဲ့ဝင် ၅ ဦးက ကုလသံတမန်ကို ရန်ကုန် မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် တနာရီကြာ တွေ့ဆုံခွင့် ရရှိခဲ့စဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
''ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးကို ကျနော်တို့ ပြောတယ်၊ တောင်းဆိုပါတယ်။ လွတ်ရေးအတွက် တောင်းဆိုသွားဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာအတွက် တိုက်တွန်းပါတယ်ဆိုတဲ့အခါ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောပါတယ်'' ဟု ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ကွင်တားနားနှင့် NLD ဆွေးနွေးမည်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သည့်အဖွဲ့တို့ ယနေ့ညနေတွင် တွေ့ဆုံမည်။ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေမှတဆင့် အကြောင်းကြားလာသော တွေ့ဆုံခွင့်အရ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ ပါဝင်ဆွေးနွေးမှာ ဖြစ်သည်။ မစ္စတာကွင်တားနားက အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ကုလသံတမန်သည် ယနေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်ရောက်မည်ဖြစ်ပြီး အင်းစိန်ထောင်သို့ သွားမည့် အစီအစဉ်လည်း ရှိနေသည်။ အင်းစိန်ထောင် အတွင်းအပြင် လုံခြုံရေးများ ချထားပြီး ထောင်တွင်းသို့ စုစုပေါင်း အင်အား ၃ဝ ကျော်ရှိ လုံထိန်းကား ၂ စီး ယနေ့မနက်က ဝင်သွားသည်ကို တွေ့လိုက်ရကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။
Subscribe to:
Posts (Atom)